Press "Enter" to skip to content

Posts tagged as “အုပ်ချုပ်ရေးမှူး”

မောင်တောမြို့ပြည်သူများ အုပ်ချုပ်ရေးမှူးရဲ့ခေါင်းပုံဖြတ်မှုခံနေရ

နိုဝင်ဘာလ(၅)ရက်၊ နံနက်၁၀နာရီအချိန်တွင် ရခိုင်ပြည်နယ် မောင်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး အောင်ရဲက ရပ်ကွက်နဲ့ကျေးရွာအုပ်စု(၉၀)စု၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု(၁၃၈၆၀)စုအတွက် တစ်အိမ်ထောင်စုလျှင် စားသုံးဆီ(၂လီတာ) နှုန်းဖြင့် နိုင်ငံတော်မှထောက်ပံ့ခြင်းကို အခမ်းအနားဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး ဦးဘကျော်ကစားသုံးဆီနှစ်လီတာကို ငွေကျပ်နှစ်ရာစီ ကောက်ခံလျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။ ဒါ့အပြင် (၂)ရပ်ကွက်…

ရခိုင်ပြည်နယ် ဘူးသီးတောင်ဂူတာပြင်ကျေးရွာတွင် စားနပ်ရိက္ခာခေါင်းပုံဖြတ်မှုများ ဖြစ်ပွားလျက်ရှိ

ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က ရခိုင်ပြည်နယ် ဘူးသီးတောင်တောင်ပိုင်းရှိ ဂူတာပြင်ကျေးရွာနေ ရွာသူရွာသားများအား နှစ်လတစ်ကြိမ် စားနပ်ရိက္ခာများ ထောက်ပံ့လျက်ရှိရာ အဆိုပါစားနပ်ရိက္ခာများကို ထိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သာပြူနဲ့ ရပ်မိရပ်ဖများဖြစ်ကြတဲ့ ဂူတာပြင်ရွာနေ ဆရာ-ရှော်ဖီအူလ္လာဟ်(၅၀နှစ်)၊ ဥက္ကဌဟောင်း မာမတ်အာယူဖ်(၅၁နှစ်)၊ သရက်တောင်(ဇူးမ်ခါဖာရာ)ရွာနေ နူရ်ကော်ဘိရ်(ခေါ်) ဒေါလ္လာ(၄၈နှစ်)၊ ရှားဘူရီးယား(၂၅နှစ်)တို့ထံအပ်နှံကာ ၎င်းတို့ထံမှတဆင့် ရွာသားများအား အိမ်ထောင်စုအလိုက် ခွဲဝေပေးလျက်ရှိတယ်လို့…

ကင်းတောင်ရွာမှ ဆင်းရဲသားရိုဟင်ဂျာများအား အုပ်ချုပ်ရေးမှူးက မတရားဖမ်းဆီးငွေညှစ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်တောင်ပိုင်း ကင်းတောင်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးက ဒေသခံတိုင်းရင်းသားရိုဟင်ဂျာ ၁၄ ဦးထံမှ ငွေကျပ် ၃၅၀၀၀၀ ညှစ်ယူခဲ့ကြောင်း ဒေခံတစ်ဦးက RVsion သို့သတင်းပေးပို့ခဲ့ပါတယ်။ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာအုပ်စုမှအုပ်ချုပ်ရေးမှူး လုံချေဆိုသူဟာ ဒေသခံရိုဟင်ဂျာများကို စိုင်းဒင်ချောင်းသို့ ထင်း၊ဝါး ခုတ်ရန် ရွာထွက်ခွင့် လတ်မှတ်ထုတ်ပေးခြင်းမရှိတဲ့အပြင် တိုင်းရင်းသားရိုဟင်ဂျာတွေ ထင်း၊ ဝါးမရှိမဖြစ်လိုအပ်လာလို့…

မောင်တောမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက လူမျိုးရေးမုန်းတီးမှုတွေ ဆောင်ရွက်နေ

မောင်တောမြို့။ ။ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်တွင် အသစ်ပြောင်းရွှေ့ တာဝန်ကျသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေထွန်းက အောက်တိုဘာလ (၁၇)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်  လဝက်ပုံမှန် အစည်းအဝေး ကျင်းပခဲ့ချိန်တွင်း လူမျိုးရေးမုန်းတီးမှုကို ပေါ်လွင်စေသည့် စကားများကို ပြောဆိုခဲ့ကြောင်း မျိုးသူရက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ အစည်းဝေးအတွင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေထွန်းက “မင်းတို့ကို…

ဘူးသီးတောင်မြို့နယ် သိမ်တောင်ပြင်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက ထောက်ပံ့ငွေများကို ခေါင်းပုံဖြတ်ယူ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီး​တောင်​မြို့နယ်​တွင်​ ကျေးရွာအုပ်​ချုပ်​​ရေးမှူးများက ကိုယ်​ဝန်​​ဆောင်​အမျိုးသမီးများနှင့်​ ၂နှစ်​​အောက်​က​လေးငယ်များကို ​ထောက်​ပံ့​ကြေးထုတ်​​ပေးရာတွင်​ အသုံးစရိတ်​ဖြတ်​​တောက်​ခြင်း၊စာရင်းတွင်​နာမည်​မရှိဟု​ လိမ်လည် ပြောဆိုခြင်းနဲ့ နာမည်​မတူဟုငြင်းဆိုကာ ထောက်ပံ့ကြေးများ ခေါင်းပုံဖြတ်ယူနေကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ၂၃ရက်နေ့က ဘူးသီး​တောင်​​တောင်​ပိုင်း သိမ်​​တောင်​ပြင်​​ကျေးရွာအုပ်​စု​ အုပ်​ချုပ်​​ရေးမှူး​ ဦးကျော်​​ဆွေဝင်းက ​ထောက်​ပံ့ကြေးထုတ်​​ပေးရာမှာ​ တစ်ဦးလျှင်…

ရွက်ညိုတောင်မှ ရိုဟင်ဂျာပိုင် နေအိမ်နှစ်လုံးကို အာဏာပိုင်များနှင့် အုပ်ချုပ်ရေးမှူးများက ဖြိုဖျက်ရောင်းချ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ရွက်ညိုတောင်ကျေးရွာအုပ်စုတွင် ကျန်ရှိနေခဲ့သော ရိုဟင်ဂျာ မွတ်စလင်များ ပိုင်ဆိုင်သည့် နေအိမ်များထဲမှ တစ်ချို့သော နေအိမ်အလွတ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်များက ပူးပေါင်းကာ ဖြိုဖျက် ရောင်းချမှုတွေ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။ ၂၀၁၇ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုများ ပြုလုပ်ချိန်တွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံခဲ့ကြရတဲ့…

Mission News Theme by Compete Themes.