မြန်မာ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်တို့က မွတ်စလင်လူဦးရေ တိုးပွားလာမှုအကြောင်းတွေကို ရှားပါးတဲ့ ဥရောပခရီးစဉ်အတွင်း ဆွေးနွေးခဲ့ကြောင်း The guardianသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုမှ သတင်းထောက်တွေကို ထောင်ချမှုအထိ ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့တာကြောင့် ပြီးခဲ့တဲ့လတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သတင်းတွေ အနောက်နိုင်ငံတွေမှာ လှုပ်ခတ်စေခဲ့ပါတယ်။…