Press "Enter" to skip to content

Posts tagged as “မင်းပြား”

မင်းပြားမြို့နယ် ပန်းမြောင်ရွာတွင် အဘွားအိုတစ်ဦး ဦးခေါင်းကျည်ဆန်ထိမှန်

မနေ့နိုဝင်ဘာလ ၁၈ ရက်မနက်ပိုင်းအချိန်က ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ပန်းမြောင်ကျေးရွားတွင် AA တပ်မတော်နဲ့ ဗမာစစ်တပ်တို့တိုက်ပွဲများဖြစ်ပွားနေစဉ် အဘွားအိုတစ်ဦးရဲ့ဦးခေါင်းအား ကျည်ဆန်ရှပ်ကာထိမှန်ခဲ့ကြောင်း သိရပါတယ်။ ဒေသခံများရဲ့ပြောပြချက်အရ ရွာဘက်ကိုရိက္ခာသယ်လာတဲ့ ဗမာစစ်တပ်က ရွာအနီးကွင်းပြင်တွင် ပုရစ်တူးနေတဲ့ကလေးတွေကို ပစ်ခတ်ခဲ့တာဖြစ်ပြီး နေအိမ်ထဲက အဘွားအိုတစ်ဦးရဲ့ခေါင်းကို ရှပ်ထိမှန်ခဲ့တာဖြစ်ပါတယ်။ ဗမာစစ်တပ်ဘက်က အနောက်ပိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ပထမတန်းစား ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာမျိုးမရှိကြောင်း ငြင်းဆိုထားပါတယ်။

Mission News Theme by Compete Themes.