Press "Enter" to skip to content

Posts tagged as “ကျည်ဆံထိမှန်”

မင်းပြားမြို့နယ် ပန်းမြောင်ရွာတွင် အဘွားအိုတစ်ဦး ဦးခေါင်းကျည်ဆန်ထိမှန်

မနေ့နိုဝင်ဘာလ ၁၈ ရက်မနက်ပိုင်းအချိန်က ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ပန်းမြောင်ကျေးရွားတွင် AA တပ်မတော်နဲ့ ဗမာစစ်တပ်တို့တိုက်ပွဲများဖြစ်ပွားနေစဉ် အဘွားအိုတစ်ဦးရဲ့ဦးခေါင်းအား ကျည်ဆန်ရှပ်ကာထိမှန်ခဲ့ကြောင်း သိရပါတယ်။ ဒေသခံများရဲ့ပြောပြချက်အရ ရွာဘက်ကိုရိက္ခာသယ်လာတဲ့ ဗမာစစ်တပ်က ရွာအနီးကွင်းပြင်တွင် ပုရစ်တူးနေတဲ့ကလေးတွေကို ပစ်ခတ်ခဲ့တာဖြစ်ပြီး နေအိမ်ထဲက အဘွားအိုတစ်ဦးရဲ့ခေါင်းကို ရှပ်ထိမှန်ခဲ့တာဖြစ်ပါတယ်။ ဗမာစစ်တပ်ဘက်က အနောက်ပိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ပထမတန်းစား ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာမျိုးမရှိကြောင်း ငြင်းဆိုထားပါတယ်။

မြန်မာစစ်တပ်နဲ့AAရဲ့ အပြန်အလှန်ပစ်ခတ်မှုကြား ရိုဟင်ဂျာတစ်ဦးသေဆုံးပြီး အများအပြားပိတ်မိနေ

ဘူးသီးတောင်မြို့။ ။၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်း သပိတ်တောင်ကျေးရွာမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်မတော်တို့ အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ပွားချိန်မှာ  ရိုဟင်ဂျာ အမျိုးသားတစ်ဦး ကျည်ဆံအများပြားထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူ ရိုဟင်ဂျာအမျိုးသား၏ အမည်မှာ ဦးအဗ်ဒူလ်မူနာဖ်၏သား ဦးအဗ်ဒူလ်ကရိမ် အသက် ၄၇နှစ်ဖြစ်ပြီး တနင်္ဂနွေနေ့ မနက်၁၁နာရီအချိန်ခန့်မှာ…

ဘူးသီးတောင်တွင် မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာလူငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာပြင်းထန်စွာရရှိ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တောင်ပိုင်း စံကိုးထောင်ကျေးရွာအုပ်စုမှာ ဇူလိုင်လ ၂၈ရက်နေ့က မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာလူငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက် ၁၀နာရီအချိန်ခန့်မှာ ဆင်သေပြင်ကျေးရွာတွင်းနေထိုင်သူ အနူဝါရ်ဆာဒဲခ် (ဘ) နူရူဇာမာလ် အသက်…

ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် AAတို့ အပြန်လှန်ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာတစ်ချို့ ကျည်ဆံထိမှန်ဒဏ်ရာရ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်း ညောင်ချောင်းနယ်မြေရဲစခန်းကို AAက ဝင်တိုက်ခဲ့ပြီး မြန်မာစစ်တပ်နဲ့ နှစ်ဦးနှစ်ဘက် အပြန်လှန်ပစ်ခတ်မှုတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ရိုဟင်ဂျာ မွတ်စလင် တစ်ချို့နှင့် ရခိုင်တစ်ချို့လည်း ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ဒီကနေ့မနက် ၄နာရီအချိန်ခန့်မှာ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ညောင်ချောင်းနယ်မြေ…

ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့်AAတို့ တိုက်ပွဲအတွင်း ရိုဟင်ဂျာလူငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ စံကိုးထောင်ကျေးရွာအုပ်စုမှာ ၂၂.၇.၂၀၁၉ရက်နေ့က မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ လူငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများက သတင်းပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ နေ့လည် ၂နာရီခွဲ အချိန်ခန့်မှာ အင်အား ၂၀၀ကျော်ရှိတဲ့ မြန်မာ့စစ်ကြောင်းက ဥယျာဉ်သာကျေးရွာအနီးတဝိုက်က…

မြန်မာစစ်တပ်နှင့် AAတို့တိုက်ပွဲကြောင့် ဒဏ်ရာရရှိသူ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ကလေးငယ်သေဆုံး

ဘူးသီးတောင်မြို့။    ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ စံဂိုးထောင်ကျေးရွာအုပ်စု ဆင်သေပြင်ကျေးရွာနှင့် ဥယျာဉ်သာကျေးရွာ အနီးတဝိုက်တွင် မြန်မာစစ်တပ်နှင့် AAတို့ရဲ့ အပြန်လှန် ပစ်ခတ်မှုကြောင့် ကျည်ဆံထိမှန် ဒဏ်ရာရရှိသူ ဆင်သေပြင်ကျေးရွာမှ ကိုယ်ဝန်ဆောင် ရိုဟင်ဂျာ အမျိုးသမီး၏ ရင်သွေးငယ် သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက Rohingya Visionသို့ သတင်းပေးပို့ ထားပါတယ်။ ဧပြီလ…

မြန်မာစစ်တပ်နှင့် AAတို့ အပြန်လှန်ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန်

ဘူးသီးတောင်မြို့။    ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ စံဂိုးထောင်ကျေးရွာအုပ်စု ဆင်သေပြင်ကျေးရွာနှင့် ဥယျာဉ်သာကျေးရွာ အနီးတစ်ဝိုက်တွင် မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့ အပြန်လှန်ပစ်ခတ်မှု ပိုမိုပြင်းထန် နေစဉ်အတွင်း ကိုယ်ဝန်ဆောင် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိပြီး ကျေးရွာတွင်း နေထိုင်ကြသူများ အားလုံး ပိတ်မိနေကြောင်း ဒေသခံတစ်ဦးက Rohingya Visionသို့ သတင်းပေးပို့…

Mission News Theme by Compete Themes.