Press "Enter" to skip to content

Posts tagged as “ရိုဟင်ဂျာဒုက္ခသည်”

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင် မြေပြိုကျမှုကြောင့် ကိုယ်ဝန်ဆောင် ရိုဟင်ဂျာအမျိုးသမီးတစ်ဦး သေဆုံး

၂၀၁၉ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး မြေပြိုကျမှုကြောင့် သေဆုံးသွားခဲ့ကြောင်း ရိုဟင်ဂျာ ဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ Nayafaraမှာရှိတဲ့ ဒုက္ခသည်စခန်းနံပါတ် ၂၆မှာ မုတ်သုံမိုးကြောင့် မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့ရာမှာ တောင်ကုန်းတွေရဲ့ အောက်ဘက်နားမှာရှိတဲ့ နေအိမ်တွေပျက်စီးခဲ့ရပြီး ကိုယ်ဝန်ဆောင် ရိုဟင်ဂျာအမျိုးသမီး…

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရန်မဖြစ်နိုင်သေးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် မဟာမင်းကြီးပြောဆို

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ (၄၁)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် မဟာမင်းကြီး Kate Gilmore က မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ လူ့အခွင့်ရေးချိုးဖောက်ခံနေရမှုအခြေနေတွေကို စောင့်ကြည့်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ…

မြန်မာနိုင်ငံတွင်း စစ်ရာဇ၀တ်ကျူးလွန်မှုအသစ်တွေ ဖြစ်နေတဲ့အလားအလာရှိကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးပြောဆို

မြန်မာနိုင်ငံအနောက်ပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ ပြည်နယ်ဒေသတွေမှာ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အပြစ်မဲ့ ပြည်သူလူထုတွေအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေကြတာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ အဆင့်ရှိကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးက ပြောကြားခဲ့ပါတယ်။ ၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့လူမျိုးတုန်းစစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ မွတ်စလင်ဦးရေပေါင်း ၇သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်း…

ရိုဟင်ဂျာအရေးကိစ္စ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) စုံစမ်းစစ်ဆေးရေး စတင်ဆောင်ရွက်မည်

မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးခိုလှုံကြရတဲ့ ရိုဟင်ဂျာတွေရဲ့ကိစ္စကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ စုံစမ်းစစ်ဆေးမှုတွေ စတင်တော့မယ်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရှေ့နေတွေက ကြေညာလိုက်ပါတယ်။ အပြစ်မဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာအစိုးရက ဆက်လက်ဖိနှိပ်ရက်စက်နေတဲ့ကိစ္စကို ကနေဒါအစိုးရက ICC- နိုင်ငံတကာ ရာဇဝတ်ခုံရုံးရှေ့မှောက် ကနဦး တရားစွဲဆို အရေးယူဖို့ အထက်လွှတ်တော်အမတ်တစ်ချို့က…

မြန်မာအစိုးရရဲ့ ဝါဒဖြန့်မှုတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောဆို

မြန်မာအစိုးရက ရိုဟင်ဂျာဒုက္ခသည်အရေးကို အချိန်ဆွဲဖန်တီးနေပြီး အခြေအနေမှန်ကို ဖုံးကွယ်နေတဲ့ နေပြည်တော် အခန်းကဏ္ဍနဲ့ ရိုဟင်ဂျာအရေးကိစ္စကို ဘေးချိတ်ဖို့ကြိုးပမ်းနေတဲ့ မြန်မာရဲ့ ၀ါဒဖြန့်မှုတွေကို ဆန့်ကျင်သွားဖို့ အရေးပါတဲ့အချက်အလက်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြင်ဆင်နေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူလ်မိုမန်က ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ရှုပ်ထွေးမှုမရှိအောင် စာရွက်စာတမ်းတွေ ပြင်ဆင်သွားဖို့ သူ့ရဲ့ဝန်ကြီးဌာနကို…

