အောက်တိုဘာ ၀၂၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီရဲ့ အစေခံ လက်နက်ကိုင်တပ်ဖွဲ့များ၊ ရက္ခိုင့်တပ်မတော် (AA) နှင့် ရခိုင်လူဆိုးလူမိုက်များရဲ့ အမျိုးမျိုးညှဉ်းပန်းနှိပ်စက်မှုကြောင့် ရိုဟင်ဂျာ မွတ်စလင် များ မျိုးသုဉ်းပျောက်နေကြောင်း သိရပါတယ်။ မောင်တောမြို့မြောက်ပိုင်း ဖားဝချောင်းနှင့် ့ရေမျက်တောင်ကျေးရွာများမှ ရခိုင်သားများနှင့် AA အဖွဲ့ဝင်များက …
Posts tagged as “ရခိုင်ပြည်နယ်”
စက်တင်ဘာ ၂၇၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြို့မရဲစခန်းမှနယ့်ထိန်းရဲများက ရိုဟင်ဂျာများအား အများပြည်သူနေရာတွင် တမင် တကာ ဖမ်းဆီးထိုးနှက်နေကြောင်း သိရပါတယ်။ စက်တင်ဘာလ၂၁ ရက်၊ ည ၈ နာရီအချိန်တွင် မောင်တောမြို့ မြို့မရဲစခန်းမှ နယ်ထိန်းရဲတစ်ချို့သည် နာရီစင်ရဲ့ မြောက်ဘက် ပန်အိုးရှိရာနေရာသို့ မော်တော်ဆိုက်ကယ်ဖြင့်ရောက်ရှိလာပြီး၊ ၎င်းနေရာအနီးတဝိုက်တွင်…
စက်တင်ဘာ ၂၃၊ ၂၀၂၁ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နှင့်ထိစပ်နေတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ နယ်ခြားစောင့်တပ် ဖွဲ့များ နှင့်ရဲ တပ်ဖွဲ့များသည် တရားနည်းလမ်းကျကျ အသက်မွေး၀မ်းကြောင်းရှာဖွေနေတဲ့ ရိုဟင်ဂျာ များကို အကြောင်းအမျိုး မျိူးဖြင့် ခြိမ်းခြောက်ပြီး ငွေညှစ်ခြင်းများဖြင့် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို ပြန်လည် အရှိန်မြှင့်ပြီး ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။ မောင်တောမြို့မြောက်ပိုင်း၊…
စက်တင်ဘာ ၁၆၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့တောင်ပိုင်းနဲ့ မြို့ပေါ် ရပ်ကွက်အချို့ မှာ အာဏာပိုင်များက နာမည်ဆိုး အဒူလ်ဟာကိမ်း ဓားပြဂိုဏ်းကို မနှိမ်နင်းဘဲ အားကိုးရာမဲ့ ရိုဟင်ဂျာများအား ဖိအားပေးနေလို့ ၎င်းတို့ ရဲ့ ဆင်းရဲဒုက္ခဟာ ကန့်သတ်ချက် မရှိဘူးလို့ သိရပါတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာလ(၉) ရက်၊…
စက်တင်ဘာ ၀၄၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့တောင်ပိုင်းမှာ နာမည်ဆိုးဓါးပြဂိုဏ်း တစ်ဂိုဏ်းနဲ့ ဒေသအာဏာပိုင်တွေပူး ပေါင်းပြီး ရိုဟင်ဂျာတွေကို လွယ်လွယ်နဲ့ လုယက်သတ်ဖြတ်နေကြောင်း သတင်းရရှိပါတယ်၊၊ စက်တင်ဘာလ(၁)ရက်၊ နေ့လည် (၁)နာရီအချိန်လောက်မှာ နယ့်ခြားစောင့်ရဲ အရာရှိတစ်ဦးက မောင် တောမြို့ တောင်ပိုင်း ရိုဟင်ဂျာကျေးရွာတစ်ရွာကို သွားရောက်ပြီး ရွားသား များအားခေါ်ယူ…
စက်တင်ဘာ ၀၁၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြောက်ပိုင်းမှ ရိုဟင်ဂျာ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးနဲ့ ရွာသား(၅) ဦးကို စစ်ကောင် စီမှ ဖမ်းဆီးနှိပ်စက်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးခဲ့ကြောင့် သိရပါတယ်၊၊ မောင်တောမြို့မြောင်ပိုင်း ဦးရှည့်ကျ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဂျီအာလောမ် (ဘ) ဦးကူလ္လာမီယာ အသက် (၃၁)…
