ရခိုင်ပြည်နယ်၊မောင်တောမြို့၊အမှတ်(၅)ရပ်ကွက် ဦးကာဆိမ်း(NGO ဝန်းထမ်းဟောင်း)၏ နေအိမ်များကို ၂၀၁၇-ခုနစ်၊ မြန်မာစစ်တပ်မှမီးရှို့ခဲ့တဲ့အတွက် ၎င်း၏မိသားစုဟာ မြို့မကညင်တန်းကျေးရွာ BAJရုံးရဲ့ မြောက်ဘက်ရှိ ရွာရဲ့အိမ်တစ်အိမ်တွင်ယာယီခိုလှုံနေထိုင်လျက်ရှိတယ်လို့ သိရှိရပါတယ်။ ၎င်းတို့ကိုအစိုးရက သတ်မှတ်ထားသော မြေကွက် ပေ၃၀×၄၀တွင် ပြောင်းရွေ့နေထိုင်ရန်စီစဉ်နေပေမဲ့ ၎င်းတို့ကလက်မခံကြောင်း သက်ဆိုင်ရာအစိုးရဌာနများသို့ စာတင်ခဲ့ရာ ၎င်းကိုဒေသခံအာဏာပိုင်များက မကျေနပ်၍ ဇန်နဝါရီလ-၁၉ရက်၊ ည-၂နာရီအချိန်တွင ်မြို့မရဲစခန်းမှ…
Posts tagged as “ဖမ္းဆီးခံရ”
၂၀၂၁ခုနစ်၊ ဇန်နဝါရီလ (၆)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကနေလာတဲ့ တိုင်းရင်းသားရိုဟင်ဂျာ (၉၉)ဦးတို့ကို ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ထိုဖမ်းဆီးရမိခဲ့တဲ့သူများဟာ ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်မဲ့သူများလို့ သိရှိရပြီး ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက် ဘုရင့်နောင်လမ်းမှ မသင်္ကာစရာလူတစ်ဦးကို ရွှေပြည်သာမြို့နယ်စခန်းမှူးက ခေါ်ယူစစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဖမ်းခံရသူများတွင်…
၂၀၂၀ခုနစ် ၊ ဒီဇင်ဘာ(၂၄)ရက်နေ့ နေ့လည်(၁)နာရီခွဲခန့်တွင် ပဲခူးတိုင်း၊ပြည်မြို့ ၊ ကျောင်းကြီးအိုးတန်းရပ်ကွက် ၊ ရွှေဘုန်းပွင့်ဘုရားအနီးတွင် ရခိုင်ပြည်နယ်မောင်တောမှ တိုင်းရင်းသားရိုဟင်ဂျာအမျိုးသမီး(၁၂)ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါရိုဟင်ဂျာအမျိုးသမီးများမှာ အသက်(၂၀)ဝန်းကျင်များဖြစ်ကြပြီး သာသနဓမ္မဂုဏ်ရည်ကျောင်းတိုက်ဟု ရေးသားထားတဲ့ ကားနံပတ် YNG RLG-7015 အဖြူရောင်မှန်လုံကားပေါ်၌ ဖမ်းဆီးမိခဲ့ပေမဲ့ ယာဉ်မောင်းနဲ့သံဃာတစ်ဦးမှာတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့…
