Press "Enter" to skip to content

Posts tagged as “မောင်တောမြို့”

စစ်တပ်က အစ္စလာမ်ဘာသာရေးကို စော်ကားခြင်း၊ အိမ်တွေ ဝင်ရောက်စီးနင်းခြင်း၊ ငါးလုယက်ခြင်းတွေ ကျူးလွန်နေ

စက်တင်ဘာ ၀၉၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း ရိုဟင်ဂျာကျေးရွာတွေမှာ စစ်တပ်အကြမ်းဖက်သမားတွေ ဟာ အစ္စလာမ် ဘာသာရေးကို စော်ကားခြင်း၊ အိမ်တွေကို ဝင်ရောက်စီးနင်းခြင်း၊ ငါးလုယက်ခြင်းတွေ ဆက်လက် ကျူးလွန်နေ ကြောင်း သိရပါတယ်၊၊ မောင်တောမြို့မြောက်ပိုင်း ရမည်သင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲကင်း စခန်းမှရဲ (၇) ဦးတို့…

မောင်တောတွင် စစ်တွေမှပြန်လာတဲ့ ပညာရေးဝန်ထမ်းတစ်ဦး နေမကောင်းသဖြင့် သံသယလူနာအဖြစ် စောင့်ကြိခံရ

ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ် မင်းခမောင်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတစ်ဦးဟာ ဩဂုတ်လ ၁၁ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မြင့်တက်နေတဲ့ စစ်တွေမှ ပြန်လာခဲ့ပြီး ၂၀ရက်နေ့တွင် ဖျားနာမှုစတင်ဖြစ်ပွားတဲ့အတွက် တမနိးသားဆေးခန်းတွင် လာရောက်ပြခဲ့တယ်လို့ သတင်းရရှိပါတယ်။ ထိုလူနာသည် (၂၂)ရက်နေ့ နံနက်ပိုင်းတွင် မင်းခမောင်းမှမောင်တောဆေးရုံသို့ လာရောက်ပြသတာဖြစ်ပြီး မောင်တောခရိုင်ပြည်သူ့ဆေးရုံတွင် သံသယလူနာအဖြစ် ထားရှိလျက်ရှိကာ…

ရခိုင်ပြည်နယ်မောင်တောမြို့တွင် UNHCRမှလှူဒါန်းပစ္စည်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ အတင်းအဓမ္မလုယူမှုဖြစ်ပွား

ဇွန်လ(၂)ရက်နေ့ နံနက်၉နာရီအချိန်တွင် (၃)မိုင်အခြေစိုက် UNHCRအဖွဲ့မှ ရခိုင်ပြည်နယ်မောင်တောမြို့မြောက်ပိုင်း ကျောက်လှေကားကျေးရွာသို့ သွားရောက်ကာ ရွာရှိ မိသားစုတစ်စုချင်းစီအလိုက် ဖျာ(၃)ချပ်၊အမိုးအကာ၂ခု၊ခြင်ထောင်(၃)လုံး ၊ရေးခရာ၂ခု၊ အထည်(၅)ထည်၊ ကြိုးတစ်ချပ်တို့ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ထိုသို့ပေးအပ်ရာတွင် ၎င်းကျေးရွာနေ ဦးတူဖိုင်လ်အာမက်(၇၈နှစ်)နဲ့ ၎င်းရဲ့သားအေနာယာသ်အူလ္လာ(၃၅နှစ်)တို့နှစ်ဦးဟာ ပစ္စည်းများကို သီးခြားစီပေးအပ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ထိုနေ့ညနေ၅ခွဲအချိန်မှာတော့ ၎င်းကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဆိုသူ တော်စ်မိန့်ဂျူဟာရ်မှ…

မောင်တောမြို့ရှိ တိုင်းရင်းသားရိုဟင်ဂျာကျောင်းအား ကျန်းမာရေးစောင့်ကြည့်ရေးစင်တာအဖြစ် ပြောင်းလဲခဲ့

