ဒီဇင်ဘာလ ၁၁ ၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း ကြက်ရိုးပြင်(ကီးယားရိန်းဖာရာ) ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စရဖ က မဟုတ်မမှန် ပြစ်တင်စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်နေကြောင်းသိရပါတယ်။ ကြက်ရိုးပြင် ကျေးရွာအုပ်ချုပ်ရေးမှူး မောင်မြင့်နိုင်ဟာ ဒီဇင်ဘာလ ၂ ရက်နေ့တွင် မောင်…
Posts tagged as “မောင်တော”
ဒီဇင်ဘာလ ၀၈ ၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်အောင်သူရ ဟာ မိမိကိုယ်တိုင် Yaba မူယစ်ဆေးဝါးရောင်းနေကြောင်းနဲ့ ယာဘားလုပ်ငန်းရှင်များမှ လစဉ် ပုံမှန်ဆက်ကြေးကောက် သူတစ်ဦးဖြစ်ပြီး အပြစ်မဲ့ရိုဟင်ဂျာတွေကိုလည်း မဟုတ် မမှန် လုပ်ကြံစွပ်စွဲကာ နေ့စဉ်နေ့တိုင်း ငွေညှစ်လျက်ရှိကြောင်း သိရပါ တယ်။ ၎င်းက ယာဘားဆေးပြားလုပ်ငန်းရှင်တွေမှ…
နိုဝင်ဘာ ၂၁ ၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းပေါင်းဇား (အာချီးခ်ခါးဖာရာ)ကျေးရွာတွင် ဆင်းရဲတဲ့ ရွာသူ/သား အချို့ အား INGO မှ လူသားချင်းစာနာထောက်ထားမှုအဖြစ် ထောက်ပံ့တဲ့ ငွေ များကို အုပ်ချုပ်ရေးမှူးက အပြည့် အဝ မခွဲဝေဘဲ ဝေစုတချို့ကို အလွဲ သုံးစားခဲ့ကြောင်း သိရပါတယ်။…
နိုဝင်ဘာ ၄၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း၊ ဒု-ညောင်ပင်ကြီးကျေးရွာတွင် ဆင်းရဲနွမ်းပါးတဲ့ ရိုဟင်ဂျာမိ သားစု ၄၀ အား NGO အဖွဲ့ AGE မှ လူသားချင်းစာနာမှုအကူအညီအားဖြင့် ငွေ ၁ သိန်း ၅ ထောင်ကျပ်စီ ထောက်ပံ့ခဲ့ရာ ကျေးရွာအုပ် ချုပ်ရေးမှူးက ၁…
အောက်တိုဘာ ၂၄၊၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် နေတိုင်နေတဲ့ ရိုဟင်ဂျာများသည် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့ နှစ်မြို့အ တွင်း အသွားအလာလုပ်ရာတွင် အာဏာပိုင်များက အထောက်အထားအမျိုးမျိုး ကိုင်ဆောင်စေပြီး ၎င်းတို့ထံမှ အဆမ တန် ငွေညှစ်နေကြောင်းသိရပါတယ်။ ယခင်စစ်အာဏာရှင်လက်ထက်မှာ မောင်တောမြို့မှဘူးသီးတောင်မြို့သို့သွားလာရာတွင် ရိုဟင်ဂျာများတွင် ခရိုင် လဝကရုံးမှ ပုံစံ(၄) ကိုင်ဆောင်ရခဲ့ကြောင်း၊…
အောက်တိုဘာ ၁၈၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းဦးရှဉ့်ဂျားကျေးရွာမှ ရိုဟင်ဂျာ လူငယ်တစ်ဦးကို နယ်ခြားစောင့်ရဲ များက ပြန်ပေးဆွဲမှုပုံစံနှင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွေးဖိုးတောင်းယူပြီးမှ လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။ အောက်တိုဘာလ ၁၆ ရက်၊ ည ၅ နာရီကျော်အချိန်တွင် ရေမျက်တောင်ကျေးရွာအခြေစိုက် နယ်ခြားစောင့် ကင်းစခန်းမှ ရဲများသည် လူကုန်ကူးမှုးနှင့်ဆက်နွယ်သူများကို…