Press "Enter" to skip to content

Posts tagged as “ရခိုင်ပြည်နယ်”

အသက်မပြည့်သေးသည့် ရိုဟင်ဂျာအမျိုးသမီးငယ်တစ်ဦးကို နယ်ခြားစောင့်ရဲများက အဓမ္မပြုကျင့် သတ်ဖြတ်မှုဖြစ်ပွား

မောင်တောမြို့။ ။ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ငန်းချောင်းကျေးရွာအုပ်စု မြောက်ရွာတွင်နေထိုင်သော အသက်မပြည့်သေးသည့် ရိုဟင်ဂျာအမျိုးသမီးငယ် တစ်ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း Rohingya Eyeမှ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ဦးနူရ်ဘော်ရှောရ်(ခ) ဖူတီယာ (ရာအိမ်မှူးဟောင်း-ကွယ်လွန်)၏ သမီးဖြစ်သူ အသက် (၁၂)နှစ်အရွယ်ရှိသည့် စမီရာက ဇွန်လ ၁၁ ရက်…

ရိုဟင်ဂျာကလေးငယ်တို့ အနာဂတ်ပညာရေးအတွက် နိုင်ငံတကာ အသိုင်းဝိုင်းရဲ့ အကူညီများလိုအပ်နေ

ဘူးသီးတောင်မြို့။     ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ဘုရားပြင်အောင်ပကျေးရွာတွင်း နေထိုင်ကြသော ရိုဟင်ဂျာ ကလေးငယ်များ၏ အနာဂတ်ပညာရေးအတွက် အခက်အခဲများရင်ဆိုင်နေရကြောင်း ကျေးရွာနေသူ တစ်ဦးက သတင်းပေးပို့ထားပါတယ်။ ဘုရားပြင်အောင်ပကျေးရွာမှာ အိမ်ခြေစုစုပေါင်း (၈၀၀)ခန့်ရှိပြီး ကျေးရွာတွင်း နေထိုင်သူဦးရေ စုစုပေါင်း (၅၀၀၀) ကျော်ခန့်ရှိပါတယ်။ ပညာသင်အရွယ် ကလေးငယ် (၄၀၀) ကျော်ရှိပြီး ၄င်းတို့ထဲမှာ…

မသီတာထွေးအောက်မေ့ဖွယ် အခမ်းအနားကို ခွင့်ပြုချက်မယူပဲ ကျင်းပရန် ကြိုးစားနေ

By အပုချေ ( မာန်အောင်ကျွန်း ) ကျောက်နီမော်။ ။ ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို့နယ် ၊ ကျောက်နီမော်ဒေသမှာ ၂၈ ၊ ၅ ၊ ၂၀၁၉ နေ့ မသီတာထွေးသေဆုံးခြင်း နှစ်ပတ်လည်နေ့ကို အကြောင်းပြပြီး ရခိုင်နိုင်ငံရေးသမား တစ်ချို့နှင့် ရခိုင်အစွန်းရောက်တစ်ချို့တို့ဟာ သက်ဆိုင်ရာက…

ကျောက်တော်မြို့တွင် ရိုဟင်ဂျာသားအဖနှစ်ဦး အမြောက်ကျည်ဆံ ထိမှန်သေဆုံး

ကျောက်တော်မြို့။ ။ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ရိုဟင်ဂျာမွတ်စလင် အမျိုးသားတစ်ဦးနဲ့ သူ့ရဲ့၈နှစ်အရွယ်သားဖြစ်သူတို့ မြန်မာစစ်တပ်က ပစ်ခတ်ခဲ့တဲ့ အမြောက်ကျည်ဆံ ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ကျောက်တော်မြို့နယ်ရှိ မွတ်စလင်အများစု နေထိုင်ရာ ကျေးရွာဖြစ်တဲ့ အလယ်ကျွန်းကျေးရွာမှ အိမ်တစ်အိမ်ကို အမြောက်ကျည်ဆံ ထိမှန်ခဲ့တာကြောင့် ကျေးရွာတွင်းနေထိုင်သူ ရိုဟင်ဂျာ မွတ်စလင် နှစ်ဦး…

ဘူးသီးတောင်မြို့နယ်တွင်းရှိ ကျေးရွာအများပြားတွင် သောက်သုံးရေရှားပါးမှုများနှင့် ရင်ဆိုင်နေရ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ၊ဘူးသီးတောင်မြို့နယ်၊ ရွက်ညိုတောင်နှင့် ကွန်တိုင်ကျေးရွာအုပ်စုတို့တွင် နေထိုင်ကြသော ရိုဟင်ဂျာမွတ်စလင်များ နေ့စဉ်သောက်သုံး ရေရှားပါးမှုပြသနာများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ နွေရာသီရဲ့ပူပြင်းခြောက်သွေ့မှုကြောင့် ကျေးရွာတွင်းမှာရှိတဲ့ အင်း၊အိုင်၊ရေကန်တွေအားလုံး ခမ်းခြောက်လာပြီး ဒေသခံပြည်သူတွေရဲ့ သောက်သုံးရေအတွက် လွန်စွာမှ ခက်ခဲဒုက္ခများကို ကြုံတွေ့နေကြရပါတယ်။ ယခုလက်ရှိ ရေရှားပါးမှု ပြသနာတွေ…