ရခိုင်ပြည်နယ်တွင် AAနဲ့ ဗမာစစ်တပ်တို့ရဲ့မပြီးဆုံးသေးတဲ့ တိုက်ပွဲများကြား အပြစ်မဲ့ဒေသခံတွေဟာ ဗမာစစ်တပ်ရဲ့ တပ်စွဲပြီးအသွားအလာကန့်သတ်ပိတ်ပင်မှုတွေကြောင့် အခက်အခဲအမျိုးမျိုးကြုံတွေ့နေရပြီး စိုးရိမ်ထိန့်လန့်နေရပါတယ်။ AAနဲ့ ဗမာစစ်တပ်တို့တိုက်ပွဲဟာ တစ်နှစ်နီးပါးကြာမြင့်ပြီးဖြစ်သလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကိုလည်း ဗမာစစ်တပ်ကပိတ်ဆို့ထားတာကြောင့် စားဝတ်နေရေးအခြေအနေလွန်စွာခက်ခဲနေကြောင်း ဒေသခံတစ်ဦးရဲ့ပြောပြချက်အရသိရပါတယ်။ ကျေးရွာများမှ ရေကြောင်းဖြစ်စေ၊ကုန်းကြောင်းဖြစ်စေ ဘယ်လိုပဲသွားသွား ဗမာစစ်တပ်ကပိတ်ထားမို့ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲရှိနေပါတယ်။ဒေသခံရွာသားတွေဟာ နဂိုကျန်တဲ့ရိက္ခာတွေနဲ့ဖြစ်သလိုစားသောက်နေခဲ့ရကာ…
ရခိုင်ပြည်နယ်တွင် ဗမာစစ်တပ်နဲ့AA တို့ရဲ့မပြီးဆုံးနိုင်သေးတဲ့တိုက်ပွဲများကြား တင်းမာမှုကြောင့် ချင်းပြည်နယ်၊ ပလက်ဝနဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် လုံခြုံရေးတွေတင်းကျပ်လာကာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ထားတာတွေ့ရပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်မြို့နယ်ဘက်မှာ ဒီဇင်ဘာ၉ ရက်နေ့ကနေ၁၄ ရက်နေ့အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခဲ့ကာ ဒေသခံပြည်သူတွေထိခိုက်သေဆုံးမှုအတော်များပါတယ်။…
မောင်တောမြို့။ ။ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း မင်္ဂလာကြီးကျေးရွာကနေ သရက်အုပ်ကျေးရွာကို ကူးတို့နဲ့ဖြတ်ကူးရတဲ့ ချောင်းတစ်ခုရှိပြီး အဲ့ဒီချောင်းတောင်ဘက်မှာရှိတဲ့ နယ်ခြားစောင့်ရဲကင်းစခန်းရဲ့ တာဝန်ရှိသူတွေက နေ့စဉ်ဖြတ်သန်းသွားလာသူ ရိုဟင်ဂျာတွေဆီကနေ ငွေညှစ်ယူနေကြောင်း မျိုးသူရက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ သရက်အုပ်ကျေးရွာကိုကူးရတဲ့ ချောင်းရဲ့တောင်ဘက် မင်္ဂလာကြီးဘက်ခြမ်းမှာ နယ်ခြားစောင့်ရဲကင်းစခန်းတခုထားရှိခဲ့ပြီး အဲ့ဒီကင်းစခန်းမှာ ဒုရဲအုပ်တစ်ယောက် ဦးဆောင်ပြီး တပ်ဖွဲ့ဝင်…
တနေ့တခြားဆိုးရွားလာတဲ့ ရခိုင်ပြည်နယ်က ပြသနာအခြေအနေရဲ့အဖြေကို ဝိုင်းဝန်းစုပေါင်းရှာဖွေဖို့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် Christine Burgener က ရခိုင်ပါတီနဲ့တွေ့ဆုံအပြီးမှာ ပြောဆိုခဲ့ပါတယ်။ Christine Burgenerဟာ နိုဝင်ဘာလ ၁၃ ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိတာဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။ ၄င်းကမိတ်ဆက်အစမှာပဲ တစ်နေ့ပြီးတစ်နေ့ဆိုးရွားလာတဲ့ ရခိုင်ပြည်နယ်ကလူတွေ…