Press "Enter" to skip to content

Posts tagged as “ရိုဟင္ဂ်ာ”

ဘူးသီးတောင်မြို့မှ ရိုဟင်ဂျာများကို နယ်ထိန်းရဲများက ခြိမ်းခြောက်ငွေညှစ်လျက်ရှိ

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ရိုဟင်ဂျာများအား ထိုရပ်ကွက်ရှိ နယ်ထိန်းရဲများက ခြိမ်းခြောက်ကာ ငွေညှစ်လျက်ရှိတယ်လို့ ရိုဟင်ဂျာတူဒေးမှ သိရှိရပါတယ်။ ဘူးသီးတောင်မြို့နယ် အမှတ်(၁)ရပ်ကွက်တွင် တာဝန်ထမ်းဆောင်နေတဲ့ မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်စံသန်းသိန်းဟာ ထိုရပ်ကွက်တွင် အာဏာအရှိဆုံးဖြစ်ပြီး ၎င်းကို ဘယ်သူကမှ ပြောဆိုခွင့်မရှိဟုသိရပါတယ်။ ၎င်းဟာ ထိုအာဏာကိုအသုံးချကာ ရပ်ကွက်တာဝန်ခံ ဦးမာမက်ရှော်ဘီနဲ့ ပူးပေါင်းကာ…

ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း လှဘော်ဇားရှိ ရွာငါးရွာတွင် ထောက်ပံ့ငွေများအား ခေါင်းပုံဖြတ်မှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း လှဘော်ဇား(ခေါ်)ဘောက်ခ်ရူးဖားရာရှိ ရွာ(၅)ရွာခနိ့တွင် အိမ်ထောင်စု၆၀၀စုရှိကြောင်း သိရပါတယ်။ ဇူလိုင်လ(၁၇)ရက်နေ့တွင် NRCနဲ့ MHD(NGO)အဖွဲ့များက ရွာသားများထံသို့ ကိုယ်တိုင်သွားရောက်၍ တစ်အိမ်ထောင်စုစီအား ၂၁၆၀၀၀ (နှစ်သိန်းတစ်သောင်းခြောက်ထောင်) ပေးအပ်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ သို့ပေမဲ့ အိမ်ထောင်စု၆၀၀စုရှိပေမဲ့ အိမ်ထောင်စု၃၀၀စုသာ ထောက်ပံ့ငွေရရှိခဲ့ပြီး ကျန်အိမ်ထောင်စုများရဲ့ငွေကိုတော့ ဦးကာဆိမ်းဆိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ၎င်းရဲ့ကိုယ်ကျိုးအတွက် သုံးစွဲလျက်ရှိနေတယ်လို့…

ရခိုင်ပြည်နယ် ဘူးသီးတောင်ဂူတာပြင်ကျေးရွာတွင် စားနပ်ရိက္ခာခေါင်းပုံဖြတ်မှုများ ဖြစ်ပွားလျက်ရှိ

ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က ရခိုင်ပြည်နယ် ဘူးသီးတောင်တောင်ပိုင်းရှိ ဂူတာပြင်ကျေးရွာနေ ရွာသူရွာသားများအား နှစ်လတစ်ကြိမ် စားနပ်ရိက္ခာများ ထောက်ပံ့လျက်ရှိရာ အဆိုပါစားနပ်ရိက္ခာများကို ထိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သာပြူနဲ့ ရပ်မိရပ်ဖများဖြစ်ကြတဲ့ ဂူတာပြင်ရွာနေ ဆရာ-ရှော်ဖီအူလ္လာဟ်(၅၀နှစ်)၊ ဥက္ကဌဟောင်း မာမတ်အာယူဖ်(၅၁နှစ်)၊ သရက်တောင်(ဇူးမ်ခါဖာရာ)ရွာနေ နူရ်ကော်ဘိရ်(ခေါ်) ဒေါလ္လာ(၄၈နှစ်)၊ ရှားဘူရီးယား(၂၅နှစ်)တို့ထံအပ်နှံကာ ၎င်းတို့ထံမှတဆင့် ရွာသားများအား အိမ်ထောင်စုအလိုက် ခွဲဝေပေးလျက်ရှိတယ်လို့…

ရခိုင်ပြည်နယ်မောင်တောမြို့တွင် UNHCRမှလှူဒါန်းပစ္စည်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ အတင်းအဓမ္မလုယူမှုဖြစ်ပွား

