ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အရှေ့တောင်ဘက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်မတော်(AA)တို့ အပြန်အလှန် ပစ်ခတ်မှုတွေကြား ရိုဟင်ဂျာနေအိမ် အမြောက်အများ မီးလောင်ကျွမ်းခဲ့ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေရှိသလို ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်ရန် အိုးအိမ်စွန့်ခွါထွက်ပြေးနေရကြောင်း ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့မှာ တပ်ရင်း(၅၅၁)က မြန်မာစစ်သားတွေနဲ့ ရခိုင့်တပ်မတော်တို့ အပြန်လှန်…
Posts tagged as “တိုက်ပွဲ”
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဗမာစစ်တပ်နဲ့ AA တပ်ဖွဲတို့ကြားကတိုက်ပွဲတွေဟာ ရပ်တန့်မှုမရှိပဲ ပိုမိုတင်းမားလာခဲ့ပြီး ဒေသခံပြည်သူတွေအားထိခိုက်ဒဏ်ရာရခြင်း သေဆုံးခြင်းများရှိနေတာမို့ ဝမ်းရေးအတွက်သွားလာရှာဖွေစားသောက်ဖို့ ခက်ခဲနေကြရှာပါတယ်။ နှစ်ဖက်အပစ်ခတ်ရပ်ရေးဆွေးနွေးနေတယ်ဆိုပြီး တကယ်တမ်းကျတဖက်နဲ့တဖက် ခေါင်းရှောင်ကာ အပြစ်တင်ပြောဆိုခြင်းတွေကိုသာတွေ့နေရပြီး ရခိုင်ပြည်ကစစ်ပွဲတွေ ငြိမ်းချမ်းဖို့ဆိုတာ ဒေသခံပြည်သူတွေအတွက်တော့ မျှော်လင့်ချက်ကင်းမဲ့နေသလိုပါပဲ။ မနေ့မနက် ၈နာရီလောက်က ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာကြားနဲ့ မဆိုးချောင်းဒေသငစံဘော်ရွာကြားအတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့်အရပ်သားကလေးငယ်တဦး…