Press "Enter" to skip to content

Posts tagged as “မီးရိႈ႕ဖ်က္စီး”

အပြစ်မဲ့တိုင်းရင်းသားရိုဟင်ဂျာတစ်ဦးအား ဗမာရဲတပ်ဖွဲ့မှ မတရားစွပ်စွဲဖမ်းဆီးခဲ့

ရခိုင်ပြည်နယ်၊မောင်တောမြို့၊အမှတ်(၅)ရပ်ကွက် ဦးကာဆိမ်း(NGO ဝန်းထမ်းဟောင်း)၏ နေအိမ်များကို ၂၀၁၇-ခုနစ်၊ မြန်မာစစ်တပ်မှမီးရှို့ခဲ့တဲ့အတွက် ၎င်း၏မိသားစုဟာ မြို့မကညင်တန်းကျေးရွာ BAJရုံးရဲ့ မြောက်ဘက်ရှိ ရွာရဲ့အိမ်တစ်အိမ်တွင်ယာယီခိုလှုံနေထိုင်လျက်ရှိတယ်လို့ သိရှိရပါတယ်။ ၎င်းတို့ကိုအစိုးရက သတ်မှတ်ထား‌သော မြေကွက် ပေ၃၀×၄၀တွင် ပြောင်းရွေ့နေထိုင်ရန်စီစဉ်နေပေမဲ့ ၎င်းတို့ကလက်မခံကြောင်း သက်ဆိုင်ရာအစိုးရဌာနများသို့ စာတင်ခဲ့ရာ ၎င်းကိုဒေသခံအာဏာပိုင်များက မကျေနပ်၍ ဇန်နဝါရီလ-၁၉ရက်၊ ည-၂နာရီအချိန်တွင ်မြို့မရဲစခန်းမှ…

မောင်တောမှ မီးလောင်ဆုံးရှုံးခဲ့သောနေအိမ်များကို အစိုးရမှမူလနေရာတွင် နေရာချထားခြင်းမရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ၂၀၁၇ခုနစ် ဩဂုတ်လ(၂၅)ရက်နောက်ပိုင်းတွင် မြန်မာစစ်တပ်က တိုင်းရင်းသားရိုဟင်ဂျာများအား သုတ်သင်ရှင်းလင်းရေး စစ်ဆေးရေးလုပ်ခဲ့ပြီး နေအိမ်များမီးရှို့ဖျတ်ဆီးခဲ့ပါတယ်။ ထိုမီးလောင်ဖျက်ဆီးဆုံးရှုံးခံခဲ့ရတဲ့ နေအိမ်များကို အစိုးရက ပြန်လည်ဆောက်လုပ်ပေးရန် စီစဉ်လျက်ရှိပြီး မောင်တောမြို့နယ်အမှတ်(၅)ရပ်ကွက်တွင် အိမ်ခြေ(၃၀၀) နီးပါးခန့် ဆောက်လုပ်နေတယ်လို့ ကနဦး သိရပါတယ်။ ထိုရပ်ကွက်တွင် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ မြို့မကညင်တန်းကျေးရွာအုပ်စု၊ အမှတ်(၃)ရပ်ကွက်တို့မှ…

စစ်သားများက အလွတ်ချန်အိမ်များနဲ့ ဆိုင်ခန်းများကို မီးရှို့နေတယ်လို့ စွပ်စွဲခံရ

မကြာသေးမီက ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းနဲ့ ဘူးသီးတောင်နေရာများစွာတို့မှာ လူမနေဘဲအလွတ်ရှိနေသော အိမ်များနဲ့ဈေးဆိုင်များကို မီးရှို့ဖျတ်ဆီးခဲ့တယ်လို့ Rohingya Eyeမှ တင်ပြခဲ့ပါတယ်။ ထိုနေအိမ်နဲ့ဈေးဆိုင်များဟာ မြန်မာအစိုးရရဲ့ ရိုဟင်ဂျာမွတ်စလင်များအား သုတ်သင်ရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရတဲ့ တိုင်းရင်းသားရိုဟင်ဂျာများပိုင် နေအိမ်များနဲ့ဈေးဆိုင်များဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့များရဲ့ မသင်္ကာဖွယ်ရာလှုပ်ရှားမှုများကြောင့် အနီးနားရှိဒေသခံများက ထိုကျေးရွာများနဲ့ဈေးများကို လုံခြုံးရေးတပ်ဖွဲ့များက မီးရှို့ဖျတ်ဆီးပါတယ်လို့ စွပ်စွဲခဲ့ကြတယ်လို့…

မောင်တောတွင် ဒေသခံဗုဒ္ဓဘာသာဝင်များက (IDP)စခန်းရှိ တိုင်းရင်းသားရိုဟင်ဂျာများ နေရပ်သို့ပြန်လာခြင်းကိုနှောင့်ယှက်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရခိုင်ဗုဒ္ဓဘာသာဝင်များက မြို့ပြ၅ရပ်ကွက်မှ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ တိုင်းရင်းသားရိုဟင်ဂျာများကို ၎င်းတို့ရဲ့မူလနေရာသို့ ပြန်ပို့ရန် အစီစဉ်အား အကောင်အထည်ဖော်ဖို့အတွက် အဟန့်အတားဖြစ်စေတယ်လို့ သက်ဆိုင်ရာအာဏာပိုင်များက ရိုဟင်ဂျာတူဒေးသို့ ပြောပြခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၇ခုနစ် သြဂုတ်လ၂၅ရက်နောက်ပိုင်းတွင် မြန်မာစစ်တပ်သည် ရခိုင်လူမျိုး ဗုဒ္ဓဘာသာအစွန်းရောက်များနဲ့ပူးပေါင်းကာ မောင်တောမြို့၅ရပ်ကွက်အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ တိုင်းရင်းသားရိုဟင်ဂျာများအား ဆန့်ကျင်သုတ်သင်ရှင်းလင်းရေး စစ်ဆင်ရေးကို…

ရခိုင်အစွန်းရောက်တစ်ဦးခေါင်းဆောင်ကာ စိုင်းဒင်ချောင်းမှ ရိုဟင်ဂျာပိုင် သစ်၊ဝါးများကို မီးရှို့ဖျက်စီး

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တောင်ပိုင်း စိုင်းဒင်ချောင်းတွင် ဝါးလုပ်ငန်းစဉ်များ လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်း ပြုနေသော ရိုဟင်ဂျာမွတ်စလင်တို့အား ရခိုင်အစွန်းရောက် တစ်ချို့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြန်မာစစ်တပ်မှ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ခဲ့သည်ကို အခွင့်ကောင်းယူကာ နိုင်ထက်စီးနင်းများ ပြုလုပ်နေကြောင်း Rohingya Vision သတင်းဌာနသို့ သတင်းပေးပို့ထားပါတယ်။ ဘူးသီးတောင်မြို့ တောင်ပိုင်းမှာရှိတဲ့ စိုင်းဒင်ချောင်းတစ်လျှောက်မှာ အစိုးရခွင့်ပြုချက်ဖြင့်…

Mission News Theme by Compete Themes.