ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပင်လယ်ထဲတွင်၂လနီးပါး မျောပါလျက်ရှိသော လှေစီးပြေးဒုက္ခသည်ရိုဟင်ဂျာ၄၀၀ကို ကယ်ဆယ်ခဲ့ပြီးနောက် ၂၀၂၀ခုနစ်၊ ဧပြီလ၁၇ရက်နေ့တွင် လူအခွင့်ရေးအဖွဲ့စည်းအချို့ဟာ မလေးရှားနိုင်ငံအစိုးရအား လှေစီးဒုက္ခသည်ရိုဟင်ဂျာများအပေါ် ဖိအားပေးနေမှုများကိုရပ်တန့်ရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်ရန်နဲ့ လှေများဘေးကင်းလုံခြံမှုသေချာစေရန် တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ မလေးရှားရေကြောင်းအာဏာပိုင်များသည် လှေဖြင့်ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များအား ပြန်ပို့လိုက်ပြီဆိုတဲ့ သတင်းများအပေါ် ပြင်းထန်စွာစိုးရိမ်မကင်းဖြစ်လျက်ရှိတဲ့ အာရှပစိဖိတ်ဒုက္ခသည်အခွင့်ရေးကွန်ယက်(APRRN)ဟာ မလေးရှားနဲ့ထိုင်းအစိုးရတို့အား နယ်မြေများဝင်ရောက်ပိတ်ဆို့ရေးဒီဇိုင်းရေးဆွဲခြင်းများ၊…
Posts tagged as “ရိုဟင်ဂျာဒုက္ခသည်”
COVID-19ဖြစ်ပွားမှုကို ကြောက်ရွံ့ခြင်းကြောင့် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်တရားရုံးက ဖမ်းဆီးထားသော လူကုန်ကူးခံရသူ ရိုဟင်ဂျာအမြောက်အများကို အမှုမှရုတ်သိမ်းပေးလိုက်တယ်လို့ သိရပါတယ်။ လူကုန်ကူးခံရသူအုပ်စုနှစ်စုတွင် ရိုဟင်ဂျာအမျိုးသားများ၊အမျိုးသမီးများနဲ့ကလေးများပါဝင်ကာ အရွယ်ရောက်ပြီးသူ(၉၇)ယောက်ရှိပြီး အများစုမှာအမျိုးသမီးများနဲ့ ကလေး(၃၁)ယောက် စုစုပေါင်း(၁၂၈)ယောက် ဖြစ်ပါတယ်။ ထိုသူများဟာ တရားမဝင် ဝင်ရောက်စီးနင်းသော ရခိုင်များထံမှ လွတ်မြောက်ရန်ကြိုးပမ်းစဉ် ဖမ်းဆီးထိန်းသိမ်းခံရတာပဲ ဖြစ်ပါတယ်။အာဏာပိုင်များက ထိုသူများကို ရခိုင်ပြည်နယ်ရဲ့…
ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် အင်တာနက်လိုင်းများ သုံးစွဲမှုပိတ်ပင်ခံထားရပြီး မှန်ကန်သောသတင်းအချက်အလက်များ မရရှိတဲ့အတွက် လူထောင်သောင်းများစွာကို သေစေနိုင်တဲ့ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခြင်းနဲ့ပက်သက်ပြီး ကောလဟလအမျိုးမျိုး ထွက်ပေါ်လျက်ရှိနေတယ်လို့ သိရပါတယ်။ ကျန်းမာရေးကျွမ်းကျင်သူများ ညွှန်ကြားထားတဲ့ ကြိုတင်ကာကွယ်ရေးအစီအစဉ်များကို လိုက်နာဆောင်ရွက်ရမဲ့အစား ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များက ကောလဟလသတင်းများကို ယုံကြည်ကာ ထိတ်လန့်တုန်လှုပ်လျက်ရှိပြီး အယူသီးမှုများ ကျင့်သုံးနေကြပါတယ်။ မတ်လ၂၆ရက်နေ့ ညသန်းခေါင်အချိန်မှာ ဒုက္ခသည်စခန်းအားလုံးတွင်…
