Press "Enter" to skip to content

Posts tagged as “ပညာရေး”

ဘူးသီးတောင်မြို့နယ်တွင်းရှိ ကျေးရွာများမှ ရိုဟင်ဂျာကျောင်းသူ/သားများ ပညာသင်ကြားခွင့်မရခြင်းကြောင့် စိုးရိမ်ပူပင်နေ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်းရှိ ရိုဟင်ဂျာမွတ်စလင်များ နေထိုင်ရာ ကျေးရွာတွေမှာ ရိုဟင်ဂျာကျောင်းသူ/သားတွေ ကျောင်းအပ်နှံ ပညာသင်ကြားခွင့် မရရှိတာကြောင့် အနာဂတ်ပျောက်ဆုံးမှာကို စိုးရိမ်ပူပင်နေရကြောင်း ဒေသခံတစ်ချို့က ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဘူးသီးတောင်မြို့နယ်တွင်းမှာရှိတဲ့ ကျေးလက်ဒေသမှာ အစိုးရအမှုထမ်းများဖြစ်ကြတဲ့ ဗုဒ္ဓဘာသာဝင် ဆရာ/မ တွေက ရိုဟင်ဂျာ ကလေးငယ်တွေကို သွားရောက် ပညာသင်ကြားပို့ချပေးဖို့…

ရိုဟင်ဂျာကလေးငယ်တို့ အနာဂတ်ပညာရေးအတွက် နိုင်ငံတကာ အသိုင်းဝိုင်းရဲ့ အကူညီများလိုအပ်နေ

ဘူးသီးတောင်မြို့။     ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ဘုရားပြင်အောင်ပကျေးရွာတွင်း နေထိုင်ကြသော ရိုဟင်ဂျာ ကလေးငယ်များ၏ အနာဂတ်ပညာရေးအတွက် အခက်အခဲများရင်ဆိုင်နေရကြောင်း ကျေးရွာနေသူ တစ်ဦးက သတင်းပေးပို့ထားပါတယ်။ ဘုရားပြင်အောင်ပကျေးရွာမှာ အိမ်ခြေစုစုပေါင်း (၈၀၀)ခန့်ရှိပြီး ကျေးရွာတွင်း နေထိုင်သူဦးရေ စုစုပေါင်း (၅၀၀၀) ကျော်ခန့်ရှိပါတယ်။ ပညာသင်အရွယ် ကလေးငယ် (၄၀၀) ကျော်ရှိပြီး ၄င်းတို့ထဲမှာ…

ပညာသင်ကြားခွင့်မရရှိတဲ့ ရိုဟင်ဂျာကလေးငယ်တွေရဲ့ အနာဂတ်အတွက် မိဘများက စိုးရိမ်ပူပန်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက သူတို့ရဲ့ကလေးငယ်တွေ ပညာသင်ကြားခွင့် မရရှိခြင်းကြောင့် အနာဂတ်ပျောက်ဆုံးမှာကို စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြပါတယ်။ ကူတုပါလောင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ သားသမီးခြောက်ဦး၏ ဖခင်ဖြစ်သူ ဦးအဘူဆော်ယဒ်က သူ့ဘဝကတော့ ပြီးဆုံးခါနီးပြီဖြစ်ပေမယ့် တကယ်လို့ သူ့သားမီးတွေလည်း ပညာသင်ကြားခွင့်မရရင် သူတို့ဘဝတွေလည်း အဓိပ္ပာယ်မဲ့လာတော့မှာဖြစ်ကြောင်းနဲ့ လုံလောက်တဲ့ပညာရေး မရရှိခြင်းက သူတို့အတွက်…

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာကလေးငယ်တွေအတွက် ပညာရေးစိန်ခေါ်မှု

၂၀၁၂ခုနှစ် မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်းစစ်ဆင်ရေးတွေ စတင်ပြုလုပ်ချိန်မှာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲမှာ ပညာသင်ကြားနိုင်ခဲ့သူအနည်းငယ်နှင့် ပညာသင်ကြားခွင့် မရရှိခဲ့ကြသူ အများအပြားရှိပါတယ်။ ဒုက္ခသည်ကျောင်းသူ/သားများထဲမှ ၉နှစ်အရွယ်ရှိတဲ့ ရုခ်ဆာနာက တစ်နေ့မှာ ဆရာမတစ်ဦးဖြစ်လာနိုင်ဖို့ မျှော်လင့်နေသူ ဖြစ်ပါတယ်။ သူမကို လက်ရှိသင်ကြားပေးနေတဲ့ ဆရာကတော့ အထက်တန်း ပညာအရည်အချင်းသာ…

ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာကျောင်းသူ/သားများ ပညာသင်ကြားခွင့်ရရှိရန် ဆန္ဒဖေါ်ထုတ်

ကော့ဇ်ဘဇား။ ။၂၀၁၉ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၆ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ နော်ယာဖါရာ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ကျောင်းသူ/သားများက စုဝေး ဆန္ဒဖေါ်ထုတ်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ဆန္ဒဖေါ်ထုတ်ခဲ့ရာ အရပ်မှ ရိုဟင်ဂျာတစ်ဦးက Rohingya Visionသို့ သတင်းပေးပို့ ထားပါတယ်။ ၁၉၉၀ခုနှစ်မှစ၍ ယနေ့ထိတိုင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ သန်းနှင့်ချီကာ…

Mission News Theme by Compete Themes.