နိုဝင်ဘာလ(၅)ရက်၊ နံနက်၁၀နာရီအချိန်တွင် ရခိုင်ပြည်နယ် မောင်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး အောင်ရဲက ရပ်ကွက်နဲ့ကျေးရွာအုပ်စု(၉၀)စု၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု(၁၃၈၆၀)စုအတွက် တစ်အိမ်ထောင်စုလျှင် စားသုံးဆီ(၂လီတာ) နှုန်းဖြင့် နိုင်ငံတော်မှထောက်ပံ့ခြင်းကို အခမ်းအနားဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး ဦးဘကျော်ကစားသုံးဆီနှစ်လီတာကို ငွေကျပ်နှစ်ရာစီ ကောက်ခံလျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။ ဒါ့အပြင် (၂)ရပ်ကွက်…
Posts tagged as “ရိုဟင္ဂ်ာ”
ရခိုင်ပြည်နယ် ၊ မောင်တောမြို့တွင် Covidရောဂါလူနာများ တွေ့ရှိလာရ၍ ဆေးဆိုင်၊ စားကုန်ဆိုင်၊ မုန့်ဆိုင်၊ ဆေးပေးခန်းနဲ့ သားငါးဆိုင်များကို ယခင်က(၁)နာရီထိဖွင့်ခွင့်ပေးခဲ့ရာမှ အောက်တိုဘာလ(၇)ရက်နေ့မှာ လုံးဝပိတ်ပင်စေခဲ့တဲ့အတွက် ထိုဆိုင်များကိုအမှီသဟဲပြု စားသောက်လုပ်ကိုင်သူများအားလုံး အလုပ်လက်မဲ့ဖြစ်သွားကြရပါတယ်။ ဒါ့အပြင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ပိတ်ပင်မှုဟာ သုံးလကျော်သွားတဲ့အတွက် ထိုစခန်းကို အမှီသဟဲပြုလျှက်ရှိတဲ့ စက်လှေပိုင်ရှင်များ၊ စက်လှေသမားများ၊ကုန်တင်ကုန်ချ အလုပ်သမားများမှာ…
ဒီမီုကရေစီနဲ့ လူ့အခွင့်ရေးပါတီမှ ရခိုင်ပြည်နယ်စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်လွှာတင်ထားတဲ့ ဦးဒူရာရှစ်ကို စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ နိုင်ငံသားမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချလိုက်တာပဲ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဦးဒူရာရှစ်ရဲ့မိဘများဟာ သူ့ကိုမမွေးခင်တည်းက နိုင်ငံသားခံယူခဲ့ကြတာဖြစ်ပြီး သူရဲ့ဖခင်ကတော့ အစိုးရရေယာဉ်ဦးစီးဌာနမှာ ရေယာဉ်အုပ်အနေနဲ့ ၃၈နှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီးမှ ပင်စင်ရထားသူဖြစ်တယ်လို့ သိရပါတယ်။…
၂၀၂၀ခုနစ် ဩဂုတ်လ(၂)ရက်နေ့ ညတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းဂံကျေးရွာတွင် ရဲတပ်ဖွဲ့ဝင်များရဲ့ အနီးကပ်ပစ်ခတ်မှုကြောင့် တိုင်းရင်းသားရိုဟင်ဂျာတစ်ဦး သေဆုံးကာ တစ်ဦးမှာဒဏ်ရာပြင်းထန်ကြောင်း ရိုဟင်ဂျာတူဒေးမှ သတင်းရရှိပါတယ်။ ဩဂုတ်လ(၂)ရက်နေ့ ည(၉)နာရီခန့်အချိန်တွင် စစ်တွေမြို့နယ် ရာဘာခြံIDPစခန်းနေ သံထော်လီကျေးရွာမှ အာဘူဆီဒီးခ်နဲ့အတူ သက္ကေပြင်ကျေးရွာမှ ဦးလူလူယာတို့(၃)ဦးဟာ မင်းဂံရခိုင်ရွာနဲ့ တစ်မိုင်ခန့်အကွာ ကွန်ကရစ်လမ်းသစ်ပေါ်ရှိ တံတားအနီးတွင်…
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ရိုဟင်ဂျာများအား ထိုရပ်ကွက်ရှိ နယ်ထိန်းရဲများက ခြိမ်းခြောက်ကာ ငွေညှစ်လျက်ရှိတယ်လို့ ရိုဟင်ဂျာတူဒေးမှ သိရှိရပါတယ်။ ဘူးသီးတောင်မြို့နယ် အမှတ်(၁)ရပ်ကွက်တွင် တာဝန်ထမ်းဆောင်နေတဲ့ မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်စံသန်းသိန်းဟာ ထိုရပ်ကွက်တွင် အာဏာအရှိဆုံးဖြစ်ပြီး ၎င်းကို ဘယ်သူကမှ ပြောဆိုခွင့်မရှိဟုသိရပါတယ်။ ၎င်းဟာ ထိုအာဏာကိုအသုံးချကာ ရပ်ကွက်တာဝန်ခံ ဦးမာမက်ရှော်ဘီနဲ့ ပူးပေါင်းကာ…
