Press "Enter" to skip to content

Posts tagged as “အပြစ်မဲ့ဒေသခံရိုဟင်ဂျာ”

မင်းပြားတွင် နေထိုင်သော တိုင်းရင်းသားရိုဟင်ဂျာသုံးဦး မိုင်းထိသေဆုံး၊ တစ်ဦး ထိခိုက်ဒဏ်ရာရ။

၂၀၂၀ခုနစ် မတ်လ(၁၀)ရက်နေ့ ညနေ၃:၀၀နာရီခန့်တွင်၊ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ၊ဒေးဖာရာကျေးရွာမှ တိုင်းရင်းသားရိုဟင်ဂျာ၃ဦးဟာ မြေမြှုပ်မိုင်းများကို နင်းမိပေါက်ကွဲကာ သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာအပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူများမှာ မူဟာမဒ်ကာစင်-၂၄နှစ်(ဘ-နူရ်ဟက်)၊မူဟာမက်ရဖစ်က်-၁၄နှစ်(အဘ-အက်ဘရ်အလီ)နဲ့ ဒူလိုင်ယား-၁၂နှစ်(အဘ-နူရ်ဟာဆန်)တို့ ဖြစ်ကြပြီး အခြားအသက်၅၀ကျော်အရွယ်ရှိ ကဘန်အလီ(အဘ-ဆူရ်တနိ)လို့ခေါ်တဲ့  တိုင်းရင်းသားရိုဟင်ဂျာတစ်ဦးကတော့ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တပ်မတော်နဲ့…

ဘူးသီးတောင်စစ်ပွဲတွင်ပစ်ခတ်မှုကြောင့်ကလေးငယ်တစ်ဦးသေဆုံးပြီး၊နှစ်ဦးဒဏ်ရာရ

၂၀၂၀ခုနစ်ဖေဖော်ဝါရီလ၁၂ရက်နေ့ညနေ၃နာရီခန့်တွင်ရခိုင်ပြည်နယ်ဘူးသီးတောင်သရက်ပြင်မြို့ ရေချမ်းပြင်ရွာသစ်တွင်ရခိုင်သူပုန်များနဲ့တပ်မတော်လို့ခေါ်တဲ့အစိုးရထောက်ပံ့ပေးထားသောဗမာစစ်တပ်တို့ကြားတိုက်ခိုက်မှုများကြောင့်ကလေးငယ်အပါအဝင်တိုင်းရင်းသားရိုဟင်ဂျာ၃ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ကျေးရွာမှမျက်မြင်သက်သေတစ်ဦးရဲ့ပြောပြချက်အရသိရပါတယ်။ အသတ်ခံရသူများမှာဖာတမာ(၄၇နှစ်)၊ရှဟစ်ဒ်အာလမ်(၁၇နှစ်)နှင့်အစမားဂျီဂါ(၁နှစ်)တို့ဖြစ်ကြပြီးဒဏ်ရာရသူများမှာစလမားခါတွန်(၂၂နှစ်)နှင့်အဘူဆိုဖီယန်းတို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မနက်၎နာရီခန့်တွင်ကျောက်တော်မြို့နယ်၊တောင်ဘွဲ့ကျေးရွာမှာလဲအမြောက်ကျည်များကြောင့်၁၅နှစ်အရွယ်ကောင်လေးတစ်ယောက်သေဆုံးပြီးဆယ်ကျော်သက်အရွယ်လူငယ်နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ဧရာဝတီသတင်းဌာနကထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူများမှာဘူးသီးတောင်နဲ့စစ်တွေအထွေထွေကုဆေးရုံများသို့တက်ရောက်ကုသနေကြရတယ်လို့လဲသိရပါတယ်။ မကြာသေးမီကဘူးသီးတောင်နှင့်ရသေ့တောင်တွင်ကျေးရွာပေါင်း၁၀ခုရှိဗုဒ္ဓဘာသာနှင့်မွတ်စလင်မ်များဟာကိုလိုနီစစ်တပ်နဲ့လွတ်လပ်မှုအပြည့်အဝရထားသောတိုက်ခိုက်ရေးသမားများကြားဖြစ်လျက်ရှိသောကြောက်စရာကောင်းတဲ့တိုက်ပွဲများကြောင့်ထိခိုက်နစ်နာမှုများကိုတူညီစွာခံစားနေကြရပေမဲ့ဒေသခံတိုင်းရင်းသားရိုဟင်ဂျာမွတ်စ်လင်များမှာတော့အစိုးရဖက်မှသော်လည်းကောင်း၊အရပ်ဘက်လူ့အဖွဲ့စည်းများဖက်မှသော်လည်းကောင်းမည်သည့်အထောက်ပံ့အကာကွယ်များမရရှိပဲလုံးဝအကူညီမဲ့လျက်ရှိနေတယ်လို့သတင်းရရှိပါတယ်။

မောင်တောမြို့နယ်တွင် အပြစ်မဲ့ဒေသခံရိုဟင်ဂျာတစ်ဦးအား ဗမာစစ်တပ်မှပစ်သတ်

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်း၊ ကျွန်းပေါက်ဖြူစုကျေးရွာတွင် ရိုဟင်ဂျာလူငယ်တစ်ဦးအား ဗမာစစ်တပ်ကပစ်သတ်ခဲ့ကြောင်းသိရပါတယ်။ ၂၀၁၉ခုနစ်၊ ဒီဇင်ဘာလ ၂၁ ညနေပိုင်းအချိန် ရွာအနီးတွင် သေနတ်ပစ်သံများအဆက်မပြတ်အကြိမ်များစွာကြားရပြီးနောက် စစ်အရာရှိများကရွာသားများအား သချိုင်းအဟောင်းတွင်လဲကျသေဆုံးနေသော ဒေသခံရိုဟင်ဂျာရွာသားတစ်ဦးရဲ့အလောင်းအား လာယူရန်အကြောင်းကြားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။ ထို့နောက် ဒေသခံရွာသားများက ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များနဲ့အတူ သင်္ချိုင်းဟောင်းအနားကရိုဟင်ဂျာအလောင်းအား သွားရောက်သယ်ယူရာတွင် ၄င်းရိုဟင်ဂျာရွာသားအလောင်းရဲ့ခန္ဓာနဲ့ ဦးခေါင်းပေါ်တွင် ကျည်ဆံဖောက်ဒဏ်ရာများ တွေ့ရှိခဲ့ကြပါတယ်။ သေဆုံးသွားသောရိုဟင်ဂျာအလောင်းအား…

Mission News Theme by Compete Themes.