၂၀၂၀ခုနစ်ဇွန်လ(၈)ရက်နေ့ တနင်္လာနေ့မနက်အစောပိုင်း၌ သေဆုံးနေသောလူတစ်ဦးနဲ့အတူ ရိုဟင်ဂျာ(၂၆၉)ယောက် လိုက်ပါလာသောလှေမှာ စက်ချို့ယွင်းနေသဖြင့် လုံခြုံရေးတပ်ဖွဲ့များမှ ပြန်လည်ထွက်ခွာရန် အတင်းစေခိုင်းလို့မရပဲ ဖမ်းဆီးလိုက်တယ်လို့ ရိုက်တာသတင်းမှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ “ဒုက္ခသည်”ဟူသော အခြေနေတစ်ရပ်ကို အသိအမှတ်မပြုတဲ့ အရှေ့တောင်အာရှနိုင်ငံဟာ မြန်မာနိုင်ငံတွင်၂၀၁၇ခုနစ် စစ်တပ်မှဦးဆောင်တဲ့ ရိုဟင်ဂျာနှိမ်နှင်းခြင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် ဆိုးရွားတဲ့အခြေနေများနဲ့ ကြုံတွေ့နေရတဲ့ရိုဟင်ဂျာများအတွက် ဦးစားပေးနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ တနင်္လာနေ့မနက်ခင်းတွင်…
COVID-19ဖြစ်ပွားမှုကို ကြောက်ရွံ့ခြင်းကြောင့် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်တရားရုံးက ဖမ်းဆီးထားသော လူကုန်ကူးခံရသူ ရိုဟင်ဂျာအမြောက်အများကို အမှုမှရုတ်သိမ်းပေးလိုက်တယ်လို့ သိရပါတယ်။ လူကုန်ကူးခံရသူအုပ်စုနှစ်စုတွင် ရိုဟင်ဂျာအမျိုးသားများ၊အမျိုးသမီးများနဲ့ကလေးများပါဝင်ကာ အရွယ်ရောက်ပြီးသူ(၉၇)ယောက်ရှိပြီး အများစုမှာအမျိုးသမီးများနဲ့ ကလေး(၃၁)ယောက် စုစုပေါင်း(၁၂၈)ယောက် ဖြစ်ပါတယ်။ ထိုသူများဟာ တရားမဝင် ဝင်ရောက်စီးနင်းသော ရခိုင်များထံမှ လွတ်မြောက်ရန်ကြိုးပမ်းစဉ် ဖမ်းဆီးထိန်းသိမ်းခံရတာပဲ ဖြစ်ပါတယ်။အာဏာပိုင်များက ထိုသူများကို ရခိုင်ပြည်နယ်ရဲ့…
၂၀၂၀ခုနစ် မတ်လ၁ရက်နေ့ နံနက်(၇)နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့ ၊ဧရာဝတီတံတားပေါ်၌ ခိုးထွက်ဖို့ ကြိုးစားတဲ့ တိုင်းရင်းသားရိုဟင်ဂျာ(၇)ဦးကို စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ယာဉ်မောင်း(၂)ဦး၊ တိုင်းရင်းသားရိုဟင်ဂျာအမျိုးသား(၁)ဦး အမျိုးသမီး(၆)ဦး စုစုပေါင်း(၉)ဦးတို့ဟာ တိုယိုတာဝှစ်ယာဉ်နဲ့ ပဒါန်းဘက်မှ မောင်းနှင်လိုက်ပါလာတာဖြစ်ပြီး ဧရာဝတီတံတားပေါ်ရှိ တိုးဂိတ်မှာ စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားရိုဟင်ဂျာများဟာ…
၂၀၂၀ခုနစ်၊ ဖေဖော်ဝါရီလ၁၉ရက်နေ့တွင် မြန်မာအာဏပိုင်များက ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၌ လူကုန်ကူးခံရသော ရိုဟင်ဂျာ၄၉ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ၎င်းဒေသခံတိုင်းရင်းသားရိုဟင်ဂျာ၄၉ဦးဟာ ရန်ကုန်-နေပြည်တော်အဝေးပြေးလမ်းမကြီး မိုင်တိုင်(၂၅မိုင်၆ဖာလုံ)အနီးရှိ စာဘူးတောင်းကျေးရွာအုပ်စု သျှစ်ကုန်းရွာနဲ့ ၃ဖာလုံအကွာ တောထဲက အနက်ပေ၂၀၀ခန့်ရှိတဲ့ လျှိုထဲမှာ ဖမ်းဆီးခံခဲ့ရတာပဲဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံတိုင်းရင်းသားရိုဟင်ဂျာ၄၉ဦးထဲမှာ အမျိုးသား၁၈ဦး၊ အမျိုးသမီး၂၈ဦးနဲ့ ကလေး၃ဦးတို့…
