တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့မှ မြို့ခံများသည် ဘေးလွှတ်ရာသို့ အသက်ကယ်ထွက်ပြေးနေကြရာတွင် နောက်ဆုံးထွက်ပြေးလာသော မြို့ခံ ၃ ထောင်ကျော်ကို အေအေ အဖွဲ့က မောင်တောမြောက်ပိုင်းဘက်သို့ ထွက်သွားခြင်းမပြုဘဲ လသာရပ်ကွက်အပိုင် အင်းတိလ္လာရွာ-ရွှေဇားကြား တံတား ရှေ့တဖက်ကမ်းတွင် မနက်ပိုင်း ၉ နာရီခန့်ကပင် တားဆီးထားကြောင်း သိရှိရသည်။ ယခုကဲ့သို့ တိုက်ပွဲရှောင် ခိုရာမဲ့ပြည်များကို…
Posts tagged as “ျမန္မာစစ္တပ္”
ရခိုင်ပြည်နယ်၊ မောင်တောမြို့ လူနေရပ်ကွက်တွေအပေါ် ရခိုင်တပ်တော် (AA)က ဖျက်အားပြင်း ဗုံးတွေ ဒရုန်းတွေထဲ ချိတ်ဆွဲပြီး ပစ်ချနေတာကြောင့် နေ့စဉ် ရိုဟင်ဂျာသေဆုံးမှုတွေ ရှိနေသလို အပြင်းအထန် ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။ ရခိုင်တပ်တော် (AA)က မောင်တောမြို့ပေါ် မှာရှိတဲ့ လူနေထူထပ်တဲ့ ရိုဟင်ဂျာရပ်ကွက်တွေအပေါ် ဒရုန်းတွေထဲ ဖျက်အားပြင်း…
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကညင်တန်းရပ်ကွက်ရှိ ရိုဟင်ဂျာ မိသားစုနေအိမ်တစ်လုံးပေါ် ဇူလိုင်လ ၁၂ရက်နေ့ ယနေ့ မွန်းလွဲ ၃:၀၀ ဝန်းကျင်ခန့်က လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ရာ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား (၁)ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ရိုဟင်ဂျာ(၅)ဦး ပြင်းထန်စွာ ဒဏ်ရာအသီးသီး ရရှိခဲ့တယ်လို့ ကနဦး သတင်းရရှိပါတယ်။…
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့မှုအတွက် စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားအစိုးရရှေ့နေက တရားရုံးထံ ဇွန်လ ၂၈ ရက်နေ့က တင်သွင်းတဲ့ လျှောက်လွှာထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ရဲ့ အမည်တွေ ပါဝင်နေတယ်လို့ မြန်မာ-ရိုဟင်ဂျာအသင်းယူကေက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်း ရေးသားထားပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို…
မောင်တောမြို့ ဗိုလ်မှူးရပ်ကွက်တွင် လက်နက်ကြီး ကျ၍ အရပ်သား ၄ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ယနေ့ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီ နခခ (၅) မှ ပစ်ခတ်သော လက်နက်ကြီးသည် ဗိုလ်မှူးရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် ကျရောက်ပေါက်ကွဲ၍ လူ ၄…
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားတွင်ရှိသည့် ရိုဟင်ဂျာ ဒုက္ခသည်စခန်းများမှ ဒုက္ခသည် (၂၀) ရာခိုင်နှုန်းတွင် (Hepatitis C) အသည်းရောင်အသားဝါ စီပိုးတွေ့ရှိသည်ဟု MSF ၏ ဇွန်လ (၁၂) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ ဒုက္ခသည် ရိုဟင်ဂျာ (၅) ဦးတွင် (၁) ဦးနှုန်းပျမ်းမျှဖြင့် (Hepatitis…
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်တွင် နခခ(၅)မှ လာရောက် တပ်စွဲထားတဲ့ နယ်ခြားစောင့်ရဲများက လမ်းသွားလမ်းလာ ရိုဟင်ဂျာများထံမှ လူဆိုးဂိုဏ်လိုလို၊ ဓားပြလိုလို ငွေညှစ်မှု ၊ ငွေလုမှု ပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။ မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက် ခွာဆုံတွင် မြို့သူကြီးအခြေစိုက် နခခ(၅) တပ်မက လာရောက် နေရာယူ တပ်စွဲထားတဲ့…
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာတွင် စစ်ပွဲဇုန်အတွင်း ပိတ်မိနေတဲ့ ရိုဟင်ဂျာမိသားစု ၂၈ စု၊ လူဦးရေ ၁၂၈ ဦးအား ယနေ့ ဇွန်လ ၁၀ ရက်နေ့၊ မနက်ပိုင်းတွင် အေအေတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းသို့ လာရောက်ကာ ရိုဟင်ဂျာတွေကို နှင်ထုတ်ပြီးနောက် ရိက္ခာအပါအဝင် ပစ္စည်းများအားလုံးကို…
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဟာဘီကျေးရွာမှာတိုက်ပွဲဖြစ်ပွါးတာမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရိုဟင်ဂျာ ၇ ဦး သေဆုံးပြီး ၂ ဦးအပြင်းအထန်ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ ဇွန် ၉ ရက်၊ ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ ရွှေဇားကျေးရွာအုပ်စု ဂုံးနားရွာရှိ စစ်ကောင်စီရဲ့ နေဗီတပ်က တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ အကြောင်းမဲ့…
ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြို့ဦးရပ်ကွက်ထဲ အေအေတပ်ဖွဲ့ဝင် ယနေ့ နေလည် ၁၂ နာရီခွဲလောက်ကပင် ဝင်ရောက်နေရာယူထား တာကြောင့် မြို့သူကြီးအခြေစိုက် နခခ(၅)က ဒရုန်းဗုံးနဲ့ ပစ်ခတ်လို့ ရိုဟင်ဂျာတစ်ဦးသေဆုံး၊ တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီက ထိုးစစ်ဆင် စတင်ပြီး ငွေတောင်ကျေးရွာအထိ ထိန်းချုပ်ပြီ ၃ မိုင်-ကျီးကန်းပြန်ကွပ်ကွဲရေးရဲဌာနာချုပ်…