ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် အင်တာနက်လိုင်းများ သုံးစွဲမှုပိတ်ပင်ခံထားရပြီး မှန်ကန်သောသတင်းအချက်အလက်များ မရရှိတဲ့အတွက် လူထောင်သောင်းများစွာကို သေစေနိုင်တဲ့ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခြင်းနဲ့ပက်သက်ပြီး ကောလဟလအမျိုးမျိုး ထွက်ပေါ်လျက်ရှိနေတယ်လို့ သိရပါတယ်။ ကျန်းမာရေးကျွမ်းကျင်သူများ ညွှန်ကြားထားတဲ့ ကြိုတင်ကာကွယ်ရေးအစီအစဉ်များကို လိုက်နာဆောင်ရွက်ရမဲ့အစား ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များက ကောလဟလသတင်းများကို ယုံကြည်ကာ ထိတ်လန့်တုန်လှုပ်လျက်ရှိပြီး အယူသီးမှုများ ကျင့်သုံးနေကြပါတယ်။ မတ်လ၂၆ရက်နေ့ ညသန်းခေါင်အချိန်မှာ ဒုက္ခသည်စခန်းအားလုံးတွင်…