ဇွန်လ(၂)ရက်နေ့ နံနက်၉နာရီအချိန်တွင် (၃)မိုင်အခြေစိုက် UNHCRအဖွဲ့မှ ရခိုင်ပြည်နယ်မောင်တောမြို့မြောက်ပိုင်း ကျောက်လှေကားကျေးရွာသို့ သွားရောက်ကာ ရွာရှိ မိသားစုတစ်စုချင်းစီအလိုက် ဖျာ(၃)ချပ်၊အမိုးအကာ၂ခု၊ခြင်ထောင်(၃)လုံး ၊ရေးခရာ၂ခု၊ အထည်(၅)ထည်၊ ကြိုးတစ်ချပ်တို့ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ထိုသို့ပေးအပ်ရာတွင် ၎င်းကျေးရွာနေ ဦးတူဖိုင်လ်အာမက်(၇၈နှစ်)နဲ့ ၎င်းရဲ့သားအေနာယာသ်အူလ္လာ(၃၅နှစ်)တို့နှစ်ဦးဟာ ပစ္စည်းများကို သီးခြားစီပေးအပ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ထိုနေ့ညနေ၅ခွဲအချိန်မှာတော့ ၎င်းကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဆိုသူ တော်စ်မိန့်ဂျူဟာရ်မှ…

ဘူးသီးတောင်ရိုဟင်ဂျာအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာပါဝင်တဲ့ စစ်သားထွက်ပြေး

၂၀၂၀ခုနစ် မေလ၂၈ရက်နေ့တွင် ဗမာစစ်တပ်မှ ထွက်ပြေးလာတဲ့ စစ်သား၄ဦးကို တွေ့ဆုံမေးမြန်းခဲ့ရာ အဆိုပါစစ်သား၄ဦးအနက် တစ်ဦးမှာ၂၀၁၇ခုနစ်တွင် ဗမာစစ်တပ်မှ မွတ်စလင်မ်ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် လူမျိုးတုန်းသတ်ဖြတ်မှုမှာ ပါဝင်ခဲ့ကြောင်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ ၎င်းစစ်သားများမှာ ဘူးသီးတောင်မြို့နယ် ခြေမြန်တပ်ရင်းများတွင် တာဝန်ထမိးဆောင်ခဲ့တာဖြစ်ပြီး ဗမာစစ်တပ်မှ ခွဲခြားဆက်ဆံ နိုင်ထက်စီးနင်းလုပ်တာကိုမခံနိုင်လို့ ထွက်ပြေးလာခဲ့ကြတာပဲဖြစ်ပါတယ်။ တစ်ဦးချင်းရဲ့အတွေ့ကြုံများနဲ့ သဘောထားများကိုမေးမြန်းခဲ့ရာမှာတော့…

စစ်တပ်မှလက်နက်ကြီးများကြောင့် ဒဏ်ရာရရှိသောရိုဟင်ဂျာများသည် ကျောက်တော်ရှိ ကျန်းမာရေးစောင့်ရှောက်မှုကို မရရှိခဲ့ကြ

စစ်တပ်မှလက်နကိကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကော့ကရိတ်မြို့နယ် ပိုက်သည့်ကျေးရွာမှ အမျိုးသား(၃)ဦးနဲ့ အမျိုးသမီး(၂)ဦးအပါအဝင် ရိုဟင်ဂျာ(၅)ဦးတို့ဟာ ကျန်းမာရေးစောင့်ရှောက်မှုကို မရရှိခဲ့ဘူးလို့ RTမှ ပြောကြားခဲ့ပါတယ်။ ၂၀၂၀ခုနစ် မေလ(၁၁)ရက်နေ့ ညနေ၆နာရီခန့်တွင် ကစ္စပနဒီတံတားရှိ စစ်ဘက်မှ ပစ်ခတိလာတဲ့ လက်နက်ကြီးကြောင့် ဦးလှမောင်သ(၅၅နှစ်)၊ ဂျမာလ်အူဒင်(၃၅နှစ်)၊ မိုဟာမက်အရက်စ်(၁၇နှစ်)နဲ့ အမျိုးသမီး နှစ်ဦးတို့ ထိခိုက်ဒဏ်ရာ…

ရိုဟင်ဂျာဓာတ်ပုံပြိုင်ပွဲ Kutupalong တွင် ပြုလုပ်မယ်

ရိုဟင်ဂျာဒုက္ခသည်များအတွက် ဓာတ်ပုံပြိုင်ပွဲတစ်ခုကို ပြုလုပ်ပေးမှာဖြစ်ပြီး ပြိုင်ပွဲကို ၂၀၂၀ခုနစ် ဧပြီလ၂၃ရက်မှ ၂၀၂၀ခုနစ် သြဂုတ်လ၂၃ရက်အတွင်း ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုပြိုင်ပွဲတွင် “ရိုဟင်ဂျာဘဝ”နဲ့ “ကိုရိုနာဗိုင်းရပ်စ်တုန့်ပြန်မှု” ဆိုတဲ့ အမျိုးအစားနှစ်မျိုး ပါဝင်မှာဖြစ်ပြီး မည်သည့်နေရာတိုင်းမှာမဆို နေထိုင်တဲ့ရိုဟင်ဂျာများ ပါဝင်နိုင်ပါတယ်။ အနိုင်ရရှိသူကတော့ ငွေသားဆုကို ရရှိမှာ ဖြစ်ပါတယ်။ ဓာတ်ပုံရွေးချယ်ခြင်းကိုတော့…

