ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်းဒုက္ခသည်စခန်း(၁)မှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အနေနဲ့ စားဝတ်နေရေး အခက်အခဲတွေကို ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ၂၀၁၂ခုနှစ် မြန်မာစစ်တပ်က လူမျိုးတုန်းစစ်ဆင်ရေးတွေစတင်ခဲ့ချိန်မှာ ရခိုင်ပြည်နယ်တစ်ဝှမ်းက ရိုဟင်ဂျာတစ်ချို့ အသက်လုထွက်ပြေးခဲ့ကြရပြီး နီးစပ်ရာမြို့နယ်တွေရဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီလိုပဲ မင်းပြားမြို့နဲ့…
Posts tagged as “ရိုဟင်ဂျာဒုက္ခသည်”
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်ဦးရေ ငါးသိန်းကျော်ကို သက်သေခံ အထောက်အထားတွေ ထုတ်ပေးလိုက်ကြောင်း ကုလသမဂ္ဂအေဂျင်စီက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးခဲ့ကြရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုရှောင် ရိုဟင်ဂျာမွတ်စလင် ၅သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UNHCRတို့ပူးပေါင်းကာ မှတ်ပုံတင်ပေးခဲ့ကြောင်း UNHCRက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ မှတ်ပုံတင်ပြီးသူတွေအနေနဲ့ ဦးစွာ သူတို့ဟာ မည်သူမည်ဝါဖြစ်ကြောင်း ခိုင်လုံတဲ့…
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုရှောင် ရိုဟင်ဂျာမွတ်စလင် နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ၂၀၁၉ခုနှစ် သြဂုတ်လ ၄ရက်နေ့က ဒုက္ခသည်စခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း VORအဖွဲ့ဝင်တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ကူတူးပါလောင်ဒုက္ခသည်စခန်းနံပါတ် ၄မှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်နှစ်ဦးကို တနင်္ဂနွေနေ့ နေ့လည်၂နာရီခွဲ အချိန်ခန့်မှာ…
ကော့ဇ်ဘဇား။ ။၂၀၁၉ခုနှစ် ဇူလိုင်လ ၂၈ရက်နေ့မှာ လူဦးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာ ကလေးငယ်တစ်ဦး မိလ္လာတွင်းထဲကို မတော်တဆပြုတ်ကျ သေဆုံးသွားခဲ့ကြောင်း VOR အဖွဲ့ဝင်တစ်ဦးမှ ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက် ၁၀နာရီအချိန်ခန့်မှာ ဟာကင်းဖါရာဒုက္ခသည်စခန်းနံပါတ် ၁၄ အဆောင်နံပါတ်…
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာမိသားစုခိုလှုံနေထိုင်ရာ ယာယီတဲအိမ်တစ်လုံးကို အုတ်သယ်ဆောင်လာတဲ့ ကားတစ်စီးက မတော်တဆ ဝင်တိုက်မိခဲ့ရာ ရိုဟင်ဂျာဒုက္ခသည် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာမှ မျက်မြင်သက်သေတစ်ဦးက သတင်းပေးပို့ထားပါတယ်။ သောကြာနေ့မနက် ၈နာရီ ၄၅မိနစ်ခန့်မှာ ဒုက္ခသည်စခန်းနံပါတ် ၂ ၊ဘလော့ခ်-ဒီ-၅က ယာယီတဲတစ်ခုကို အုတ်သယ်ဆောင်လာတဲ့ကားမှ တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။…
၂၀၁၉ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး မြေပြိုကျမှုကြောင့် သေဆုံးသွားခဲ့ကြောင်း ရိုဟင်ဂျာ ဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ Nayafaraမှာရှိတဲ့ ဒုက္ခသည်စခန်းနံပါတ် ၂၆မှာ မုတ်သုံမိုးကြောင့် မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့ရာမှာ တောင်ကုန်းတွေရဲ့ အောက်ဘက်နားမှာရှိတဲ့ နေအိမ်တွေပျက်စီးခဲ့ရပြီး ကိုယ်ဝန်ဆောင် ရိုဟင်ဂျာအမျိုးသမီး…
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ (၄၁)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် မဟာမင်းကြီး Kate Gilmore က မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ လူ့အခွင့်ရေးချိုးဖောက်ခံနေရမှုအခြေနေတွေကို စောင့်ကြည့်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ…
မြန်မာနိုင်ငံအနောက်ပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ ပြည်နယ်ဒေသတွေမှာ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အပြစ်မဲ့ ပြည်သူလူထုတွေအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေကြတာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ အဆင့်ရှိကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးက ပြောကြားခဲ့ပါတယ်။ ၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့လူမျိုးတုန်းစစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ မွတ်စလင်ဦးရေပေါင်း ၇သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်း…
မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးခိုလှုံကြရတဲ့ ရိုဟင်ဂျာတွေရဲ့ကိစ္စကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ စုံစမ်းစစ်ဆေးမှုတွေ စတင်တော့မယ်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရှေ့နေတွေက ကြေညာလိုက်ပါတယ်။ အပြစ်မဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာအစိုးရက ဆက်လက်ဖိနှိပ်ရက်စက်နေတဲ့ကိစ္စကို ကနေဒါအစိုးရက ICC- နိုင်ငံတကာ ရာဇဝတ်ခုံရုံးရှေ့မှောက် ကနဦး တရားစွဲဆို အရေးယူဖို့ အထက်လွှတ်တော်အမတ်တစ်ချို့က…
မြန်မာအစိုးရက ရိုဟင်ဂျာဒုက္ခသည်အရေးကို အချိန်ဆွဲဖန်တီးနေပြီး အခြေအနေမှန်ကို ဖုံးကွယ်နေတဲ့ နေပြည်တော် အခန်းကဏ္ဍနဲ့ ရိုဟင်ဂျာအရေးကိစ္စကို ဘေးချိတ်ဖို့ကြိုးပမ်းနေတဲ့ မြန်မာရဲ့ ၀ါဒဖြန့်မှုတွေကို ဆန့်ကျင်သွားဖို့ အရေးပါတဲ့အချက်အလက်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြင်ဆင်နေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူလ်မိုမန်က ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ရှုပ်ထွေးမှုမရှိအောင် စာရွက်စာတမ်းတွေ ပြင်ဆင်သွားဖို့ သူ့ရဲ့ဝန်ကြီးဌာနကို…