ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ စံကိုးထောင်ကျေးရွာအုပ်စုမှာ ၂၂.၇.၂၀၁၉ရက်နေ့က မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ လူငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများက သတင်းပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ နေ့လည် ၂နာရီခွဲ အချိန်ခန့်မှာ အင်အား ၂၀၀ကျော်ရှိတဲ့ မြန်မာ့စစ်ကြောင်းက ဥယျာဉ်သာကျေးရွာအနီးတဝိုက်က…
ရိုဟင်ဂျာ ဗီးရှင်း
မောင်တောမြို့။ ။ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲခန်း တာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်စိန်က ရိုဟင်ဂျာ မွတ်စလင်တစ်ဦးကို ခွဲခြားဆက်ဆံပြီး ၎င်းမောင်းနှင်လာတဲ့ CNG သုံးဘီးယာဉ်ရဲ့ မှန်ကို ရိုက်ခွဲခဲ့ကြောင်း Rohingya Eyeမှ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စနေနေ့(၂၀.၇.၂၀၁၉) ညနေ ၄နာရီအချိန်ခန့်မှာ မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက်…
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင် အများစုဟာ H1N1 ရာသီတုပ်ကွေးရောဂါကို ကူးစက်ခံစားနေကြရပြီး ထိုရောဂါဖြစ်ပွားနေသူ ရိုဟင်ဂျာ အမျိုးသမီးငယ်တစ်ဦး သေဆုံးကာ ကျန်ရှိနေသူတစ်ချို့လည်း ကျန်းမာရေး ကူညီစောင့်ရှောက်မှုမရရှိပဲ ဖြစ်နေကြောင်း ROHINGYA EYEက သတင်းပေးပို့ထားပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ ရာသီတုပ်ကွေးပိုး ကူးစက်ခံရသူတွေများပြားနေချိန်မှာ မောင်တောမြို့နယ် ရက်ကွက် (၅)မှာ…
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာမိသားစုခိုလှုံနေထိုင်ရာ ယာယီတဲအိမ်တစ်လုံးကို အုတ်သယ်ဆောင်လာတဲ့ ကားတစ်စီးက မတော်တဆ ဝင်တိုက်မိခဲ့ရာ ရိုဟင်ဂျာဒုက္ခသည် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာမှ မျက်မြင်သက်သေတစ်ဦးက သတင်းပေးပို့ထားပါတယ်။ သောကြာနေ့မနက် ၈နာရီ ၄၅မိနစ်ခန့်မှာ ဒုက္ခသည်စခန်းနံပါတ် ၂ ၊ဘလော့ခ်-ဒီ-၅က ယာယီတဲတစ်ခုကို အုတ်သယ်ဆောင်လာတဲ့ကားမှ တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။…
၂၀၁၉ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး မြေပြိုကျမှုကြောင့် သေဆုံးသွားခဲ့ကြောင်း ရိုဟင်ဂျာ ဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ Nayafaraမှာရှိတဲ့ ဒုက္ခသည်စခန်းနံပါတ် ၂၆မှာ မုတ်သုံမိုးကြောင့် မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့ရာမှာ တောင်ကုန်းတွေရဲ့ အောက်ဘက်နားမှာရှိတဲ့ နေအိမ်တွေပျက်စီးခဲ့ရပြီး ကိုယ်ဝန်ဆောင် ရိုဟင်ဂျာအမျိုးသမီး…
ကျောက်တော်မြို့။ ။ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေသည့်ထဲမှ ကျောက်တော်မြို့နယ်က ကျေးရွာပေါင်း ၄၀မှာတော့ ပြီးခဲ့တဲ့ စနေနေ့ကတည်းက ရေကြီးမှုတွေကြောင့် ရိုဟင်ဂျာမွတ်စလင်တွေနဲ့တကွ တစ်ခြားသော ဒေသခံပြည်သူတွေလည်း ရေဘေးဒုက္ခတွေကို ရင်ဆိုင်နေရကြောင်း ကျေးရွာနေသူတစ်ဦးမှ ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ကျောက်တော်မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၄၀မှာတော့ ရေကြီးမှုတွေကြောင့်…
ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေးဖိနှိပ်မှုတွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တဲ့ ညီလာခံတစ်ခု ရှေ့သီတင်းပတ်အတွင်း ၀ါရှင်တန် ဒီစီမြို့မှာ ကျင်းပမှာဖြစ်ပြီး မကြာသေးခင်က San Diego မြို့က ဂျူးဘုရားမှာ ဖြစ်သွားခဲ့တဲ့ ပစ်ခတ်မှု၊ နယူးဇီလန်နိုင်ငံ ဗလီကျောင်း ပစ်ခတ်မှုနဲ့ သီရိလင်္ကာမှာ Easter Sundayနေ့ တိုက်ခိုက်ခံခဲ့ရမှုတွေအတွင်း သေဆုံးခဲ့သူတွေရဲ့…
မြန်မာနိုင်ငံကို သုံးရက်တာ ခရီးစဉ်အတွက်ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါဝင် ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း ပြည်တွင်း သတင်း အရင်းမြစ်တွေအရ သိရပါတယ်။ စစ်တွေမြို့နယ်မှာရှိတဲ့ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းမှာ သွားရောက်လေ့လာခဲ့တဲ့…
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ (၄၁)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် မဟာမင်းကြီး Kate Gilmore က မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ လူ့အခွင့်ရေးချိုးဖောက်ခံနေရမှုအခြေနေတွေကို စောင့်ကြည့်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ…
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် မြေပြိုကြပြီး လူတစ်ဦးသေဆုံး၊ လူပေါင်း ၄၅၀၀ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကောဇ့်ဘဇားက ရိုဟင်ဂျာ စခန်းတွေမှာ မိုးရေချိန် ၁၄ လက်မထိ ရောက်ခဲ့တဲ့ ၇၂ နာရီကြာ…