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းက ရိုဟင်ဂျာတို့ရဲ့ နေ့စဉ်ရှင်သန်မှု အခက်ခဲတွေကြား အနာဂတ်ပျောက်ဆုံးနေ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက မလေးရှားနိုင်ငံကို ပို့ဆောင်ပေးမယ်လို့ လူကုန်ကူးသူတွေရဲ့ သွေးဆောင်ဖြားယောင်းမှုကို ခံခဲ့ကြရပြီး တစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး Takaငွေ ၄၅၀၀၀နှုန်း ပေးဆောင်ခဲ့ကြရတဲ့ လူကုန်ကူးခံရသူ စုစုပေါင်း (၅၄)ယောက်ထဲမှာ အသက် ၁၉နှစ်အရွယ်ရှိတဲ့ မိုဟမ္မဒ်အာမင်းလည်း ပါဝင်ခဲ့ပါတယ်။ လူကုန်ကူးသူတွေရဲ့ လိမ်ညာပြောဆိုမှုကြောင့် စက်လှေပေါ်မှာ…

ရိုဟင်ဂျာ ဒုက္ခသည်တွေကို ထောက်ပံ့ရန် UAEနိုင်ငံက လှုပ်ရှားမှုတစ်ရပ်စတင်

မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီထောက်ပံ့ရန်အတွက် UAE နိုင်ငံတစ်ဝှမ်းမှာ အလှူငွေကောက်ခံတဲ့ လှုပ်ရှားမှုတစ်ခုကို သောကြာနေ့က စတင်ပြုလုပ်ခဲ့ရာ တစ်ရက်အတွင်းမှာပဲ UAEနိုင်ငံသုံး Dirham ငွေ ၃၃ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။  ယူအေအီး လခြမ်းနီ(Emirates Red Crescent)အဖွဲ့က စတင်လှုပ်ရှားခဲ့တဲ့…

ဘင်္ဂလားဒေ့ရှ်အစိုးရက လူကုန်ကူးခံနေရသူ ရိုဟင်ဂျာအမျိုးသမီး ၂၃ဦးကို အချိန်မှီ ကယ်တင်နိုင်ခဲ့

၂၀၁၉ခုနှစ် မေလ ၁၂ရက် တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ မလေးရှားနိုင်ငံကို လေကြောင်းလိုင်းမှတစ်ဆင့် လူကုန်ကူးခံနေရတဲ့ ရိုဟင်ဂျာအမျိုးသမီး ၂၃ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဒါကာမြို့မှာ အချိန်မှီ ကယ်တင်နိုင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲကပြောဆိုလိုက်ပါတယ်။ ဒါကာမြို့က ရဲတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ စနေနေ့က လူကုန်ကူးသူတွေကို ဖမ်းဆီးခဲ့ရာမှာ ၄င်းတို့နှင့်အတူ…

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာအမျိုးသားတစ်ဦး ပစ်သတ်ခံရ

ကော့ဇ်ဘဇား။ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးကို ဘင်္ဂလားဒေ့ရှ်ဒေသခံ ဓားပြအုပ်စု တစ်စုက ၂၀၁၉ခုနှစ် ဧပြီလ ၂၆ ရက်နေ့က ပစ်သတ်လိုက်ကြောင်း မျက်မြင်သက်သေတစ်ဦးက သတင်းပေးပို့ထားပါတယ်။ အာလီခါးလီဧရိယာက ဒုက္ခသည်စခန်းနံပါတ် ၂၅ရဲ့ ဒီ-၁၁မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးက ပြန်ပေးဆွဲခံနေရတဲ့ သူ့ရဲ့ညီကို…

သဘာဝဘေးအန္တရာယ် အကြောင်းပြကာ ရိုဟင်ဂျာများကို Bhasan Charကျွန်းသို့ ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရှ်စီစဉ်

မကြာခင်ရောက်ရှိလာတော့မယ့် မုတ်သုန်ရာသီမှာ မြေပြိုကျမှုတွေ ဖြစ်နိုင်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဝေးလံတဲ့ကျွန်းတစ်ခုမှာ နေရာချထားဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ကြာသပတေးနေ့မှာ ပြောဆိုလိုက်ကြောင်း သိရပါတယ်။ထိုသို့ ရွှေ့ပြောင်းမည့်အစီစဉ်ကို ဒုက္ခသည် အများစုက ငြင်းဆန်ခဲ့ကြပါတယ်။ ကော့ဇ်ဘဇားခရိုင်က လူဦးရေထူထပ်သည့် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ…

Mission News Theme by Compete Themes.