စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံရိုဟင်ဂျာ အမျိုးသားတစ်ဦး သေဆုံး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်၊ သာယာကုန်းနဲ့ ငွေတောင်ကျေးရွာအနီးမှာ အာရက္ခတပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့အကြားအပြင်းအထန်တိုက်ပွဲဖြစ်ပွါးလျက်ရှိပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေတာကြောင့် ဒေသခံရိုဟင်ဂျာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇွန် ၆ ရက်၊ ဒီကနေ့ နေ့လယ်…
Posts tagged as “ျမန္မာစစ္တပ္”
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ညောင်ချောင်းကျေးရွာမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းကို နင်းမိပြီး ဒေသခံရိုဟင်ဂျာအမျိုးသား တစ်ဦးရဲ့ ခြေထောက်တစ်ဖက် ပြတ်သွားခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၄ ရက် ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ ညောင်ချောင်းကျေးရွာအနီး လယ်ကွင်းပြင်မှာ နွားကျောင်းဖို့ သွားတဲ့အချိန် စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့…
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာလူနည်းစုများ၏ အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ကုလသမဂ္ဂအဖွဲ့များနှင့် အခြားသော သက်ဆိုင်သူများ ပေါင်းစပ်ညှိနှိုင်းပြီး ပေါင်းစည်းဆောင်ရွက်ကြရန် နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က တောင်းဆိုလိုက်သည်။ အထွေထွေညီလာခံ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ကုလသမဂ္ဂ ဌာနချုပ်တွင် ၂၀၂၄…
ရက္ခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီက မြို့ပြင်ထိ အင်အားတိုးချဲ့ထားသည့်အပြင် ထိုးစစ်ဆင် စတင်ရန် ရာနှင့်ချီသည့် စနိုက်ဘာသမားများ လူနေရပ်ကွက်များတွင် တပ်ဖြန့်နေရာယူထား ကြောင်း သတင်းရရှိသည်။ အင်အား ၅၀ဝ၀ ကျော်ရှိသည့် စစ်ကောင်စီသည် နခခ (၅) တပ်မမှ မြို့ပြင်သို့ထွက်ကာ ခံစစ်မှ ထိုးစစ်ဆင် စတင်ရန် အသင့်ပြင်ထား…
မောင်တောမြို့မြောက်ပိုင်း၊ကျောက်လှေကားကျေးရွာအုပ်စု၊သဲချောင်းကျေးရွာတွင် နေထိုင်သည့် ရိုဟင်ဂျာ ၃ ဦးကို လွန်ခဲ့သည့် မေလ ၃၀ ရက်နေ့ ညနေ ၂ နာရီခန့်က AA အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ပြန်ပေးဆွဲခံရသူ သုံးဦးမှာ_အာဗ်ဒူရော်ဇာခ်(ဘ) ဆော်ယောအာခ်ဘောရ်၊ ဆိုက်ဖုလ်ခေါ်လိမ် (ဘ) အာဗ်ဒူရာဇာခ်နှင့် မူဟာမတ်ဟာမိတ်(ဘ) ဆော်ယိတ်အာခ်ဘောရ် တို့ဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။…
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်၊ စျေးထဲရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာကာ ပြည်သူပိုင်နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်၊ စျေးထဲရွာကို မေလ ၂၈ ရက် ဒီကနေ့ နေ့လယ် ၃ နာရီ ၃၀ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်…
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်း Remal သည် မေ ၂၆ ရက်နေ့တွင် ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm Remal) အဖြစ်ရောက်ရှိကာအားကောင်းလာမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက် ခြင်းမရှိကြောင်း ယနေ့ မေ ၂၅ ရက်တွင် စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်သည်။ အားကောင်းသော…
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်၊ မွတ်ဆလင်ရွာနဲ့ ဟိန္ဒူရွာမှာရှိတဲ့ ဒေသခံပြည်သူတွေဟာ ရွာအတွင်း ပိတ်မိနေပြီး စားနပ်ရိက္ခာအပါအဝင်အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံက သိရပါတယ်။ အဆိုပါ လေးမိုင်မှာ ရွာပေါင်း ၁၂ ရွာရှိပြီး ရခိုင်ရွာ ၁၀ ရွာက ဒေသခံပြည်သူတွေ အားလုံး ထွက်ပြေးတိမ်းရှောင်သွားကြပေမယ့် မွတ်ဆလင်ရွာနဲ့ ဟိန္ဒူရွာက…
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ အလယ်သံကျော်ကျေးရွာမှာ ရိုဟင်ဂျာတွေ ပိတ်မိနေပြီး စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။ အဆိုပါမောင်တောတောင်ပိုင်းရှိ အလယ်သံကျော်မှာနေထိုင်တဲ့ ရိုဟင်ဂျာ စုစုပေါင်း ၁၂၀ ဦးခန့်ရှိတယ်လို့ သိရပြီး လမ်းပန်းဆက်သွယ်ရေးပိတ်ပင်ခံထားရတာကြောင့် စားဝတ်နေထိုင်ရေးအပြင် အခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ “သူတို့မှာ လမ်းပန်းဆက်သွယ်ရေးပိတ်ခံရတာက ၆လကျော်ရှိပြီ၊ တစ်ခါတစ်လေ စက်လှေနဲ့…
ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အစုအပြုံလိုက်သတ်ဖြတ်မှု မဖြစ်အောင် အမြန်ဆုံးဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို လူ့အခွင့်အရေးဆိုင်ရာ အရှေ့တောင်အာရှ ပါလီမန်အမတ်များအဖွဲ့ (APHR) က မနေ့က အရေးပေါ် တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ APHR ရဲ့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ ဘူးသီးတောင်မြို့က…