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နေ့လည်၁၂နာရီခွဲခန့်တွင် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရှိ ဇီးရိုပွိုင့်ဒုက္ခသည်စခန်းမှ တိုင်းရင်းသားရိုဟင်ဂျာတစ်ဦးသည် ပိုင်သူမဲ့နယ်မြေအနီးရှိ တောင်ပေါ်၌ မြေမြှုပ်ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။ သေဆုံးသူမိုနာရ်အွလ်လာဟ်-၂၅နှစ်(အဘ-ဟလာမီယာ)သည် မနက်ခင်းပိုင်းတွင် ၎င်းရဲ့အသက်ရှင်နေထိုင်ရေးအတွက် ထင်းများရှာဖွေစုဆောင်းရန် ထိုနေရာသို့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ညနေခင်းတွင် ပြန်လည်ရောက်ရှိမလာတဲ့အတွက် နောက်နေ့မနက်တွင် ၎င်းရဲ့မိသားစုနဲ့သူငယ်ချင်းများ လိုက်လံရှာဖွေခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့်ဟု ယူဆရသော ဒဏ်ရာဒဏ်ချက်များနဲ့အတူ…
၂၀၂၀ခုနစ် မတ်လ၁ရက်နေ့ နံနက်(၇)နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့ ၊ဧရာဝတီတံတားပေါ်၌ ခိုးထွက်ဖို့ ကြိုးစားတဲ့ တိုင်းရင်းသားရိုဟင်ဂျာ(၇)ဦးကို စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ယာဉ်မောင်း(၂)ဦး၊ တိုင်းရင်းသားရိုဟင်ဂျာအမျိုးသား(၁)ဦး အမျိုးသမီး(၆)ဦး စုစုပေါင်း(၉)ဦးတို့ဟာ တိုယိုတာဝှစ်ယာဉ်နဲ့ ပဒါန်းဘက်မှ မောင်းနှင်လိုက်ပါလာတာဖြစ်ပြီး ဧရာဝတီတံတားပေါ်ရှိ တိုးဂိတ်မှာ စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားရိုဟင်ဂျာများဟာ…
၂၀၂၀ခုနစ်၊ ဖေဖော်ဝါရီလ၁၉ရက်နေ့တွင် မြန်မာအာဏပိုင်များက ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၌ လူကုန်ကူးခံရသော ရိုဟင်ဂျာ၄၉ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ၎င်းဒေသခံတိုင်းရင်းသားရိုဟင်ဂျာ၄၉ဦးဟာ ရန်ကုန်-နေပြည်တော်အဝေးပြေးလမ်းမကြီး မိုင်တိုင်(၂၅မိုင်၆ဖာလုံ)အနီးရှိ စာဘူးတောင်းကျေးရွာအုပ်စု သျှစ်ကုန်းရွာနဲ့ ၃ဖာလုံအကွာ တောထဲက အနက်ပေ၂၀၀ခန့်ရှိတဲ့ လျှိုထဲမှာ ဖမ်းဆီးခံခဲ့ရတာပဲဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံတိုင်းရင်းသားရိုဟင်ဂျာ၄၉ဦးထဲမှာ အမျိုးသား၁၈ဦး၊ အမျိုးသမီး၂၈ဦးနဲ့ ကလေး၃ဦးတို့…
ပြီးခဲ့တဲ့အင်္ဂါနေ့တငွ် ရိုဟင်ဂျာဒုက္ခသည်ပေါင်း၁၃၀လိုက်ပါလာတဲ့လှေဟာ ဘင်္ဂလားပင်လယ်အော်အတငွ်းမလေးရှားနိုင်ငံသို့ ထက်ခွာလာစဉ်တိမ်းမှောက်ခဲ့ကာ ရိုဟင်ဂျာဒုက္ခသည်များစာပျောက်ဆုံးနေပြီး၁၅ဦးသေဆုံးခဲ့တယ်လို့ဘင်္ဂလားဒေ့ရှိကမ်းစောင့်ရဲတစ်ဦးမှ အတည်ပြုပြောကြားခဲ့ကြောင်းသိရပါတယ်။ အင်္ဂါနေ့မနက်အ စောပိုင်းတငွ် ဘင်္ဂလားဒေ့ရှိနိုင်ငံဒုက္ခသည်စခန်းမှ မလေးရှားနိုင်ငံသို့ထက်ွပြေးရန်ကြိုးစားနေတဲ့ဒုက္ခသည်များပါတဲ့ ၄င်းစက်လှေမှ၇၃ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ လူ၅၀ပဲဆန့်တဲ့လှေထဲမှာလူ၁၃၀ကိုခေါ်ဆောင်လာတာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ကြောင်း၊ပျောက်ဆုံးနေတဲ့လူတေကွို အသက်ရှင်လျက်ပြန်တေ့နွိုင်ခြေနည်းသောလဲ ဆက်လက်ရှာဖေမွှာဖြစ်ကြောင်းဟမီဒူလ်အစ္စလမ်မှ ပြောပြခဲ့ပါတယ်။ အခုလိုခရီးသည် အရတေက်ွအတိုင်းတင်ဆောင်လာတဲ့ဒုတိယစက်လှေတစ်စီးလည်းတချိန်တည်း ထက်ခွာလာခဲ့တာဖြစ်ပြီး ယခုထိရှာမ တေ့ဘွူးလို့ပြောပြခဲ့ပါတယ်။ ကယ်ဆယ်ခံခဲ့ရတဲ့ အမျိုးသမီးများထဲမှရဂူမားအခ်သာက…
မလေးရှားနိုင်ငံမှာ လာမဲ့ဒီဇင်ဘာလတွင် ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပြု၊မပြုကို မလေးရှားနိုင်ငံအစိုးရမှ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့မျှော်လင့်ကြောင်း ပြည်သူ့ကောင်စီက ပြောကြားခဲ့ပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး M. Kulasegaran ကစည်းမျည်းစည်းကမ်းတွေကို လျှော့ပေးမှာဖြစ်ပေမယ့် မူဝါဒပြောင်းလဲမှုနဲ့ ပတ်သတ်ပြီး တိကျတဲ့အသေးစိတ်အချက်အလက်တော့မရှိသေးကြောင်း၊ဒီကိစ္စနဲ့ပတ်သတ်လို့ ကော်မတီဖွဲ့ဆွေးနွေးကာ မလေးရှားနိုင်ငံသားအားလုံးကိုကြေညာပြီးနောက် ဒီဇင်ဘာလ ၁၀ရက်နဲ့ ၁၅ ရက်ကြားမှာဆုံးဖြတ်ချက်တခုချနိုင်မယ်လို့ ယုံကြည်ကြောင်း ၄င်းကပြောပါတယ်။…
ရိုဟင်ဂျာအရေးကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာဘက်က မြန်မာကို ပိုမိုဖိအားပေးတောင်းဆိုဖို့ အီရန်နိုင်ငံ အနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အီရန်နိုင်ငံသမ္မတ ဟစန်းရိုဟာနီက ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာအရေးကို ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းဝိုင်းက မြန်မာနိုင်ငံကို ဖိအားပေးမှုတွေပြုလုပ်ဖို့ ကျွန်တော်တို့ အနေနဲ့ အတူတကွ ဆောင်ရွက်သွားပါမယ်လို့ ဝန်ကြီးချုပ် ရှဲခ်ဟာဆီနာနဲ့ NAMညီလာခံကျင်းပနေတဲ့ Bakuညီလာခံစင်တာမှာ နှစ်ဦးနှစ်ဘက်…
ရခိုင်ပြည်နယ်တွင် ဗမာစစ်အစိုးရရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ဘက် hatiya ကျွန်းအရှေ့ဘက် ကီလိုမီတာ၃၀ပတ်လည် ၄၀ ကျယ်ဝန်းတဲ့ လူနေထိုင်မှုမရှိတဲ့ ဘာဆန်ချာကျွန်းပေါ်သို့ ရွှေ့ပြောင်းရန်စီစဉ်ထားသည်ကို ရိုဟင်ဂျာ ၆၀၀၀ ထောင် ၇၀၀၀ ဝန်းကျင်ကလက်ခံထားကြောင်း ဒုက္ခသည်ရေးရာကော်မရှင်နာမင်းကြီး မာဘတ်အလန်က ပြောနေပေမဲ့ ရိုဟင်ဂျာဒုက္ခသည်များကတော့ မည်သူတစ်ဦးတစ်ယောက်ကမှ…