ဧပြီလ၂၀ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဖရုံချောင်းကျေးရွာအုပ်စု၊ဒိုးတန်းရွာမှ မေယုတောင်ထဲသို့ သစ်ခွဲရန်သွားရောက်ခဲ့သော တိုင်းရင်းသားရိုဟင်ဂျာအမျိုးသား(၄)ဦးဟာ ဧပြီလ(၂၆)ရက်နေ့မှ စတင်ပျောက်ဆုံးလျက်ရှိနေပြီး ဧပြီလ(၂၈)ရက်နေ့မှာတော့ နောက်ထပ်ရိုဟင်ဂျာအမျိုးသားတစ်ဦး ပျောက်ဆုံးခဲ့တယ်လို့ ရိုဟင်ဂျာတူဒေးသို့ ဒေသခံများက ပြောပြခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပျောက်ဆုံးသူ သစ်ခွဲသမားတိုင်းရင်းသားရိုဟင်ဂျာ(၄)ဦးဟာ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ဖရုံချောင်းကျေးရွာအုပ်စုနေ ဒိုးတန်းကျေးရွာမှ ဦးလာလူး(၃၀နှစ်)၊အဘူလ်ဟာရှီမ်း(၂၄နှစ်)၊ ဦးဂျမီးလ်(၃၂နှစ်)နဲ့ ဦးဆော်လိမ်(၃၆နှစ်)တို့ဖြစ်ကြပြီး မေယုတောင်သို့…