Press "Enter" to skip to content

Posts tagged as “ဗမာစစ်တပ်”

ဘူးသီးတောင်နဲ့ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲများထပ်မံဖြစ်ပွား

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်တွင် ဒီကနေ့မနက်ပိုင်း ၁ နာရီကျော်လောက်က ဗမာစစ်တပ်နဲ့ AAတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက Rvision သို့သတင်းပေးပို့ခဲ့ပါတယ်။ ဘူးသီးတောင်မြို့နယ်၊ကမ်းတောင်ရွာ၊ ကြာညိုပင်ကျေးရွာ၊ သရက်ပြင်ရွာနဲ့ ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာ၊သာစည်၊ကျောက်တန်းရွာတို့မှာ တစ်ဖက်နဲ့တစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကာ  ဗမာစစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုတော်တော်များများတွေ့ရပြီး AAတပ်ဖွဲ့ဘက်ကတော့တစုံတရာကိုမှမတွေ့ရကြောင် မျက်မြင်ဒေသခံတစ်ဦးကပြောပါတယ်။ ပြင်းထန်တဲ့တိုက်ပွဲနှစ်ခုကြားမှာ ဒေသခံပြည်သူတွေအား ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတာမို့ လှေငယ်များအသုံးပြုကာ ရေလမ်းခရီးမှသွားလာရှာဖွေစားသောက်နေရကြောင်းသိရပါတယ်။…

ဗမာစစ်တပ်နဲ့ AA တပ်မတော်တို့ တိုက်ပွဲများထပ်မံဖြစ်ပွား

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊မြေပုံမြို့နယ်နဲ့ ယိုးဆနွင်းကျေးရွာအနီးတွင် မြန်မာစစ်တပ်နဲ့ AA တပ်မတော်တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ မြန်မာစစ်အစိုးရက မြောက်ပိုင်းအဖွဲ့တွေနဲ့ အပစ်အခတ်များရပ်ဆဲသွားမယ်လို့ကြေညာပေမဲ့  ဒီကနေ့မနက် ၁၀နာရီခွဲလောက်မှာ ရခိုင်ပြည်နယ်အတွင်း ၁၅မိနစ်လောက်အကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ထပ်မံဖြစ်ပွားခဲ့တာကို သိရပါတယ်။ မြန်မာစစ်တပ်ဘက်ကနေ ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာရွာရဲ့ အရှေ့တောင်ဘက်ကနေပြီး စတင်ထိုးစစ်ဆင်လာတာမို့ ယခုလိုတိုက်ပွဲတွေဖြစ်ရတာလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ(၂၂)…

Mission News Theme by Compete Themes.