Press "Enter" to skip to content

Posts tagged as “ရိုဟင္ဂ်ာ”

ရိုဟင်ဂျာတွေကို ဓားပြဂိုဏ်းနဲ့ အာဏာပိုင်တွေ ့ပူးပေါင်းပြီး လုယက်သတ်ဖြတ်နေ

စက်တင်ဘာ ၀၄၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့တောင်ပိုင်းမှာ နာမည်ဆိုးဓါးပြဂိုဏ်း တစ်ဂိုဏ်းနဲ့ ဒေသအာဏာပိုင်တွေပူး ပေါင်းပြီး ရိုဟင်ဂျာတွေကို လွယ်လွယ်နဲ့ လုယက်သတ်ဖြတ်နေကြောင်း သတင်းရရှိပါတယ်၊၊ စက်တင်ဘာလ(၁)ရက်၊ နေ့လည် (၁)နာရီအချိန်လောက်မှာ နယ့်ခြားစောင့်ရဲ အရာရှိတစ်ဦးက မောင် တောမြို့ တောင်ပိုင်း ရိုဟင်ဂျာကျေးရွာတစ်ရွာကို သွားရောက်ပြီး ရွားသား များအားခေါ်ယူ…

မောင်တောတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးနဲ့ ရိုဟင်ဂျာ အချို့ စစ်ကောင်စီမှ ဖမ်းဆီးနှိပ်စက်လို့ တစ်ဦးသေ

 စက်တင်ဘာ ၀၁၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြောက်ပိုင်းမှ ရိုဟင်ဂျာ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးနဲ့ ရွာသား(၅) ဦးကို စစ်ကောင် စီမှ ဖမ်းဆီးနှိပ်စက်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးခဲ့ကြောင့် သိရပါတယ်၊၊  မောင်တောမြို့မြောင်ပိုင်း ဦးရှည့်ကျ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဂျီအာလောမ် (ဘ) ဦးကူလ္လာမီယာ အသက် (၃၁)…

ဒေါ်အောင်ဆန်းစုကြည်, တက်ကြွလှုပ်ရှားသူသည် နိုင်ငံရေးနှင့်စစ်ရေး လူမျိုးတုံးသတ်ဖြတ်မှုကို ဖုံးကွယ်ထားခဲ့ပေမဲ့ သူမကိုယ်တိုင်အရေးနိမ့်ခဲ့ရ

အောင်ဆန်းစုကြည်သည်သူမဟာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူမဟုတ်ဘဲနိုင်ငံရေးသမားတစ် ဦး ဖြစ်တယ်လို့ နိုင်ငံတကာဝေဖန်သူများအားငြင်းဆန်ခဲ့ပါတယ်။  ဒါပေမယ့်စိတ်မကောင်းစရာကတော့ သူမမှာလည်းအခြေနေသိပ်မကောင်းလှပါဘူး” ဟုလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှအာရှဒါရိုက်တာ Phil Robertson ကပြောကြားသည်။  “သူမဟာ Rohingya ဆန့်ကျင်စစ်တပ်ရဲ့ ရက်စက်ယုတ်မာဖုံးကွယ်ခြင်းဖြင့် ကြီးစွာသောကိုယ်ကျင့်တရားစမ်းသပ်မှုပျက်ကွက်ခဲ့ပါတယ်။ဒါပေမယ့်သူမရဲ့အပြတ်အသတ်အနိုင်ရတဲ့ ရွေးကောက်ပွဲက အခုတော့အာဏာသိမ်းမှုကဖျက်သိမ်းလိုက်ပြီ”

မောင်တောမြို့တွင် ဗြောက်အိုးများဖောက်တာ တမင်ဆူပူမှုများပြုလုပ်ပြီး ရခိုင်နဲ့ရိုဟင်ဂျာ သင့်မြတ်မှုအား နှောင့်ယှက်လျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊မြို့မတောင်ရပ်ကွက်၊ မြို့မရဲစခန်းရဲ့အရှေ့ဘက်၊ မင်းဘာကြီးလမ်းရဲ့ အနောက်ဘက်၊ ဒေါက်တာထွန်း‌ရဲ့မြောက်ဘက်တွင်တည်ရှိသော ကြားလမ်း၌ ဇန်နဝါရီလ-၂၀ရက်၊ ညတွင် ဆိုက်ကယ်တစ်စီးဖြင့် အမည်မသိ(ရခိုင်စကား‌ပြော) လူနှစ်ဦးရောက်ရှိလာပြီး ဗြောက်အိုးများကိုပစ်ချ၍ ထွက်ပြေးခဲ့ကြရာ၊ အဆိုပါဗြောက်အိုးများ ပေါက်၍အသံကျယ်ကျယ်လောင်လောင်မြည်ခဲ့တဲ့အတွက်ကြောင့် မြိုမရဲစခန်းမှခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး အောင်မြင့်ဌေး၊ မြို့နယ်မှူး-ရဲမှူးတင်ကိုကိုနှင့် စခန်းမှုး-ရဲနိုင်ထွန်းတို့ ရောက်ရှိလာကာ အနီးအနားရှိ ရိုဟင်ဂျာများအား ဘာလို့…

