Press "Enter" to skip to content

Posts tagged as “ရိုဟင္ဂ်ာ”

မောင်တော၊ လေးမိုင်ရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်တွေကို ဖောင်ထွင်းဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းတွေကို ယူဆောင်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်၊ စျေးထဲရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာကာ ပြည်သူပိုင်နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်၊ စျေးထဲရွာကို မေလ ၂၈ ရက် ဒီကနေ့ နေ့လယ် ၃ နာရီ ၃၀ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်…

ဘင်္ဂလားဒေ့ရှ် ဆိုင်ကလုန်းမုန်တိုင်း ရိုဟင်ဂျာတွေစိုးရိမ်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ဖို့ ရှိနေတာကြောင့် လူရှစ်သိန်းကျော် ဘေးလွတ်ရာပြောင်းရွှေ့နေရတယ်လို့ AP သတင်းက ဖော်ပြပါတယ်။ မေလ ၂၆ ရက် ဒီနေ့ တနင်္ဂနွေနေ့ညသန်းခေါင်ပိုင်းမှာ မုန်တိုင်းဝင်ရောက်နိုင်ပြီး၊ တစ်နာရီ ၈၅ မိုင်လေတိုက်နှုန်းလောက်အထိ ရိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနက ပြောထားပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနေတဲ့ ကော့ဆက်ဘဇားခရိုင်ကိုလည်း…

မြန်မာ့အရေး သြစတြေးလျနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး

ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်မယ့် ရေရှည် အဖြေတခု လိုအပ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆက်လက် အာရုံစိုက်သွားမယ့်အကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က မနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံ Dhaka မြို့ကို သွားရောက်တဲ့ ခရီးစဉ်မှာ ပြောဆိုပါတယ်။…

မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာမှာ ရိုဟင်ဂျာတွေ ပိတ်မိနေပြီး စားဝတ်နေရေး ခက်ခဲနေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ အလယ်သံကျော်ကျေးရွာမှာ ရိုဟင်ဂျာတွေ ပိတ်မိနေပြီး စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။ အဆိုပါမောင်တောတောင်ပိုင်းရှိ အလယ်သံကျော်မှာနေထိုင်တဲ့ ရိုဟင်ဂျာ စုစုပေါင်း ၁၂၀ ဦးခန့်ရှိတယ်လို့ သိရပြီး လမ်းပန်းဆက်သွယ်ရေးပိတ်ပင်ခံထားရတာကြောင့် စားဝတ်နေထိုင်ရေးအပြင် အခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ “သူတို့မှာ လမ်းပန်းဆက်သွယ်ရေးပိတ်ခံရတာက ၆လကျော်ရှိပြီ၊ တစ်ခါတစ်လေ စက်လှေနဲ့…

ဘူးသီးတောင်မြို့မှာ နှစ်ဖက်တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာသုံးဆယ်ခန့် သေဆုံး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ မေလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ခိုက်မှုတွေအတွင်း ရိုဟင်ဂျာ သုံးဆယ်ခန့် သေဆုံးပြီး လူနှစ်ရာခန့် ထိခိုက်ဒဏ်ရာရာခဲ့တယ်လို့ ဘူးသီးတောင်ဒေသခံ ရိုဟင်ဂျာအချို့က မနက်က ပြောပါတယ်။ မေလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က…

ဘူးသီးတောင်အကျဥ်းတောင်မှ အကျဥ်းသားအားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် တည်ရှိတဲ့ ဘူးသီးတောင်အကျဥ်းတောင်မှ အကျဥ်းသားအားလုံးကို မနေ့က မေလ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီက ချမ်းသာခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တွေကြား တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေ၍ အကျဥ်းတောင်အသီးသီးမှ အကျဥ်းသားများအား လုံခြံတဲ့နေရာသို့ ပြောင်းရွှ့လိုက်တယ်။ ပြီးခဲ့တဲ့…

ရိုဟင်ဂျာအကူအညီရံပုံငွေ သိသိသာသာလျော့ကျဟု ငါးနိုင်ငံပူးတွဲ ထုတ်ပြန်သတိပေး

ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာအကျပ်အတည်း ၇ နှစ်ရောက်လာတဲ့အခြေအနေမှာပဲ ဒုက္ခသည်တွေအတွက် လိုအပ်ချက်ရံပုံငွေဟာ သိသိသာသာ ကျဆင်းလာတယ်လို့ အမေရိကန်ပြည်ထောင်စုအပါအဝင် ငါးနိုင်ငံ ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။ ဂျပန်၊ နော်ဝေး၊ ဆွီဒင်၊ ဆွစ်ဇာလန်နဲ့ အမေရိကန်ပြည်ထောင်စု ငါးနိုင်ငံကိုယ်စားလှယ်အဖွဲ့တဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုပြီးတဲ့နောက် အခု ပူးတွဲ ထုတ်ပြန်ချက်ထွက်လာတာပါ။ ရိုဟင်ဂျာလူသားချင်းစာနာမှုဆိုင်ရာ ၂၀၁၄…

မောင်တောတွင် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှု၊ လေယာဥ်နှင့်ဗုံးကျဲမှုများ ဆက်တိုက်လုပ်ဆောင်နေ

ရက္ခိုင်ပြည်နယ်၊ မောင်တောမြို့ နယ် နှင့် ဘူးသီးတောင်မြို့ပေါ်တွင် စစ်ကောင်စီမှ လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း၊လေကြောင်းမှ တိုက်ခိုက်ခြင်းများဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်၊၊ မောင်တောြမို့နယ် ရှိ သာယာကုန်းကျေးရွာနှင့် ငွေတောင်ကျေးရွာများသို့ မေလ ၁၂ရက်၊ ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ် မြို့သူကြီးအခြေစိုက် တပ်မ၊ နခခ ၅ မှ…

မောင်တောမြို့နယ်၊ ညောင်ချောင်းနဲ့ ရွှေရင်အေးကျေးရွာတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ညောင်ချောင်းနဲ့ ရွှေရင်အေးကျေးရွာတွေကို ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါမောင်တောမြို့အနီးမှာရှိတဲ့ ညောင်ချောင်းကျေးရွာနဲ့ ရွှေရင်အေးကျေးရွာတွေကို မေလ ၉ ရက်နေ့ မနက် ၅ နာရီခန့်ကစတင်ပြီး မြို့သူကြီးအခြေစိုက် စစ်ကောင်စီရဲ့ နခခ (၅) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ…

ဘူးသီးတောင် စကခ(၁၅) ကျပြီးနောက် မောင်တောတွင် စစ်ကောင်စီ အင်အားဖြည့်တင်း

ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ် မောင်တောမြို့ကို သိမ်းပိုက်ရရှိရေးအတွက် အာရက္ခတပ်တော်က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း ယခုရက်ပိုင်းအတွင်း စစ်အင်အားအလုံးအရင်း ဖြည့်တင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ ၇ ရက်က မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းကို စစ်ကောင်စီတပ်သား ရာနှင့်ချီပါသည့် စစ်ရေယာဉ်(၃)စီး ဆိုက်ရောက်လာကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။ “အဝေးကကြည့်တာဆိုတော့ အင်အားဘယ်လောက်ပါလဲ…

Mission News Theme by Compete Themes.