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း လှဘော်ဇား(ခေါ်)ဘောက်ခ်ရူးဖားရာရှိ ရွာ(၅)ရွာခနိ့တွင် အိမ်ထောင်စု၆၀၀စုရှိကြောင်း သိရပါတယ်။ ဇူလိုင်လ(၁၇)ရက်နေ့တွင် NRCနဲ့ MHD(NGO)အဖွဲ့များက ရွာသားများထံသို့ ကိုယ်တိုင်သွားရောက်၍ တစ်အိမ်ထောင်စုစီအား ၂၁၆၀၀၀ (နှစ်သိန်းတစ်သောင်းခြောက်ထောင်) ပေးအပ်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ သို့ပေမဲ့ အိမ်ထောင်စု၆၀၀စုရှိပေမဲ့ အိမ်ထောင်စု၃၀၀စုသာ ထောက်ပံ့ငွေရရှိခဲ့ပြီး ကျန်အိမ်ထောင်စုများရဲ့ငွေကိုတော့ ဦးကာဆိမ်းဆိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ၎င်းရဲ့ကိုယ်ကျိုးအတွက် သုံးစွဲလျက်ရှိနေတယ်လို့…
ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က ရခိုင်ပြည်နယ် ဘူးသီးတောင်တောင်ပိုင်းရှိ ဂူတာပြင်ကျေးရွာနေ ရွာသူရွာသားများအား နှစ်လတစ်ကြိမ် စားနပ်ရိက္ခာများ ထောက်ပံ့လျက်ရှိရာ အဆိုပါစားနပ်ရိက္ခာများကို ထိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သာပြူနဲ့ ရပ်မိရပ်ဖများဖြစ်ကြတဲ့ ဂူတာပြင်ရွာနေ ဆရာ-ရှော်ဖီအူလ္လာဟ်(၅၀နှစ်)၊ ဥက္ကဌဟောင်း မာမတ်အာယူဖ်(၅၁နှစ်)၊ သရက်တောင်(ဇူးမ်ခါဖာရာ)ရွာနေ နူရ်ကော်ဘိရ်(ခေါ်) ဒေါလ္လာ(၄၈နှစ်)၊ ရှားဘူရီးယား(၂၅နှစ်)တို့ထံအပ်နှံကာ ၎င်းတို့ထံမှတဆင့် ရွာသားများအား အိမ်ထောင်စုအလိုက် ခွဲဝေပေးလျက်ရှိတယ်လို့…
ဇွန်လ(၂)ရက်နေ့ နံနက်၉နာရီအချိန်တွင် (၃)မိုင်အခြေစိုက် UNHCRအဖွဲ့မှ ရခိုင်ပြည်နယ်မောင်တောမြို့မြောက်ပိုင်း ကျောက်လှေကားကျေးရွာသို့ သွားရောက်ကာ ရွာရှိ မိသားစုတစ်စုချင်းစီအလိုက် ဖျာ(၃)ချပ်၊အမိုးအကာ၂ခု၊ခြင်ထောင်(၃)လုံး ၊ရေးခရာ၂ခု၊ အထည်(၅)ထည်၊ ကြိုးတစ်ချပ်တို့ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ထိုသို့ပေးအပ်ရာတွင် ၎င်းကျေးရွာနေ ဦးတူဖိုင်လ်အာမက်(၇၈နှစ်)နဲ့ ၎င်းရဲ့သားအေနာယာသ်အူလ္လာ(၃၅နှစ်)တို့နှစ်ဦးဟာ ပစ္စည်းများကို သီးခြားစီပေးအပ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ထိုနေ့ညနေ၅ခွဲအချိန်မှာတော့ ၎င်းကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဆိုသူ တော်စ်မိန့်ဂျူဟာရ်မှ…
၂၀၂၀ခုနစ် မေလ၂၈ရက်နေ့တွင် ဗမာစစ်တပ်မှ ထွက်ပြေးလာတဲ့ စစ်သား၄ဦးကို တွေ့ဆုံမေးမြန်းခဲ့ရာ အဆိုပါစစ်သား၄ဦးအနက် တစ်ဦးမှာ၂၀၁၇ခုနစ်တွင် ဗမာစစ်တပ်မှ မွတ်စလင်မ်ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် လူမျိုးတုန်းသတ်ဖြတ်မှုမှာ ပါဝင်ခဲ့ကြောင်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ ၎င်းစစ်သားများမှာ ဘူးသီးတောင်မြို့နယ် ခြေမြန်တပ်ရင်းများတွင် တာဝန်ထမိးဆောင်ခဲ့တာဖြစ်ပြီး ဗမာစစ်တပ်မှ ခွဲခြားဆက်ဆံ နိုင်ထက်စီးနင်းလုပ်တာကိုမခံနိုင်လို့ ထွက်ပြေးလာခဲ့ကြတာပဲဖြစ်ပါတယ်။ တစ်ဦးချင်းရဲ့အတွေ့ကြုံများနဲ့ သဘောထားများကိုမေးမြန်းခဲ့ရာမှာတော့…
စစ်တပ်မှလက်နကိကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကော့ကရိတ်မြို့နယ် ပိုက်သည့်ကျေးရွာမှ အမျိုးသား(၃)ဦးနဲ့ အမျိုးသမီး(၂)ဦးအပါအဝင် ရိုဟင်ဂျာ(၅)ဦးတို့ဟာ ကျန်းမာရေးစောင့်ရှောက်မှုကို မရရှိခဲ့ဘူးလို့ RTမှ ပြောကြားခဲ့ပါတယ်။ ၂၀၂၀ခုနစ် မေလ(၁၁)ရက်နေ့ ညနေ၆နာရီခန့်တွင် ကစ္စပနဒီတံတားရှိ စစ်ဘက်မှ ပစ်ခတိလာတဲ့ လက်နက်ကြီးကြောင့် ဦးလှမောင်သ(၅၅နှစ်)၊ ဂျမာလ်အူဒင်(၃၅နှစ်)၊ မိုဟာမက်အရက်စ်(၁၇နှစ်)နဲ့ အမျိုးသမီး နှစ်ဦးတို့ ထိခိုက်ဒဏ်ရာ…