ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်၊ မွတ်ဆလင်ရွာနဲ့ ဟိန္ဒူရွာမှာရှိတဲ့ ဒေသခံပြည်သူတွေဟာ ရွာအတွင်း ပိတ်မိနေပြီး စားနပ်ရိက္ခာအပါအဝင်အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံက သိရပါတယ်။ အဆိုပါ လေးမိုင်မှာ ရွာပေါင်း ၁၂ ရွာရှိပြီး ရခိုင်ရွာ ၁၀ ရွာက ဒေသခံပြည်သူတွေ အားလုံး ထွက်ပြေးတိမ်းရှောင်သွားကြပေမယ့် မွတ်ဆလင်ရွာနဲ့ ဟိန္ဒူရွာက…
Posts tagged as “ရိုဟင္ဂ်ာဒုကၡသည္”
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်မယ့် ရေရှည် အဖြေတခု လိုအပ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆက်လက် အာရုံစိုက်သွားမယ့်အကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က မနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံ Dhaka မြို့ကို သွားရောက်တဲ့ ခရီးစဉ်မှာ ပြောဆိုပါတယ်။…
ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အစုအပြုံလိုက်သတ်ဖြတ်မှု မဖြစ်အောင် အမြန်ဆုံးဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို လူ့အခွင့်အရေးဆိုင်ရာ အရှေ့တောင်အာရှ ပါလီမန်အမတ်များအဖွဲ့ (APHR) က မနေ့က အရေးပေါ် တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ APHR ရဲ့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ ဘူးသီးတောင်မြို့က…
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်းတွင် မနေ့ မေလ ၁၇ ရက်နေ့၌ အေအေလက်နက်ကိုင်တပ်ဖွဲ့က ရမ်းကား သေနတ်ပစ်ခတ်၍ ရိုဟင်ဂျာ လူငယ်တစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ပြင်းထန်ဒဏ်ရာရရှိသူမှာ တပ်မင်းချောင်းကျေးရွာမှ အတူးရာဟာမာန်၏ သား လတ္တုရာဟာမာန် (၁၈ နှစ်) ဖြစ်သည်။ မနေ့က မေလ…
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ မေလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ခိုက်မှုတွေအတွင်း ရိုဟင်ဂျာ သုံးဆယ်ခန့် သေဆုံးပြီး လူနှစ်ရာခန့် ထိခိုက်ဒဏ်ရာရာခဲ့တယ်လို့ ဘူးသီးတောင်ဒေသခံ ရိုဟင်ဂျာအချို့က မနက်က ပြောပါတယ်။ မေလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က…
ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာအကျပ်အတည်း ၇ နှစ်ရောက်လာတဲ့အခြေအနေမှာပဲ ဒုက္ခသည်တွေအတွက် လိုအပ်ချက်ရံပုံငွေဟာ သိသိသာသာ ကျဆင်းလာတယ်လို့ အမေရိကန်ပြည်ထောင်စုအပါအဝင် ငါးနိုင်ငံ ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။ ဂျပန်၊ နော်ဝေး၊ ဆွီဒင်၊ ဆွစ်ဇာလန်နဲ့ အမေရိကန်ပြည်ထောင်စု ငါးနိုင်ငံကိုယ်စားလှယ်အဖွဲ့တဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုပြီးတဲ့နောက် အခု ပူးတွဲ ထုတ်ပြန်ချက်ထွက်လာတာပါ။ ရိုဟင်ဂျာလူသားချင်းစာနာမှုဆိုင်ရာ ၂၀၁၄…
လေးစားအပ်ပါသော နိုင်ငံခြားရေး ဝန်ကြီး Dr. Hasan Mahmood ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့မှာ လွှတ်တော်အမတ်တွေ ပါဝင်ပါတယ်။ 2024 ခုနှစ် မေလ 3 ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေး၏ ဘေးတွင် ဂမ်ဘီယာနိုင်ငံ တရားရေးဝန်ကြီးနှင့် ရှေ့နေချုပ် H.Ε. လေးစားအပ်ပါသော နိုင်ငံခြားရေး…
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘုမေ၊ သဲချောင်း၊ သက္ကယ်ပြင်၊ ဒါးပိုင်၊ ဗေဒါ၊ ဘာဆာရာ အစရှိတဲ့ ကျေးရွာပေါင်း သုံးဆယ်ကျော်က အသက် ၁၈ နှစ်ကနေ ၃၀ ကျော် အရွယ် ရိုဟင်ဂျာသုံးရာခန့်ကို ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီက စစ်သင်တန်းပေးဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသခံရွာသားတွေက…
ရက္ခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေအနေနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ (ဧပြီ ၂၁ရက်)တွင် ကြေညာချက်ထုတ်ပြန်ရာ နိုင်ငံရေးလှည့်ကွက်များအပါအဝင် စစ်ကောင်စီ၏ လုပ်ရပ်များအား သတိထားကြရန် တိုက်တွန်းထားသည်။ အကြမ်းဖက်စစ်အုပ်စုက လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြသည့် ရိုဟင်ဂျာများအား (တရားမဝင်အဓမ္မ) စစ်သားအဖြစ် စုဆောင်းခဲ့ပြီး စစ်သင်တန်းများ…
ရခိုင်ပြည်နယ်တွင်AA အလိုမရှိကြောင်း ဆန္ဒပြရန် နှင့် ဆန္ဒမပြပါက နေအိမ်များအား မီးရှို့ဖျက်ဆီးမည်ဟုစစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရ နှင့် စစ်တပ်အရာရှိများက ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် ရိုဟင်ဂျာများနှင့် နီးစပ်သူများကထုတ်ဖော်ပြောသည်။ “AAကိုဆန့်ကျင်ကြောင်း ဆန္ဒပြဖို့ ဒေသခံတွေရော၊ ဒုက္ခသည်စခန်းကပါ လူ၁၀၀၀ တောင်းတယ်။ မဖြစ်မနေလုပ်ဖို့နဲ့ အကောင်အထည်မဖော်ရင် အိမ်တွေကိုမီးရှို့မယ်လို့ပြောတယ်။ ဒါကြောင့် လုပ်ခဲ့ကြတယ်”…