ဝါးနှင့်သစ်လုပ်ငန်း လုပ်ကိုင်သူ ရိုဟင်ဂျာသုံးဦးထံမှ ရခိုင်အစွန်းရောက်တစ်ဦးနှင့် သစ်တောဦးစီးက ပူးပေါင်း ငွေညှစ်

ဘူးသီးတောင်မြို့။    ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ စိုင်းတင်ချောင်းတွင် သစ်နှင့်ဝါးလုပ်ငန်း လုပ်ကိုင်နေကြသော ရိုဟင်ဂျာမွတ်စလင်များကို သစ်တောဦးစီးနှင့် အပေါင်းပါ ရခိုင်အစွန်းရောက် တစ်ဦးက မတရားစွပ်စွဲ ငွေညှစ်မှုတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့ထားပါတယ်။ စိုင်းတင်ချောင်းတွင် သစ်နှင့်ဝါးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်တဲ့ မောင်ထွန်းသိန်းနှင့် သစ်တောဦးစီး ဦးသန်းရွှေတို့ ပူးပေါင်းကာ ၂၀၁၉ခုနှစ် ဧပြီလ…

ရွက်ညိုတောင်မှ ရိုဟင်ဂျာပိုင် နေအိမ်နှစ်လုံးကို အာဏာပိုင်များနှင့် အုပ်ချုပ်ရေးမှူးများက ဖြိုဖျက်ရောင်းချ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ရွက်ညိုတောင်ကျေးရွာအုပ်စုတွင် ကျန်ရှိနေခဲ့သော ရိုဟင်ဂျာ မွတ်စလင်များ ပိုင်ဆိုင်သည့် နေအိမ်များထဲမှ တစ်ချို့သော နေအိမ်အလွတ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်များက ပူးပေါင်းကာ ဖြိုဖျက် ရောင်းချမှုတွေ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။ ၂၀၁၇ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုများ ပြုလုပ်ချိန်တွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံခဲ့ကြရတဲ့…

ဆင်သေပြင်ကျေးရွာနေ ရိုဟင်ဂျာများ ရေရှားပါးမှု ပြသနာနှင့် ရင်ဆိုင်နေရ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စံဂိုးထောင် ကျေးရွာအုပ်စု ဆင်သေပြင်ကျေးရွာတွင် နေထိုင်ကြသော ရိုဟင်ဂျာမွတ်စလင်များ သောက်သုံးရေ ရှားပါးမှုပြသနာများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့ထားပါတယ်။ ဆင်သေပြင်ကျေးရွာတွင် နေထိုင်သူ လူဦးရေ စုစုပေါင်း (၂၀၀၀)ခန့်ရှိပြီး အိမ်ခြေ (၂၅၀)ခန့် ရှိပါတယ်။ ထိုကျေးရွာတွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင်များမှာ ဆင်းရဲနွမ်းပါးသူများ…

စစ်တွေမြို့တွင် ရိုဟင်ဂျာ မွတ်စလင်များအတွက် တူရကီနိုင်ငံမှ ဆေးခန်းဖွင့်လှစ်

၂၀၁၉ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာမြန်မာနိုင်ငံရဲ့ အနောက်ဘက်ပိုင်းဖြစ်တဲ့ ဒေသခံ ရိုဟင်ဂျာမွတ်စလင်တို့ နေထိုင်ရာ ရခိုင်ပြည်နယ်မှာ တူရကီနိုင်ငံအစိုးရရဲ့ အကူညီပေးရေး အေဂျင်စီက ဆေးခန်းတစ်ခု ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။ ထိုဆေးခန်းကို ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ခွဲစိတ်မှု အသေးစားများ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုများ၊ ပြင်ပလူနာတွေနဲ့…

မြန်မာစစ်တပ်နှင့် AAတို့တိုက်ပွဲကြောင့် ဒဏ်ရာရရှိသူ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ကလေးငယ်သေဆုံး

ဘူးသီးတောင်မြို့။    ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ စံဂိုးထောင်ကျေးရွာအုပ်စု ဆင်သေပြင်ကျေးရွာနှင့် ဥယျာဉ်သာကျေးရွာ အနီးတဝိုက်တွင် မြန်မာစစ်တပ်နှင့် AAတို့ရဲ့ အပြန်လှန် ပစ်ခတ်မှုကြောင့် ကျည်ဆံထိမှန် ဒဏ်ရာရရှိသူ ဆင်သေပြင်ကျေးရွာမှ ကိုယ်ဝန်ဆောင် ရိုဟင်ဂျာ အမျိုးသမီး၏ ရင်သွေးငယ် သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက Rohingya Visionသို့ သတင်းပေးပို့ ထားပါတယ်။ ဧပြီလ…

Mission News Theme by Compete Themes.