တိုင်းရင်းသားရိုဟင်ဂျာရွာများအား အနှောင့်အယှက်ပေးရန် အစီအစဉ်အဖြစ် မြန်မာအာဏာပိုင်များက ထိုင်းနိုင်ငံမှပြန်လာသော ဗုဒ္ဓဘာသာဝင် မြန်မာအလုပ်သမားများကို ကျန်းမာရေးဆိုင်ရာစောင့်ကြည့်ခြင်းများ ပြုလုပ်ဖို့အတွက် ရိုဟင်ဂျာရွာအနီးရှိကျောင်းကို စောင့်ကြည့်စင်တာအဖြစ် ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။ မတ်လ၃၀ရက်နေ့ မွန်းလွဲ၂နာရီခန့်တွင် မောင်တောတောင်ပိုင်းရပ်ကွက်ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ပြည်ပမှပြန်လာတဲ့ အလုပ်သမားများကို ကျန်းမာရေးဆိုင်ရာစောင့်ကြည့်ရန် မောင်တောမြို့တောင်ဖက်ရှိ တိုင်းရင်းသားရိုဟင်ဂျာများစွာနေထိုင်လျက်ရှိသော ဟရီဖာရာ(ခေါ်)အလီဖာရာရွာငယ်လေးရှိ အခြေခံပညာအထက်တန်းကျောင်း(၂)ရဲ့ အဆောက်အအုံနှစ်ခုအား…

မောင်တောမြို့နယ် မင်္ဂလာကြီးကျေးရွာ ကင်းစခန်းမှ ဖြတ်သန်းသွားလာသူ ရိုဟင်ဂျာများကို ငွေညှစ်နေ

မောင်တောမြို့။ ။ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း မင်္ဂလာကြီးကျေးရွာကနေ သရက်အုပ်ကျေးရွာကို ကူးတို့နဲ့ဖြတ်ကူးရတဲ့ ချောင်းတစ်ခုရှိပြီး အဲ့ဒီချောင်းတောင်ဘက်မှာရှိတဲ့ နယ်ခြားစောင့်ရဲကင်းစခန်းရဲ့ တာဝန်ရှိသူတွေက နေ့စဉ်ဖြတ်သန်းသွားလာသူ ရိုဟင်ဂျာတွေဆီကနေ ငွေညှစ်ယူနေကြောင်း မျိုးသူရက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ သရက်အုပ်ကျေးရွာကိုကူးရတဲ့ ချောင်းရဲ့တောင်ဘက် မင်္ဂလာကြီးဘက်ခြမ်းမှာ နယ်ခြားစောင့်ရဲကင်းစခန်းတခုထားရှိခဲ့ပြီး အဲ့ဒီကင်းစခန်းမှာ ဒုရဲအုပ်တစ်ယောက် ဦးဆောင်ပြီး တပ်ဖွဲ့ဝင်…

မောင်တောမြို့နယ်တွင် NVCကတ်ပြား ကိုင်ဆောင်သည့် ရိုဟင်ဂျာများကိုသာ ခရီးသွားလာခွင့်ပြုနေခြင်းကြောင့် အခက်ခဲများနှင့် ရင်ဆိုင်နေရ

မောင်တောမြို့။ ။ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းကို ခရီးသွားလိုတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ အနေနဲ့ ၂၀၁၆ခုနှစ်မတိုင်ခင်က မြန်မာအစိုးရ တရားဝင် ထုတ်ပေးခဲ့တဲ့ ယာယီသတ်သေခံကတ်ပြားတွေနဲ့ ခရီးသွားလာခွင့်ရရှိခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ရွာထွက်လက်မှတ်တွေနဲ့သာ ခရီးသွားလာမှုပြုခဲ့ရာကနေ နိုဝင်ဘာလ(၆)ရက်ကနေစတင်ပြီး အထက်ပါအထောက်အထားတွေနဲ့ ခရီးသွားလာမှုကို နယ်ခြားစောင့်ရဲဌာနချုပ် စစ်ဆေးရေးဂိတ်ကနေ ပိတ်ပင်ကန့်သတ်မှုတွေပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ နိုဝင်ဘာလ…

Mission News Theme by Compete Themes.