အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ကျော်လှခကျေးရွာမှ ရက္ခိုင့်တပ်မတော် (AA) မှ ထင်ရှားသော အစ္စလာမ္မစ် ပညာရှင်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ အစ္စလာမ့်ပညာရှင် မော်လဝီဝေစကိုရမ် သည် မောင်တောမြို့နယ် မြောက်ပိုင်း မင်္ဂလာကြီးကျေးရွာမှ ဇာတိဖြစ်သည်။…
Posts tagged as “ရိုဟင္ဂ်ာဒုကၡသည္”
အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်း မြောက်ပိုင်းကို လှေနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၄၆ ယောက်ကို အင်ဒိုနီးရှားအာဏာပိုင်တွေ ဒီနေ့ ကယ်ဆယ်ခဲ့ပါတယ်။ ကမ်းခြေမှာ သောင်တင်နေကြတဲ့ ရိုဟင်ဂျာတွေအတွက် ယာယီတည်းခိုတဲ့နေရာတွေမှာ နေရာထိုင်ခင်း စီစဉ်ပေးထားတယ်လို့ Pantai Labu ခရိုင်တာဝန်ရှိသူက အခုလို ပြောပြပါတယ်။ “မနက် လေးနာရီ…
ရိုဟင်ဂျာ တစ်ရာကျော် တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ဆုံးပြည်နယ်မှာ တွေ့ရှိခဲ့ပြီး လိုက်ပါလာသူတွေထဲက အနည်းဆုံး တစ်ဦး လှေပေါ်မှာ သေဆုံးနေတာတွေ့ရတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေ ပြောလိုက်ပါတယ်။ စက်လှေဟာ အာချေးခရိုင် တောင်ဘက် ကမ်းရိုးတန်းနဲ့ လေးမိုင်ခန့်အကွာမှာ ကျောက်ချရပ်နားထားတာကို တွေ့ရတာလို့ AFP သတင်းက ဖော်ပြပါတယ်။…
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျော်လှေကားကျေးရွာရှိ ပြင်ဖြူစခန်း(နယ်မြေ ၆)၊ ကိုင်းကြီးကျေးရွာ၊ ခရေမြိုင်ကျေးရွာနှင့် AA တပ်ဖွဲ့ဝင် ရှိမည့်ဟု ထင်သည့် နေရာတော်တော်များများကို စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၇ ရက်နေ့၊ ညနေ ၄ နာရီကပင် ဂျက်တိုက်လာယာဥ် ၁ စီးဖြင့် ဗုံးတွေကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။…
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်းရှိ မြောတောင်ကျေးရွာ (ဆာလီးဖာရင်း)သည် အိမ်ခြေ (၅၀) ကျော်ဖြင့် ရိုဟင်ဂျာများ နေထိုင်ကြသော ကျေးရွာတစ်ရွာ ဖြစ်သည်။ စပါးစိုက်ပျိုးခြင်း၊ငါးမွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ခဲ့သော ကျေးရွာတစ်ရွာဖြစ်သည်။ အဆိုပါကျေးရွာသားများကို ရက္ခိုင်တပ်တော်(AA)က ပြီးခဲ့သည့် ဩဂုတ်လတွင်အစည်းအဝေးခေါ်ယူ၍`စစ်ဆင်ရေးလုပ်ရန်’ရှိသည်”ဟုအကြောင်းပြ၍ အခြားရွာသို့ ပြောင်းရွေ့နေထိုင်ကြရန် အမိန့်ထုတ်ထား ခဲ့သဖြင့် သက်ဆိုင်ရာနယ်မြေမှူးထံ အသနားခံစာကို အကြိမ်ကြိမ်တင်ထားခဲ့သော်လည်း လက်မခံဘဲအောက်တိုဘာ(၇)ရက်နောက်ဆုံး…
ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (UNRC) မစ္စ ဂွင်လူးဝစ်က နိုင်ငံခြားရေး ၀န်ကြီး Amb ကို ဖုန်းခေါ်ဆိုခဲ့ပါတယ်။ Md. Jashim Uddin သည် ယနေ့တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ တွေ့ဆုံသည်။ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးက ၎င်း၏ ရာထူးသစ်အတွက် နိုင်ငံခြားရေး ၀န်ကြီးအား ချီးကျူးဂုဏ်ပြုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်-ကုလသမဂ္ဂ…
တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့မှ မြို့ခံများသည် ဘေးလွှတ်ရာသို့ အသက်ကယ်ထွက်ပြေးနေကြရာတွင် နောက်ဆုံးထွက်ပြေးလာသော မြို့ခံ ၃ ထောင်ကျော်ကို အေအေ အဖွဲ့က မောင်တောမြောက်ပိုင်းဘက်သို့ ထွက်သွားခြင်းမပြုဘဲ လသာရပ်ကွက်အပိုင် အင်းတိလ္လာရွာ-ရွှေဇားကြား တံတား ရှေ့တဖက်ကမ်းတွင် မနက်ပိုင်း ၉ နာရီခန့်ကပင် တားဆီးထားကြောင်း သိရှိရသည်။ ယခုကဲ့သို့ တိုက်ပွဲရှောင် ခိုရာမဲ့ပြည်များကို…
ရခိုင်ပြည်နယ်၊ မောင်တောမြို့ လူနေရပ်ကွက်တွေအပေါ် ရခိုင်တပ်တော် (AA)က ဖျက်အားပြင်း ဗုံးတွေ ဒရုန်းတွေထဲ ချိတ်ဆွဲပြီး ပစ်ချနေတာကြောင့် နေ့စဉ် ရိုဟင်ဂျာသေဆုံးမှုတွေ ရှိနေသလို အပြင်းအထန် ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။ ရခိုင်တပ်တော် (AA)က မောင်တောမြို့ပေါ် မှာရှိတဲ့ လူနေထူထပ်တဲ့ ရိုဟင်ဂျာရပ်ကွက်တွေအပေါ် ဒရုန်းတွေထဲ ဖျက်အားပြင်း…
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကညင်တန်းရပ်ကွက်ရှိ ရိုဟင်ဂျာ မိသားစုနေအိမ်တစ်လုံးပေါ် ဇူလိုင်လ ၁၂ရက်နေ့ ယနေ့ မွန်းလွဲ ၃:၀၀ ဝန်းကျင်ခန့်က လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ရာ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား (၁)ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ရိုဟင်ဂျာ(၅)ဦး ပြင်းထန်စွာ ဒဏ်ရာအသီးသီး ရရှိခဲ့တယ်လို့ ကနဦး သတင်းရရှိပါတယ်။…
မြန်မာနိုင်ငံဘက်က ကျရောက်တဲ့ မော်တာကျည်ထိမှန်လို့ ဘင်္ဂလားဒေ့ရှ် ဆယ်ကျော်သက်ရွယ်တစ်ယောက်သေဆုံးပြီး လူနှစ်ယောက်ကို ဆေးရုံတင်လိုက်ရတယ်လို့ Independent သတင်းက မနေ့က ဖော်ပြပါတယ်။ သေဆုံးသွားတဲ့ ဆယ်ကျော်သက်နဲ့ တခြားလူတွေဟာ မြန်မာနယ်စပ်နားက နတ်ဖ်မြစ်မှာ ဂဏန်းဖမ်းနေချိန် မော်တာကျည်ထိမှန်တာလို့ ဆိုပါတယ်။ ဆေးရုံကို ပို့ဆောင်ချိန် ကွယ်လွန်သွားတာဖြစ်ပြီး ကျန်နှစ်ယောက်ကို စစ်တကောင်း ဆေးကောလိပ်ကို…