ဖေဖော်ဝါရီလ၁၄ရက်နေ့တွင် ဧရာဝတီတိုင်းပုသိမ်ကမ်းရိုးတန်း၌ စစ်အစိုးရဲ့လူမျိုးတုံးသတ်ဖြတ်မှုမှ လွတ်မြောက်လာတဲ့ တိုင်းရင်းသားရိုဟင်ဂျာ၄၈ဦးကိုမြန်မာရေတပ်မှဖမ်းဆီးခဲ့တယ်လို့ AFPမှဒေသခံအရာရှိတစ်ဦးရဲ့သတင်းများအရသိရပါတယ်။ RVisionသတင်းဌာနရဲ့ စုံစမ်းမေးမြန်းမှုအရ ၎င်းအုပ်စုမှာမလေးရှားနဲ့အင်ဒိုနီးရှားသို့ထွက်ခွာလာရာလမ်းကြောင်းတွင် အဖမ်းခံထားရသောအခြားအုပ်စုများထဲမှတစ်ဖွဲ့ဖြစ်ပြီး တချို့သောအဖွဲ့မှာပြီးခဲ့တဲ့လများအတွင်း၎င်းတို့ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိခဲ့ကြပါတယ်လို့သိရပါတယ်။ အဖမ်းခံထားရတဲ့ရခိုင်ပြည်နယ်မှ ဒေသခံတိုင်းရင်းသားရိုဟင်ဂျာများက ၎င်းတို့ကိုIDPလို့ခေါ်တဲ့ပြင်ပထောင်များဒါမှမဟုတ်သော့ခတ်ပြီးထားတဲ့ထောင်များသို့ပို့ခံရမည်ကို စိုးရိမ်ကြောက်ရွံ့နေကြပေမဲ့လည်းတချို့ထောင်ချခံရသောတိုင်းရင်းသားရိုဟင်ဂျာများကိုတော့ ၎င်းတို့ရဲ့နေအိမ်များသို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ လူမျိုးတုန်းအသတ်ခံရမှုမှ လွတ်မြောက်ရန်ကြိုးစားနေရရှာတဲ့ တိုင်းရင်းသားရိုဟင်ဂျာများအပေါ်လူကုန်ကူးသူတို့ရဲ့ခေါင်းပုံဖြတ်လှည့်ဖြားမှုကြောင့် ယခုအပတ်အတွင်းထိခိုက်သေဆုံးမှုများဖြစ်ပွားမှုဟာ နှစ်ကြိမ်မြောက်ဖြစ်နေပြီးပြီးခဲ့တဲ့အင်္ဂါနေ့ကလည်း စိန့်မာတင်ကျွန်းအနီးဒုက္ခသည်ရိုဟင်ဂျာပေါင်း၁၄၀ကို သယ်ဆောင်လာသောလှေတိမ်းမှောက်ကာ…
ရခိုင်ပြည်နယ်အနောက်ပိုင်းကနေ ရန်ကုန်မြို့ကို အလုပ်လုပ်ကိုင်ရန် သွားရောက်ဖို့ ကြိုးစားတဲ့အတွက် ဖမ်းဆီးခံခဲ့ရတဲ့ ဖိနှိပ်ခံ ရိုဟင်ဂျာ ၃၀ဦးထဲမှာ ၅နှစ်သားအရွယ် ကလေးငယ် တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေမှာ ဖိနှိပ်ချုပ်ချယ်မှုတွေ ခံထားရတဲ့ ရိုဟင်ဂျာတွေထဲက တစ်ချို့ပဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၃၀ဦးထဲက အသက်ပြည့်ပြီးသူ…