ရိုဟင်ဂျာမွတ်စလင်တွေအပေါ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ စုံစမ်းစစ်ဆေးမှုကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ငြင်းဆိုလိုက်ကြောင်း သိရပါတယ်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ အမျိုးသမီးရှေ့နေတစ်ဦး ဖြစ်တဲ့ Fatou Bensoudaက ၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးပြုလုပ်ချိန် အဓမ္မပြုကျင့်ခံရခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ ရိုဟင်ဂျာ…
Posts tagged as “မြန်မာအစိုးရ”
မြန်မာနိုင်ငံရဲ့ ပြည်နယ်ဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က နေရာတစ်ချို့မှာ မြန်မာအစိုးရက မိုဘိုင်းဖုန်း အင်တာနက်သုံးခွင့်ကို ဖြတ်တောက်လိုက်တာဟာ မြန်မာစစ်တပ်က ပြင်းထန်တဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်နိုင်တာကြောင့် ဒေသတွင်း သတင်းတွေကို အမှောင်ချလိုက်တာ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောကြားလိုက်ပါတယ်။ မြန်မာအစိုးရက…
မြန်မာအစိုးရက ရိုဟင်ဂျာဒုက္ခသည်အရေးကို အချိန်ဆွဲဖန်တီးနေပြီး အခြေအနေမှန်ကို ဖုံးကွယ်နေတဲ့ နေပြည်တော် အခန်းကဏ္ဍနဲ့ ရိုဟင်ဂျာအရေးကိစ္စကို ဘေးချိတ်ဖို့ကြိုးပမ်းနေတဲ့ မြန်မာရဲ့ ၀ါဒဖြန့်မှုတွေကို ဆန့်ကျင်သွားဖို့ အရေးပါတဲ့အချက်အလက်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြင်ဆင်နေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူလ်မိုမန်က ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ရှုပ်ထွေးမှုမရှိအောင် စာရွက်စာတမ်းတွေ ပြင်ဆင်သွားဖို့ သူ့ရဲ့ဝန်ကြီးဌာနကို…
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်နေရာ ချထားရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Shahriar Alam က ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ကို တင်ပြခဲ့ကြောင်း the daily star သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။…
မြန်မာ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်တို့က မွတ်စလင်လူဦးရေ တိုးပွားလာမှုအကြောင်းတွေကို ရှားပါးတဲ့ ဥရောပခရီးစဉ်အတွင်း ဆွေးနွေးခဲ့ကြောင်း The guardianသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုမှ သတင်းထောက်တွေကို ထောင်ချမှုအထိ ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့တာကြောင့် ပြီးခဲ့တဲ့လတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သတင်းတွေ အနောက်နိုင်ငံတွေမှာ လှုပ်ခတ်စေခဲ့ပါတယ်။…
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရမ်မသွာန်(ဥပုသ်လ)တစ်လတာ ယာယီဝတ်ပြုခွင့်ပေးထားတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ဘာသာရေးဝတ်ပြုဆောင် ၃ လုံးကို အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက ကန့်ကွက်ခဲ့တာကြောင့် ဝတ်ပြုခွင့် ပိတ်ပင်ခဲ့ကြောင်း သိရှိရပါတယ်။ အစ္စလာမ်ဘာသာဝင်ဦးရေ သောင်းကျော်ရှိတဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ အစ္စလာမ် ဘာသာဝင်များအတွက် နေ့စဉ်ဝတ်ပြုရန် ဗလီဝတ်ကျောင်းတော် တည်ဆောက်ခွင့်မရသည့်အတွက် ဥပုသ်လတွင် ယာယီဝတ်ပြုခွင့်နေရာများကို ကာလသတ်မှတ်ချက်ဖြင့်…
ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာပိုင် ဆိုင်ခန်းတွေကို ၂၀၁၉ခုနှစ် မေလ ၉ရက်နေ့မှာ အစွန်းရောက်ရခိုင်အုပ်စုက မီးရှို့ဖျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ကြာသပတေးနေ့ မနက်၂နာရီအချိန်ခန့်မှာ ကွန်တိုင်ကျေးရွာအုပ်စုမှာရှိတဲ့ ရိုဟင်ဂျာဆိုင်များတည်ရှိရာ ဈေးတစ်ခုလုံးကို မီးလောင်ပျက်စီးစေလိုတာကြောင့် ဈေးရဲ့နှစ်ဘက်စလုံးက ပိတ်ဆို့ပြီး မီးရှို့ပြာချခဲ့တာပဲ ဖြစ်ပါတယ်။ မီးရှို့ဖျက်စီးမှုတွေ မပြုလုပ်ခင်မှာ…
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ အသက် (၈၀) အရွယ်ခန့်ရောက်ရှိနေပြီဖြစ်တဲ့ ဆေးလိပ်ဖွာရင်း တေးသီချင်းတွေကို သီဆိုနေသူတစ်ဦးဖြစ်တဲ့ ရိုဟင်ဂျာအဖိုးအို ဦးဂူတာမျှာက သူ့မျက်လုံးတွေကို မှိတ်ပြီး ဆေးလိပ်တစ်လိပ်ကို ထပ်မံမီးညှိလိုက်ပြီး ရိုဟင်ဂျာ ကျေးလက်ရိုးရာ တေးသီချင်းတစ်ပုဒ်ရဲ့ စာသားတွေကို စတင်ညည်းတွားလိုက်ပါတယ်။ အသက်အရွယ် အိုမင်းပြီဖြစ်တဲ့ အဖိုးအိုက ကျွန်တော့်ရဲ့ လည်ချောင်းက သိပ်အဆင်မပြေ ဖြစ်နေတာကြောင့်…
ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ စိုင်းတင်ချောင်းတွင် သစ်နှင့်ဝါးလုပ်ငန်း လုပ်ကိုင်နေကြသော ရိုဟင်ဂျာမွတ်စလင်များကို သစ်တောဦးစီးနှင့် အပေါင်းပါ ရခိုင်အစွန်းရောက် တစ်ဦးက မတရားစွပ်စွဲ ငွေညှစ်မှုတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့ထားပါတယ်။ စိုင်းတင်ချောင်းတွင် သစ်နှင့်ဝါးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်တဲ့ မောင်ထွန်းသိန်းနှင့် သစ်တောဦးစီး ဦးသန်းရွှေတို့ ပူးပေါင်းကာ ၂၀၁၉ခုနှစ် ဧပြီလ…
ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စံဂိုးထောင် ကျေးရွာအုပ်စု ဆင်သေပြင်ကျေးရွာတွင် နေထိုင်ကြသော ရိုဟင်ဂျာမွတ်စလင်များ သောက်သုံးရေ ရှားပါးမှုပြသနာများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့ထားပါတယ်။ ဆင်သေပြင်ကျေးရွာတွင် နေထိုင်သူ လူဦးရေ စုစုပေါင်း (၂၀၀၀)ခန့်ရှိပြီး အိမ်ခြေ (၂၅၀)ခန့် ရှိပါတယ်။ ထိုကျေးရွာတွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင်များမှာ ဆင်းရဲနွမ်းပါးသူများ…