ကမ္ဘာ့အကြီးဆုံးသော ဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းမှာခိုလှုံနေကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ကျန်းမာရေးကို လေထုညစ်ညမ်းမှုတွေကြောင့် ထိခိုက်နိုင်ကြောင်း လေ့လာတွေ့ရှိရတယ်လို့ Anadolu Agencyက ရေးသားဖော်ပြထားပါတယ်။ ထင်းမီးကထွက်ရှိလာတဲ့ မီးခိုးငွေ့တွေ စက်သုံးယာဉ်တွေက ထုတ်လွှတ်တဲ့ အခိုးငွေ့တွေကြောင့် အသက်ရှူမဝဖြစ်စေပြီး သေချာသန့်စင်မထားတဲ့ ရေကို သောက်သုံးနေကြခြင်းနဲ့ မိလ္လာရေစီးပိုက်တွေကို နည်းစနစ်ကျကျ မပြုလုပ်ထားခြင်းကြောင့် ဝမ်းလျှောဝမ်းပျက်ဖြစ်ခြင်း၊…
Posts tagged as “ဘင်္ဂလားဒေ့ရှ်”
ကော့ဇ်ဘဇား။ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးကို ဘင်္ဂလားဒေ့ရှ်ဒေသခံ ဓားပြအုပ်စု တစ်စုက ၂၀၁၉ခုနှစ် ဧပြီလ ၂၆ ရက်နေ့က ပစ်သတ်လိုက်ကြောင်း မျက်မြင်သက်သေတစ်ဦးက သတင်းပေးပို့ထားပါတယ်။ အာလီခါးလီဧရိယာက ဒုက္ခသည်စခန်းနံပါတ် ၂၅ရဲ့ ဒီ-၁၁မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးက ပြန်ပေးဆွဲခံနေရတဲ့ သူ့ရဲ့ညီကို…
မကြာခင်ရောက်ရှိလာတော့မယ့် မုတ်သုန်ရာသီမှာ မြေပြိုကျမှုတွေ ဖြစ်နိုင်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဝေးလံတဲ့ကျွန်းတစ်ခုမှာ နေရာချထားဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ကြာသပတေးနေ့မှာ ပြောဆိုလိုက်ကြောင်း သိရပါတယ်။ထိုသို့ ရွှေ့ပြောင်းမည့်အစီစဉ်ကို ဒုက္ခသည် အများစုက ငြင်းဆန်ခဲ့ကြပါတယ်။ ကော့ဇ်ဘဇားခရိုင်က လူဦးရေထူထပ်သည့် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ…
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုရှောင် အင်အားနည်း ရိုဟင်ဂျာ မွတ်စလင်တွေ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားမှာရှိတဲ့ လူမဲ့ဇုန်မှာ ယနေ့ထိတိုင် ပိတ်မိနေဆဲဖြစ်ကြောင်း သိရပါတယ်။ လူမျိုးတုန်းစစ်ဆင်ရေးကြောင့် ထွက်ပြေးခဲ့ရသူများထဲမှ ရိုဟင်ဂျာဦးရေပေါင်း နှစ်သိန်းခန့် လူမျိုးတုန်းသတ်ဖြတ်မှုဇုန် လို့သာ ခေါ်တွင်ရမယ့် ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်ပိုင်းမှာတည်ရှိတဲ့…
ကော့ဇ်ဘာဇား။ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇားရဲ့ Teknaf upazilaရှိ နတ်မြစ်မှာ ငါးဖမ်းစက်လှေနဲ့အတူ ငါးဖမ်းရှာထွက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည်လေးဦးကို မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ပြန်ပေးဆွဲခဲ့တယ်လို့ စွပ်စွဲထားကြောင်းThe Daily Starသတင်းဌာနက ဖော်ပြထားပါတယ်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား တံငါသည်များ ဖြစ်ကြတဲ့ အာဇင်းမ်အူလ္လာ(စက်လှေမောင်းသူ)၊ မူဟမ္မဒ် အဗ်ဒူလ္လာ၊ အဗ်ဒူလ်ကလာမ်နှင့် မူဟမ္မဒ် ဟစန်းတို့ဟာ…
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်တွင်းရှိ ရိုဟင်ဂျာ မွတ်စလင်တွေ အများစုခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းမှာ ၂၀၁၉ခုနှစ် မတ်လ (၂၂)ရက်နေ့မှာ မဒရာဆာ(ဘာသာရေးစာသင်ကျောင်း) ကျောင်းသားတွေကို ဆုချီးမြှင့်တဲ့ အခမ်းနားတစ်ရပ် ကျင်းပခဲ့ပါတယ်။ အနာဂတ် ရိုဟင်ဂျာလူငယ် ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုအတွက် ဒုက္ခသည် စခန်းမှာရှိတဲ့ မဒရာဆာ (ဘာသာရေးစာသင်ကျောင်း)မှာ ဆုချီးမြင့်ပွဲ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။…
ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကော့ဇ်ဘဇားမှာရှိတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်မှ လူမှုအသိုင်ဝိုင်းအတွက် လူသားချင်းစာနာ ကူညီထောက်ပံ့ငွေအဖြစ် ဒေါ်လာ ၃၂.၅သန်း ပေးမည်ဟု ဂျပန်နိုင်ငံမှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ၂၀၁၇ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုခံရချိန်မှစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြသည့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာသန်း၅၀.၂သန်းခန့် ကူညီထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။ ယခုထပ်မံပြီး ဒေါ်လာ ၃၂.၅သန်း လှူဒါန်းမှာဖြစ်ပြီး…
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းများမှ ရိုဟင်ဂျာကလေးငယ်များ လူကုန်ကူးခံရခြင်းတွေ ဆက်တိုက်ဖြစ်ပေါ်နေချိန်တွင် ကလေးခိုးရန် လာသည်ဟု အထင်မှားကာ ဖေဖေါ်ဝါရီလ ၂၁ရက်နေ့က ကူတူးပါလောင် ဒုက္ခသည် စခန်း၌ ဂျာနယ်လစ် လေးဦးကို ရိုက်နှက်မှု ဖြစ်ပွားခဲ့ပါတယ်။ ရိုက်နှက်ခံရသူ ဂျာနယ်လစ် လေးဦးအနက် သုံးဦးမှာ ဂျာမန်လူမျိုးများ ဖြစ်ကြပြီး တစ်ဦးမှာ…
အရှေ့တောင်အာရှနိုင်ငံများသို့ လူကုန်ကူးခံရမည်ကို စိုးရိမ်နေချိန်တွင် မလေးရှားနိုင်ငံသို့ လူကုန်ကူးခံနေရသည့် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း (၃၀)ဦးကို ဖေဖေါ်ဝါရီလ(၈) ရက် သောကြာနေ့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ ရပ်တန့် နိုင်ခဲ့ကြောင်း Channel News Asiaတွင် ဖော်ပြထားပါတယ်။ လူကုန်ကူးသူများအဖြစ် သံသယရှိသူနှစ်ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ကော့ဇ်ဘဇားခရိုင်မှာ…
ကော့ဇ်ဘဇား။ ။၂၀၁၉ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၆ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ နော်ယာဖါရာ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ကျောင်းသူ/သားများက စုဝေး ဆန္ဒဖေါ်ထုတ်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ဆန္ဒဖေါ်ထုတ်ခဲ့ရာ အရပ်မှ ရိုဟင်ဂျာတစ်ဦးက Rohingya Visionသို့ သတင်းပေးပို့ ထားပါတယ်။ ၁၉၉၀ခုနှစ်မှစ၍ ယနေ့ထိတိုင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ သန်းနှင့်ချီကာ…