ရခိုင်ပြည်နယ် မောင်တောတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့(BGP)မှ တိုင်းရင်းသားရိုဟင်ဂျာလူငယ်တစ်ဦးအား သေနတ်ဖြင့်ပစ်သတ်မှု ဖြစ်ပွား

၂၀၂၀ခုနစ် မတ်လ(၆)ရက်နေ့ ည၉:၃၀ခန့်တွင် ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း ငါးခူးရကျေးရွာအုပ်စု၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့(BGP)က တိုင်းရင်းသားရိုဟင်ဂျာ လူငယ်တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့တယ်လို့ ရိုဟင်ဂျာတူဒေးမှ သတင်းထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ တိုင်းရင်းသားရိုဟင်ဂျာတစ်ဦးဖြစ်သူ စယက်ဒ်အာလမ်(၂၄)နှစ်သည် သူ၏ငါးမွေးကန်ကို စောင့်ကြည့်နေစဉ် ကင်းလှည့်နေသော BGPအဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အဆိုပါလူငယ်သည် နေရာတွင် ပွဲချင်းပြီး…

စခန်းများရှိ Rohingya Madrasah ဘုတ်အဖဲ့ကွ ကျောင်းသား ၂၅၀ကို ပထမအကြိမ်ဘဲ့မျွား ပေးအပ်ခဲ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းများရှိ မဒရ်ဆာပညာရေးဘုတ်အဖဲ့တွငွ် ပညာရေးဌာနမှ ကျောင်းသား ၉၂ဦးအပါအဝင် ကုရ်အာန်ကျမ်းတော်မြတ်ကို အလတ်ွကျက်မှတ်အောင်မြင်ခဲ့တဲ့ ဟာဖိဇ်ကျောင်းသားအယောက်၁၆၀အားဘဲ့မျွား ပေးအပ်ခြင်းအခမ်းအနားကို ပထမဦးဆုံးအကြိမ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ၎င်းအခမ်းအနားကို၂၀၂၀ခုနစ်၊ဖေဖေါ်ဝါရီလ၇ရက်၊ ဘလူခါလီ(၁)၊ ဒုက္ခသည်စခန်းအမှတ်(၉)၊ဘလော့ခ်ဂျီ(၁၈)ရှိ ဘုတ်အဖွဲ့ရဲ့ဌာနချုပ်တင်ွပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အသစ်တည်ထောင်လိုက်တဲ့ “ဝီဖာခ်အာလ်မာဒါရိစ်အာလ်အာရဗီအာလ်ရိုဟင်ဂျာ”လို့လူသိများသောပညာရေး ဘုတ်အဖွဲ့ဟာ မဒရ်ဆာ၉၂ ကျောင်းကိုဦးဆောင်ဖငွ့်လှစ်လိုက်တယ်လို့ သိရပါတယ်။ဘုတ်အဖဲ့ဒွါရိုက်တာအနီစူလ်မတ်ွစ်တဖာရဲ့ ပြောကြားချက်အရ ၄င်းကျောင်းများဟာ ဒုက္ခသည်စခန်းများရဲ့…

ဘူးသီးတောင်မြို့နယ်ရှိ ၀ါးလုပ်ငန်းရှင်ရိုဟင်ဂျာများထံမှ အာဏာပိုင်များက ၀ါး ၃၅၀၀ ထိမတရားကောက်နေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဖုံညိုလိပ်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးနဲ့တာဝန်ခံတို့ဟာ ရပ်ကွက် ၉ ရပ်ကွက်မှ ရာအိမ်မှုးတစ်ဦးစီထံ ၀ါး ၂၀၀ စီမတရားကောက်ခံနေရုံမက ၀ါးလုပ်ငန်းရှင်များထံမှလည်း ၀ါး ၁၅၀ စီထပ်မံကောက်ခံနေကြောင်းကို ဒေသခံတစ်ဦးက RVision သို့သတင်းပေးပို့ခဲ့ပါတယ်။ ထိုသို့ကောက်ခံခြင်းမှာ ၀ါး ၃၅၀၀ အထိကောက်ခံသွားမှာဖြစ်ကြောင်းသိရပါတယ်။အာဏာပိုင်များ ၀ါးမတရားကောက်ခံခြင်းခံခဲ့ရတဲ့လုပ်ငန်းရှင်တွေကတော့- ၁။မာမတ်ရှော်ဖီး (ဘ)…

Mission News Theme by Compete Themes.