ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ဘင်္ဂလားဒေ့ရှ်အစိုးရအား ကမ်းတင်လျက်ရှိတဲ့ ဒုက္ခသည်ရိုဟင်ဂျာများအား ခွင့်ပြုပေးရန်နဲ့ ၎င်းတို့ရဲ့လူကုန်ကူးသူတွေကို အရေးယူရန် တိုက်တွန်းခဲ့ပါတယ်။မကြာသေးမီက ပင်လယ်ထဲမျောနေတဲ့သင်္ဘောတစ်စီးပေါ်မှ ကယ်တင်ခံခဲ့ရသော အသက်ရှင်ကျန်ရစ်သူအချို့ကို သင်္ဘောသားများက သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်းနဲ့ အစာရေဆာငတ်မွတ်အောင်ထားရှိခြင်းများဟာ သေဆုံးမှုနှုန်းကို မြင့်တက်လာစေတယ်လို့ သိရပါတယ်။ “ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းဖြန့်ကျက် လုပ်ဆောင်သင့်ပါတယ်။ ဒီသင်္ဘောများရဲ့ လူသတ်သမားများဟာ…