Press "Enter" to skip to content

Posts tagged as “ရိုဟင်ဂျာဒုက္ခသည်”

လူမျိုးတုန်းသတ်ဖြတ်မှုရှောင် ရိုဟင်ဂျာ ၄၁ဦး မလေးရှားတွင် ထိန်းသိမ်းခံရ

မလေးရှားနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ကမ်းခြေတစ်ခုရဲ့ အနီးနားမှာ ပြောင်းရွှေ့ခိုလှုံသူ ရိုဟင်ဂျာ အများပြားကို တွေ့ရှိခဲ့ပြီးနောက် ပင်လယ်ထဲမှာ စက်လှေတွေနဲ့ ရိုဟင်ဂျာ ၂၀၀ ကျော်ကျန်ရှိနေသေးတယ်လို့ ယုံကြည်တာကြောင့် ထိုသူတို့တွေကို မလေးရှား အာဏာပိုင်တွေက လိုက်လံ ရှာဖွေမှုတွေ ပြုလုပ်နေကြပါတယ်။ မြောက်များစွာသော ရိုဟင်ဂျာတွေဟာ ရေလမ်းခရီးကနေတစ်ဆင့် စက်လှေတွေနဲ့ မလေးရှားကို…

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာတွေအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ ၃၂.၅သန်းကူညီထောက်ပံ့မည်

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကော့ဇ်ဘဇားမှာရှိတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်မှ လူမှုအသိုင်ဝိုင်းအတွက် လူသားချင်းစာနာ ကူညီထောက်ပံ့ငွေအဖြစ် ဒေါ်လာ ၃၂.၅သန်း ပေးမည်ဟု ဂျပန်နိုင်ငံမှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ၂၀၁၇ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုခံရချိန်မှစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြသည့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာသန်း၅၀.၂သန်းခန့် ကူညီထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။ ယခုထပ်မံပြီး ဒေါ်လာ ၃၂.၅သန်း လှူဒါန်းမှာဖြစ်ပြီး…

ဘင်္ဂလားဒေ့ရှ်မှ စက်လှေဖြင့် ထွက်ခွာနေသည့် ရိုဟင်ဂျာ(၃၀)ဦးကို နယ်ခြားစောင့်တပ်က ရပ်တန့်ခဲ့

အရှေ့တောင်အာရှနိုင်ငံများသို့ လူကုန်ကူးခံရမည်ကို စိုးရိမ်နေချိန်တွင် မလေးရှားနိုင်ငံသို့ လူကုန်ကူးခံနေရသည့် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း (၃၀)ဦးကို ဖေဖေါ်ဝါရီလ(၈) ရက် သောကြာနေ့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ ရပ်တန့် နိုင်ခဲ့ကြောင်း Channel News Asiaတွင် ဖော်ပြထားပါတယ်။ လူကုန်ကူးသူများအဖြစ် သံသယရှိသူနှစ်ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ကော့ဇ်ဘဇားခရိုင်မှာ…

ဆော်ဒီအာရေဗျနိုင်ငံတွင်ရှိနေသော ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်သို့ အတင်းအဓမ္မပြန်ပို့နေ

ဆော်ဒီအာရေဗျနိုင်ငံတစ်ဝန်းတွင် နေထိုင်ကြသော ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်များကို ဆော်ဒီအစိုးရမှ ဘင်္ဂါလီများဟု စွပ်စွဲကာ ထောင် (၅)နှစ်စီချခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သို့ အတင်းအဓမ္မပြန်ပို့ရန် စီစဉ်နေကြောင်း သတင်းပေးပို့ ထားပါတယ်။ မြန်မာနိုင်ငံအစိုးရဧ။် ညှင်းပမ်းနှိပ်စက်မှု ခံနေကြရသော ရိုဟင်ဂျာ မွတ်စလင်များသည် မိမိတို့ အသက်ဘေးမှ လွှတ်မြောက်ရန် တစ်ခြားနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံခဲ့ကြလျက်…

အာသံပြည်နယ်တွင် ထိန်းသိမ်းခံထားရသည့် ရိုဟင်ဂျာ ငါးဦးကို နေရပ်ပြန်ပို့မည်

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ငါးဦးကို အိန္ဒိယ-မြန်မာနယ်စပ်မှတစ်ဆင့် နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း သိရှိရပါတယ်။ ယခင်ထိန်းသိမ်းခံရသူ မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့ မိုဟမ္မဒ်ဆလမ်ကို ဗုဒ္ဓဟူးနေ့ကပြန်ပို့ပြီး ဖြစ်ကြောင်းကို မဏိပူရမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက ပြောဆိုလိုက်ပါတယ်။ စိုနစ်ပူရ် (Sonitpur) မှ အထက်ရဲအရာရှိ တစ်ဦးက ထိုလူငါးဦးသည် ရိုဟင်ဂျာ…

ရိုဟင်ဂျာဒုက္ခသည်တွေအား အကူအညီထောက်ပံ့တွေပေးတာရပ်တန့်ဖို့ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို ပြော

မြန်မာစစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးရင်း နှစ်နိုင်ငံနယ်စပ် Zero line မှာသောင်တင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆၀၀၀ ကျော်အား ဘင်္ဂလားဒေ့ရှ်ဘက်မှ အကူအညီပေးတာတွေရပ်ဖို့ မြန်မာဘက်ကတောင်းဆိုလာကြောင်း ဒါကာမြို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှ စေလွှတ်လိုက်တဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေအပေါ်မှီခိုရပ်တည်နေရတဲ့ ရိုဟင်ဂျာ ၆၀၀၀ ကျော်မှာလည်း မိမိဒေသသို့လည်းမပြန်နိုင်၊ ဘင်္ဂလားဒေ့ရှ်ဘက်သို့လည်းမ၀င်ပဲငြင်းဆန်နေကာ နှစ်နိုင်ငံနယ်စပ်ကြားခံနယ်ကျဉ်းကျဉ်းလေးမှာ…

ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်တွေက SM ကဒ်တွင် ရိုဟင်ဂျာအမည်တပ်ဖို့ တောင်းဆို

မြန်မာအစိုးရရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပြုလုပ်ပေးမဲ့ UN ကဒ်ထဲမှာ မြန်မာရိုဟင်ဂျာဆိုတဲ့ အချက်ကို ထည့်သွင်းပေးဖို့  UN မဟာမင်းကြီးထံ တင်ပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။ အသက် ၁၂ နှစ်အထက်ကစပြီး ယောက်ျား၊ မိန်းမအားလုံးကို ကွန်ပျူတာစနစ်နဲ့ အချက်အလက်တွေကောက်ယူတာဖြစ်ပြီး မြန်မာရိုဟင်ဂျာလို့မပါပဲ မြန်မာက ဆိုတာသာပါရှိကြောင်း  ကော့ဇ်ဘဇားအနီးက…

ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် တရားမဝင်အလုပ်လုပ်ကိုင်သော နိုင်ငံခြားသား ၁၆ ယောက် ဖမ်းဆီးထိန်းသိမ်းခံရ

Rapid Action တပ်ရင်းက ခွင့်ပြုခြင်းမရှိပဲ  ကော့ဇ်ဘာဇာရှိ ရိုဟင်ဂျာစခန်းများတွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား ၁၆ ဦးကို မနေ့ မတ်လ ၁၉ ရက်နေ့ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေမှာ အမေရိကန်သား ၈ယောက်၊ ဗြိတိနိုင်ငံသား ၆ယောက် နဲ့ ဂျာမနီက ၂ ယောက်တို့ဖြစ်ပြီး…

Mission News Theme by Compete Themes.