ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ညောင်ချောင်းနယ်မြေ၊ဖုရားပြင်အောင်ပ ကျေးရွာမှာ တိုင်းရင်းသားရိုဟင်ဂျာများ ပိုင်ဆိုင်တဲ့ မြေပေါ်တွင် ရခိုင်ဗုဒ္ဓဘာသာတစ်ဦးက အာဏာပိုင်များရဲ့ ခွင့်ပြုချက်မရရှိဘဲ စီးနင်းကျူးကျော်ကာ ဆိုင်ခန်းဆောက်ခဲ့တယ်လို့ ရိုဟင်ဂျာတူဒေးသတင်းစာမှ ဖော်ပြခဲ့ကြောင်း သိရပါတယ်။ ညောင်ချောင်းဈေးကို ရိုဟင်ဂျာများက ၎င်းတို့ပိုင်မြေများပေါ်မှာ တည်ဆောက်ထားခဲ့တာဖြစ်ပြီး ဆောက်လုပ်တဲ့နေ့မှစပြီး ဒေသခံများဟာ လူမျိုးရေးဘာသာရေးခွဲခြားမှုမရှိဘဲ ငြိမ်းချမ်းစွာ အရောင်းဝယ်များ ပြုလုပ်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။ မကြာသေးမီက…