Press "Enter" to skip to content

Posts tagged as “ကလေးငယ်သေဆုံး”

ဘူးသီးတောင်စစ်ပွဲတွင်ပစ်ခတ်မှုကြောင့်ကလေးငယ်တစ်ဦးသေဆုံးပြီး၊နှစ်ဦးဒဏ်ရာရ

၂၀၂၀ခုနစ်ဖေဖော်ဝါရီလ၁၂ရက်နေ့ညနေ၃နာရီခန့်တွင်ရခိုင်ပြည်နယ်ဘူးသီးတောင်သရက်ပြင်မြို့ ရေချမ်းပြင်ရွာသစ်တွင်ရခိုင်သူပုန်များနဲ့တပ်မတော်လို့ခေါ်တဲ့အစိုးရထောက်ပံ့ပေးထားသောဗမာစစ်တပ်တို့ကြားတိုက်ခိုက်မှုများကြောင့်ကလေးငယ်အပါအဝင်တိုင်းရင်းသားရိုဟင်ဂျာ၃ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ကျေးရွာမှမျက်မြင်သက်သေတစ်ဦးရဲ့ပြောပြချက်အရသိရပါတယ်။ အသတ်ခံရသူများမှာဖာတမာ(၄၇နှစ်)၊ရှဟစ်ဒ်အာလမ်(၁၇နှစ်)နှင့်အစမားဂျီဂါ(၁နှစ်)တို့ဖြစ်ကြပြီးဒဏ်ရာရသူများမှာစလမားခါတွန်(၂၂နှစ်)နှင့်အဘူဆိုဖီယန်းတို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မနက်၎နာရီခန့်တွင်ကျောက်တော်မြို့နယ်၊တောင်ဘွဲ့ကျေးရွာမှာလဲအမြောက်ကျည်များကြောင့်၁၅နှစ်အရွယ်ကောင်လေးတစ်ယောက်သေဆုံးပြီးဆယ်ကျော်သက်အရွယ်လူငယ်နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ဧရာဝတီသတင်းဌာနကထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူများမှာဘူးသီးတောင်နဲ့စစ်တွေအထွေထွေကုဆေးရုံများသို့တက်ရောက်ကုသနေကြရတယ်လို့လဲသိရပါတယ်။ မကြာသေးမီကဘူးသီးတောင်နှင့်ရသေ့တောင်တွင်ကျေးရွာပေါင်း၁၀ခုရှိဗုဒ္ဓဘာသာနှင့်မွတ်စလင်မ်များဟာကိုလိုနီစစ်တပ်နဲ့လွတ်လပ်မှုအပြည့်အဝရထားသောတိုက်ခိုက်ရေးသမားများကြားဖြစ်လျက်ရှိသောကြောက်စရာကောင်းတဲ့တိုက်ပွဲများကြောင့်ထိခိုက်နစ်နာမှုများကိုတူညီစွာခံစားနေကြရပေမဲ့ဒေသခံတိုင်းရင်းသားရိုဟင်ဂျာမွတ်စ်လင်များမှာတော့အစိုးရဖက်မှသော်လည်းကောင်း၊အရပ်ဘက်လူ့အဖွဲ့စည်းများဖက်မှသော်လည်းကောင်းမည်သည့်အထောက်ပံ့အကာကွယ်များမရရှိပဲလုံးဝအကူညီမဲ့လျက်ရှိနေတယ်လို့သတင်းရရှိပါတယ်။

မြန်မာစစ်တပ်နှင့် AAတို့တိုက်ပွဲကြောင့် ဒဏ်ရာရရှိသူ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ကလေးငယ်သေဆုံး

ဘူးသီးတောင်မြို့။    ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ စံဂိုးထောင်ကျေးရွာအုပ်စု ဆင်သေပြင်ကျေးရွာနှင့် ဥယျာဉ်သာကျေးရွာ အနီးတဝိုက်တွင် မြန်မာစစ်တပ်နှင့် AAတို့ရဲ့ အပြန်လှန် ပစ်ခတ်မှုကြောင့် ကျည်ဆံထိမှန် ဒဏ်ရာရရှိသူ ဆင်သေပြင်ကျေးရွာမှ ကိုယ်ဝန်ဆောင် ရိုဟင်ဂျာ အမျိုးသမီး၏ ရင်သွေးငယ် သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက Rohingya Visionသို့ သတင်းပေးပို့ ထားပါတယ်။ ဧပြီလ…

Mission News Theme by Compete Themes.