တိုင်းရင်းသားရိုဟင်ဂျာများအား မြန်မာစစ်တပ်မှ ဆွဲတင်စစ်များပြုလုပ်ကာ စားရိတ်ငွေများကောက်ခံလျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကျားခေါင်တောင်(ရာဘီးလ္လာဖာရာ)ကျေးရွာတွင ်အိမ်ထောင်စု-၂၄စုရှိပြီး၊ ရေတွင်းကျွန်ကျေးရွာ(ရားမ်ဗျုးဘီးလ်ဖာရာ)တွင်အိမ်ထောင်စု-၁၇စုရှိတယ်လို့ သိရှိရပြီး အဆိုပါရေတွင်းကျွန်း‌ကျေးရွာသားများဟာ နီးစပ်ရာကျေးရွာများတွင် နေထိုင်လျက်ရှိပါတယ်။ ၎င်းရွာရှိ အိမ်‌ခြေများကို၂၀၁၇-ခုနစ်၊ မြန်မာစစ်တပ်က မီးရှို့ခဲ့တာကြောင့် အခြားသောရွာများတွင်နေထိုင်လျက်ရှိ‌နေတာပဲ ဖြစ်တယ်လို့ သိရှိရပါတယ်။ ဇန်နဝါရီလ-၁၃ရက်၊နံနက်-၉နာရီမှ စတင်ကာ (ကိုဗစ်)စည်းကမ်းများ     ချိုးဖောက်ကာ ကျားခေါင်တောင်ကျေးရွာရှိ နေရာတစ်နေရာတွင ်စုဝေး၍ ဆွဲ၊တင်၊စစ်ကို ငါးခူရကျေးရွာအခြေစိုက်နယ်မြေ-၅မှ…

အထောက်ထားမဲ့ ဖမ်းဆီးခံခဲ့ရသော တိုင်းရင်းသားရိုဟင်ဂျာများ မောင်တောမြို့သို့ ပြန်လည်ရောက်ရှိ

ပဲခူးတိုင်းနှင့်အခြားမြို့များတွင် အထောက်အထားမဲ့အကြောင်းပြကာ ဖမ်းဆီးခဲ့သော တိုင်းရင်းသားရိုဟင်ဂျာများကို ၂၀၂၁ခုနစ် ၊ ဇန်နဝါရီလ-၁၂ရက်၊ နေ့လည်၂နာရီအချိန်တွင ်မောင်တောမြို့၊ မြို့မကညင်တန်ကျေးရွာသို့ ပြန်ရောက်ရှိခဲ့ကြောင်း သိရှိရပါတယ်။ စုစုပေါင်း၄၉ဦးဖြစ်ပြီး၊ ဘူးသီးတောင်မြို့က၁၇ဦးကိုတော့ ရပ်မိရပ်ဖဦးရော်ဖိခ်ထံအပ်နှံခဲ့ကြောင်း၊ ကျန်၃၂ဦးတွင် ကျား၈ဦး၊ မ၂၄ဦးဖြစ်ပြီး၊ ၎င်းတို့ကိုတော့ မြို့မကညင်တန်းရှိ ကြယ်လတည်ခိုးရိပ်သာနှင့် စိန်ကမ္ဘာတည်ခိုးရိပ်သာများတွင် ထားရှိပြီး၊ ၎င်းကျေးရွာအုပ်ချုပ်ရေးမှူး အဘ်ဒူရော်မန်ထံ…

တိုင်းရင်းသားရိုဟင်ဂျာများအား စစ်တပ်နဲ့နယ်ခြားစောင့်တပ်များက မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းများ ပြုလုပ်လျက်ရှိ

