Press "Enter" to skip to content

Posts tagged as “မလေးရှား”

လှေဖြင့်ဝင်ရောက်ရန် ကြိုးစားတဲ့ ရိုဟင်ဂျာ၂၇၀နီးပါးကို မလေးရှားထိန်းသိမ်း

၂၀၂၀ခုနစ်ဇွန်လ(၈)ရက်နေ့ တနင်္လာနေ့မနက်အစောပိုင်း၌ သေဆုံးနေသောလူတစ်ဦးနဲ့အတူ  ရိုဟင်ဂျာ(၂၆၉)ယောက် လိုက်ပါလာသောလှေမှာ စက်ချို့ယွင်းနေသဖြင့် လုံခြုံရေးတပ်ဖွဲ့များမှ ပြန်လည်ထွက်ခွာရန် အတင်းစေခိုင်းလို့မရပဲ ဖမ်းဆီးလိုက်တယ်လို့ ရိုက်တာသတင်းမှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ “ဒုက္ခသည်”ဟူသော အခြေနေတစ်ရပ်ကို အသိအမှတ်မပြုတဲ့ အရှေ့တောင်အာရှနိုင်ငံဟာ မြန်မာနိုင်ငံတွင်၂၀၁၇ခုနစ် စစ်တပ်မှဦးဆောင်တဲ့ ရိုဟင်ဂျာနှိမ်နှင်းခြင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် ဆိုးရွားတဲ့အခြေနေများနဲ့ ကြုံတွေ့နေရတဲ့ရိုဟင်ဂျာများအတွက် ဦးစားပေးနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ တနင်္လာနေ့မနက်ခင်းတွင်…

လူ့အခွင့်အရေးအဖွဲ့များက မလေးရှားနိုင်ငံအား လှေစီးဒုက္ခသည်များကို ကယ်တင်ရန်နဲ့ ဖိအားပေးမှုများကို ရပ်တန့်ရန်တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပင်လယ်ထဲတွင်၂လနီးပါး မျောပါလျက်ရှိသော လှေစီးပြေးဒုက္ခသည်ရိုဟင်ဂျာ၄၀၀ကို ကယ်ဆယ်ခဲ့ပြီးနောက် ၂၀၂၀ခုနစ်၊ ဧပြီလ၁၇ရက်နေ့တွင် လူအခွင့်ရေးအဖွဲ့စည်းအချို့ဟာ မလေးရှားနိုင်ငံအစိုးရအား လှေစီးဒုက္ခသည်ရိုဟင်ဂျာများအပေါ် ဖိအားပေးနေမှုများကိုရပ်တန့်ရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်ရန်နဲ့ လှေများဘေးကင်းလုံခြံမှုသေချာစေရန် တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ မလေးရှားရေကြောင်းအာဏာပိုင်များသည် လှေဖြင့်ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များအား ပြန်ပို့လိုက်ပြီဆိုတဲ့ သတင်းများအပေါ် ပြင်းထန်စွာစိုးရိမ်မကင်းဖြစ်လျက်ရှိတဲ့ အာရှပစိဖိတ်ဒုက္ခသည်အခွင့်ရေးကွန်ယက်(APRRN)ဟာ မလေးရှားနဲ့ထိုင်းအစိုးရတို့အား နယ်မြေများဝင်ရောက်ပိတ်ဆို့ရေးဒီဇိုင်းရေးဆွဲခြင်းများ၊…

Mission News Theme by Compete Themes.