ရခိုင်ပြည်နယ် ပုဏ္ဏားကွန်း၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်ဒေသအချို့တွင် အင်တာနက်ပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့ ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးက တောင်းဆိုလိုက်တယ်လို့သိရပါတယ်။ အင်တာနက်ဝန်ဆောင်မှုကို ပိတ်ပင်တာဟာ ကုလသမဂ္ဂရဲ့လုပ်ငန်းတွေကို အဟန့်အတားဖြစ်စေကြောင်း၊ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်က ပဋ္ဋိပက္ခတွေကြောင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာမှာ အခက်အခဲဖြစ်စေကြောင်း ရန်ကုန်ရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတာ တွေ့ရပါတယ်။ အင်တာနက်ဆက်သွယ်မှုပိတ်ထားတဲ့အတွက် စားနပ်ရိက္ခာ၊ ပညာသင်ကြားရေး၊ ကျန်းမာရေး ၀န်ဆောင်မှုများနဲ့…