အိန္ဒိယနိုင်ငံမှ ရိုဟင်ဂျာ(၇)ဦးကို အောက်တိုဘာလမှစ၍ မိမိတို့နေရပ်ဖြစ်သော မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သောကြောင့် ရာနှင့်ချီသော ရိုဟင်ဂျာမွတ်စလင်မိသားစုဝင်များက နေရပ်ပြန်ပို့ခံရမည်ကို စိုးရိမ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံနေကြကြောင်းနှင့် တစ်ချို့များမှာမူ ထွက်ပြေးခိုလှုံရန် ပြင်ဆင်နေကြကြောင်း သိရှိရပါတယ်။ အိန္ဒိယနိုင်ငံ၏ ဟိန္ဒူအမျိုးသားရေးစိတ် ပြင်းပြသော အစိုးရမှ ရိုဟင်ဂျာမွတ်စလင်များနှင့်ပတ်သက်၍ တရားမဝင်နိုင်ငံခြားသားများဖြစ်ကြောင်းနှင့် လုံခြုံရေးအရ အန္တရာယ်ရှိကြောင်းပြောဆိုပြီး ထောင်နှင့်ချီသော…