Press "Enter" to skip to content

Posts tagged as “မိုင်းပေါက်ကွဲ”

စစ်မြေမြှုပ်မိုင်းကြောင့် ဇီးရိုးပွိုင့်မှ ရိုဟင်ဂျာဒုက္ခသည်တစ်ဦး သေဆုံး

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နေ့လည်၁၂နာရီခွဲခန့်တွင် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရှိ ဇီးရိုပွိုင့်ဒုက္ခသည်စခန်းမှ တိုင်းရင်းသားရိုဟင်ဂျာတစ်ဦးသည် ပိုင်သူမဲ့နယ်မြေအနီးရှိ တောင်ပေါ်၌ မြေမြှုပ်ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။ သေဆုံးသူမိုနာရ်အွလ်လာဟ်-၂၅နှစ်(အဘ-ဟလာမီယာ)သည် မနက်ခင်းပိုင်းတွင် ၎င်းရဲ့အသက်ရှင်နေထိုင်ရေးအတွက် ထင်းများရှာဖွေစုဆောင်းရန် ထိုနေရာသို့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ညနေခင်းတွင် ပြန်လည်ရောက်ရှိမလာတဲ့အတွက် နောက်နေ့မနက်တွင် ၎င်းရဲ့မိသားစုနဲ့သူငယ်ချင်းများ လိုက်လံရှာဖွေခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့်ဟု ယူဆရသော ဒဏ်ရာဒဏ်ချက်များနဲ့အတူ…

မင်းပြားတွင် နေထိုင်သော တိုင်းရင်းသားရိုဟင်ဂျာသုံးဦး မိုင်းထိသေဆုံး၊ တစ်ဦး ထိခိုက်ဒဏ်ရာရ။

၂၀၂၀ခုနစ် မတ်လ(၁၀)ရက်နေ့ ညနေ၃:၀၀နာရီခန့်တွင်၊ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ၊ဒေးဖာရာကျေးရွာမှ တိုင်းရင်းသားရိုဟင်ဂျာ၃ဦးဟာ မြေမြှုပ်မိုင်းများကို နင်းမိပေါက်ကွဲကာ သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာအပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူများမှာ မူဟာမဒ်ကာစင်-၂၄နှစ်(ဘ-နူရ်ဟက်)၊မူဟာမက်ရဖစ်က်-၁၄နှစ်(အဘ-အက်ဘရ်အလီ)နဲ့ ဒူလိုင်ယား-၁၂နှစ်(အဘ-နူရ်ဟာဆန်)တို့ ဖြစ်ကြပြီး အခြားအသက်၅၀ကျော်အရွယ်ရှိ ကဘန်အလီ(အဘ-ဆူရ်တနိ)လို့ခေါ်တဲ့  တိုင်းရင်းသားရိုဟင်ဂျာတစ်ဦးကတော့ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တပ်မတော်နဲ့…

ဘူးသီးတောင်မြို့နယ်တွင် မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွား

ရခိုင်ပြည်နယ်တွင် ဗမာစစ်တပ်နဲ့ AA တပ်ဖွဲ့တို့စစ်ပွဲတွေဟာ ယခုတိုင်ရပ်စဲမှုမရှိသေးပဲ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။မနေ့မနက်က ဘူးသီးတောင်မြို့နယ်အရှေ့ဘက် တံတားအလွန်မှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့ကာ ကားလမ်းပျက်စီးမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။  ဗမာစစ်တပ်ဘက်ကတော့ AA ဘက်မှ တိုက်ခိုက်ခဲ့တာလို့ပြောပြီး NLD ပါတီဥက္ကဌ ဦးရဲသိန်းကလည်း  မိုင်းပေါက်တဲ့နေရာဟာ ဘူးသီးတောင်မြို့နယ် NLD ရုံးသစ်နဲ့ သိပ်အကွာအဝေးကြီးလည်းမဟုတ် လုံခြုံရေးကင်းစခန်းတွေလည်းရှိတာမို့  AA…

Mission News Theme by Compete Themes.