ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင် အများစုဟာ H1N1 ရာသီတုပ်ကွေးရောဂါကို ကူးစက်ခံစားနေကြရပြီး ထိုရောဂါဖြစ်ပွားနေသူ ရိုဟင်ဂျာ အမျိုးသမီးငယ်တစ်ဦး သေဆုံးကာ ကျန်ရှိနေသူတစ်ချို့လည်း ကျန်းမာရေး ကူညီစောင့်ရှောက်မှုမရရှိပဲ ဖြစ်နေကြောင်း ROHINGYA EYEက သတင်းပေးပို့ထားပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ ရာသီတုပ်ကွေးပိုး ကူးစက်ခံရသူတွေများပြားနေချိန်မှာ မောင်တောမြို့နယ် ရက်ကွက် (၅)မှာ…
Posts tagged as “ရိုဟင်ဂျာ”
ကျောက်တော်မြို့။ ။ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေသည့်ထဲမှ ကျောက်တော်မြို့နယ်က ကျေးရွာပေါင်း ၄၀မှာတော့ ပြီးခဲ့တဲ့ စနေနေ့ကတည်းက ရေကြီးမှုတွေကြောင့် ရိုဟင်ဂျာမွတ်စလင်တွေနဲ့တကွ တစ်ခြားသော ဒေသခံပြည်သူတွေလည်း ရေဘေးဒုက္ခတွေကို ရင်ဆိုင်နေရကြောင်း ကျေးရွာနေသူတစ်ဦးမှ ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ကျောက်တော်မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၄၀မှာတော့ ရေကြီးမှုတွေကြောင့်…
ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေးဖိနှိပ်မှုတွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တဲ့ ညီလာခံတစ်ခု ရှေ့သီတင်းပတ်အတွင်း ၀ါရှင်တန် ဒီစီမြို့မှာ ကျင်းပမှာဖြစ်ပြီး မကြာသေးခင်က San Diego မြို့က ဂျူးဘုရားမှာ ဖြစ်သွားခဲ့တဲ့ ပစ်ခတ်မှု၊ နယူးဇီလန်နိုင်ငံ ဗလီကျောင်း ပစ်ခတ်မှုနဲ့ သီရိလင်္ကာမှာ Easter Sundayနေ့ တိုက်ခိုက်ခံခဲ့ရမှုတွေအတွင်း သေဆုံးခဲ့သူတွေရဲ့…
မြန်မာနိုင်ငံကို သုံးရက်တာ ခရီးစဉ်အတွက်ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါဝင် ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း ပြည်တွင်း သတင်း အရင်းမြစ်တွေအရ သိရပါတယ်။ စစ်တွေမြို့နယ်မှာရှိတဲ့ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းမှာ သွားရောက်လေ့လာခဲ့တဲ့…
ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် အရေးကို မြန်ဆန်စွာ ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ ထိုမှသာလျင် ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မြန်ဆန်ဆန် နေရပ်ပြန်နိုင်မှာဖြစ်တယ်လို့ တရုတ်သမ္မတ Xi Jinpingက သဘောတူ ပြောဆိုခဲ့ကြောင်း The Daily Starသတင်းဌာနက ဖော်ပြထားပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေက ရိုဟင်ဂျာအရေးကိစ္စကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ သဘောတူခဲ့ပြီး…
၂၀၁၉ခုနှစ် ဇူလိုင်လ ၄ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ် မြန်မာကြားမှာရှိတဲ့ လူမဲ့ဇုန် နဲ့ တခြားသော နေရာက ဒုက္ခသည်စခန်းတွေမှာ မိုးပြင်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေဖြစ်ပွားခဲ့ပါတယ်။ ရေကြီးမှုတွေကြောင့် နှစ်နိုင်ငံကြား လူမဲ့ဇုန်မှာ ပိတ်မိနေကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ ခက်ခဲဒုက္ခတွေကို ရင်ဆိုင်နေကြရပါတယ်။…
ပေါက်တောမြို့။ ။၂၀၁၉ခုနှစ် ဇူလိုင်လ ၂ရက်နေ့ ရခိုင်ပြည်နယ် ပေါက်တောမြို့က ကျေးရွာတစ်ရွာမှာ နေထိုင်တဲ့ ရိုဟင်ဂျာမွတ်စလင်တစ်ဦးကို ရခိုင်အစွန်းရောက်တစ်ချို့က ရိုက်နှက် နှိပ်စက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ကျေးရွာနေမျက်မြင်သက်သေတစ်ချို့က သတင်းပေးပို့ထားပါတယ်။ ရိုဟင်ဂျာလူငယ်တစ်ဦးဖြစ်တဲ့ မိုဟမ္မဒ်အာလောမ်(ဘ) ဦးရှော်ဖီအာလောမ်ကို ရခိုင်အစွန်းရောက် အုပ်စုတစ်စုက ဆင်နှမော်နဲ့ Kinifarang ကျေးရွာနှစ်ခုကြားမှာရှိတဲ့ တောင်ကုန်းနှစ်ခုကြားမှာ တားဆီးခံခဲ့ရတာပဲ…
ရိုဟင်ဂျာမွတ်စလင်တွေအပေါ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ စုံစမ်းစစ်ဆေးမှုကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ငြင်းဆိုလိုက်ကြောင်း သိရပါတယ်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ အမျိုးသမီးရှေ့နေတစ်ဦး ဖြစ်တဲ့ Fatou Bensoudaက ၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးပြုလုပ်ချိန် အဓမ္မပြုကျင့်ခံရခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ ရိုဟင်ဂျာ…
ဇွန်လ ၂၁ရက်မှာကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာစစ်တပ်ရဲ့ နည်းစနစ်ကျကျ နှိမ်နင်းမှုကြောင့် နိုင်ငံမဲ့ဖြစ်သွားကြတဲ့ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်နေမှုတွေ ရပ်တန့်ဖို့ အရှေ့တောင်အာရှ ခေါင်းဆောင်တွေကို ထပ်လောင်းပြောကြားခဲ့ပြီး မလေးရှားနိုင်ငံမှာ ခိုလှုံခွင့် တောင်းခံတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို ကူညီသွားမယ်လို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာလည်း…
ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်းရှိ ရိုဟင်ဂျာမွတ်စလင်များ နေထိုင်ရာ ကျေးရွာတွေမှာ ရိုဟင်ဂျာကျောင်းသူ/သားတွေ ကျောင်းအပ်နှံ ပညာသင်ကြားခွင့် မရရှိတာကြောင့် အနာဂတ်ပျောက်ဆုံးမှာကို စိုးရိမ်ပူပင်နေရကြောင်း ဒေသခံတစ်ချို့က ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဘူးသီးတောင်မြို့နယ်တွင်းမှာရှိတဲ့ ကျေးလက်ဒေသမှာ အစိုးရအမှုထမ်းများဖြစ်ကြတဲ့ ဗုဒ္ဓဘာသာဝင် ဆရာ/မ တွေက ရိုဟင်ဂျာ ကလေးငယ်တွေကို သွားရောက် ပညာသင်ကြားပို့ချပေးဖို့…