၂၀၂၁ခုနစ် ဇန်နဝါရီလ-၈ရက် နေလည့် ၂နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း သပြေတောကျေးရွာအုပ်စု၊ စိမ်းဒီပြင်ရွာတွင် စစ်တပ်နှင့်နယ့်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ရွာ၏ဈေးထဲရှိ ဆိုင်များကိုရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ထိုဈေးရှိ ဂဟေစော်ဆိုင်တစ်ဆိုင်မှာ ကျောက်စက်တစ်လုံးတွေ့ခဲ့ရာ၊ ၎င်းဆိုင်၌အဌားလုပ်ကိုင်သူ ဆင်းရဲသား မူဟာမတ်ရီယာဇူ(ဘ)နော်ဘီဟူးဆောင်(၂၀နှစ်)အား လက်ထိပ်ခတ်၍ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ဖန်(န်)ဒါအူလ္လာ၏ သမီးပျို(၁၆နှစ်)နှင့်(၁၈နှစ်)တို့နှစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး…

တိုင်းရင်းသားရိုဟင်ဂျာ(၉၉)တို့အား ရန်ကူန်တိုင်း ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးခဲ့

၂၀၂၁ခုနစ်၊ ဇန်နဝါရီလ (၆)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကနေလာတဲ့ တိုင်းရင်းသားရိုဟင်ဂျာ (၉၉)ဦးတို့ကို ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ထိုဖမ်းဆီးရမိခဲ့တဲ့သူများဟာ ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်မဲ့သူများလို့ သိရှိရပြီး ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက် ဘုရင့်နောင်လမ်းမှ မသင်္ကာစရာလူတစ်ဦးကို ရွှေပြည်သာမြို့နယ်စခန်းမှူးက ခေါ်ယူစစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဖမ်းခံရသူများတွင်…

တိုင်းရင်းသားရိုဟင်ဂျာများအား ဆွဲတင်စစ်များပြုလုပ်ကာ လူ့အခွင့်အရေးချိုးဖောက်လျှက်ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း ပေါင်းဇားကျေးရွာအုပ်စု၊ ဘော်လ္လာဖာရာတွင် ကျောက်လှေကားအခြေစိုက် နယ်မြေ(၆)မှနယ့်ခြားစောင့်ရဲများနှင့်မ.က.ဖ(လ.ဝ က)များ ပူပေါင်း၍ ဇန်နဝါရီလ-၆ရက်မှစတင်ကာ ၎င်းရွာနေဦးမူစ်တာခ်အာမတ်၏ခြံဝင်းအတွင်း`ဆွဲ၊တင်၊စစ်’ စစ်ဆေးလျက်ရှိနေပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်သုံးထောင်ကျပ်စီကောက်ခံလျက်ရှိနေတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ကလေးမွေးတိုးတစ်ခုလျင် ငွေကျပ်နှစ်သောင်းကျပ်စီ ကောက်ခံလျက်ရှိနေပါသည်။ နိုင်ငံတော် covidကာကွယ်ရေးဗဟိုကော်မတီ၏ အမိန့်ထုတ်ပြန်ချက်တွင်`လူ၃၀ဦးအထက်အစုအဝေးမလုပ်ရန်’ ပါရှိပေမဲ့ အဆိုပါအမိန့်ကို လိုက်နာခြင်းမရှိပဲ ထိုစစ်ဆေးသည့်နေရာတွင်…

တိုင်းရင်းသားရိုဟင်ဂျာအမျိုးသမီး(၁၂)ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို ပြည်မြို့တွင် ဖမ်းဆီးခဲ့

၂၀၂၀ခုနစ် ၊ ဒီဇင်ဘာ(၂၄)ရက်နေ့ နေ့လည်(၁)နာရီခွဲခန့်တွင် ပဲခူးတိုင်း၊ပြည်မြို့ ၊ ကျောင်းကြီးအိုးတန်းရပ်ကွက် ၊ ရွှေဘုန်းပွင့်ဘုရားအနီးတွင် ရခိုင်ပြည်နယ်မောင်တောမှ တိုင်းရင်းသားရိုဟင်ဂျာအမျိုးသမီး(၁၂)ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါရိုဟင်ဂျာအမျိုးသမီးများမှာ အသက်(၂၀)ဝန်းကျင်များဖြစ်ကြပြီး သာသနဓမ္မဂုဏ်ရည်ကျောင်းတိုက်ဟု ရေးသားထားတဲ့ ကားနံပတ် YNG RLG-7015 အဖြူရောင်မှန်လုံကားပေါ်၌ ဖမ်းဆီးမိခဲ့ပေမဲ့ ယာဉ်မောင်းနဲ့သံဃာတစ်ဦးမှာတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့…

Mission News Theme by Compete Themes.