ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၂နှစ်အောက်ကလေးငယ်များကို ထောက်ပံ့ကြေးထုတ်ပေးရာတွင် အသုံးစရိတ်ဖြတ်တောက်ခြင်း၊စာရင်းတွင်နာမည်မရှိဟု လိမ်လည် ပြောဆိုခြင်းနဲ့ နာမည်မတူဟုငြင်းဆိုကာ ထောက်ပံ့ကြေးများ ခေါင်းပုံဖြတ်ယူနေကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ၂၃ရက်နေ့က ဘူးသီးတောင်တောင်ပိုင်း သိမ်တောင်ပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ထောက်ပံ့ကြေးထုတ်ပေးရာမှာ တစ်ဦးလျှင်…