မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ရခိုင်ပြည်နယ်တွင်းက ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေထဲက ထောင်နှင့်ချီတဲ့ ရိုဟင်ဂျာတွေကို လာမယ့်အပတ်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက နေရပ်ပြန်လည်ပို့ဆောင် လက်ခံပေးဖို့ စတင်ကြိုးစားသွားမှာ ဖြစ်ကြောင်း သြဂုတ်လ ၁၅ရက် ကြာသပတေးနေ့မှာ တရားဝင်ထုတ်ပြန်ကြေငြာခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ ၂၀၁၇ခုနှစ် မြန်မာ့တပ်မတော်က လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တာကြောင့် အိမ်နီးချင်း…
ရိုဟင်ဂျာ ဗီးရှင်း
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ UNFFMရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ထွက်လာပြီးတဲ့နောက်မှာ ဘယ်လ်ဂျီယံအခြေစိုက် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Newtec က မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေတဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတွေကို ရပ်တန့်မယ့်အကြောင်း ကြေညာလိုက်တယ်လို့ ပြည်တွင်း သတင်းရင်းမြစ်တွေအရ သိရပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အဓိကတာဝန်ရှိတဲ့…
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်ဦးရေ ငါးသိန်းကျော်ကို သက်သေခံ အထောက်အထားတွေ ထုတ်ပေးလိုက်ကြောင်း ကုလသမဂ္ဂအေဂျင်စီက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးခဲ့ကြရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုရှောင် ရိုဟင်ဂျာမွတ်စလင် ၅သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UNHCRတို့ပူးပေါင်းကာ မှတ်ပုံတင်ပေးခဲ့ကြောင်း UNHCRက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ မှတ်ပုံတင်ပြီးသူတွေအနေနဲ့ ဦးစွာ သူတို့ဟာ မည်သူမည်ဝါဖြစ်ကြောင်း ခိုင်လုံတဲ့…
ကော့ဇ်ဘဇား။ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ နေ့တိုင်းအသွားအလာပြုလုပ်တဲ့ ကုန်းဆင်းလမ်းတစ်နေရာကို ပြုပြင်လမ်းဖောက်ပေးခြင်းမရှိတာကြောင့် အခက်ခဲတွေကို ရင်ဆိုင်နေရကြောင်း VORအဖွဲ့ဝင်တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဟာကင်းမ်ဖာရာ ဒုက္ခသည်စခန်းနံပါတ် ၁၄ အဆောက်အဦနံပါတ် M-13မှာရှိတဲ့ ကုန်းဆင်းလမ်းဟာ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေသွားလာစဉ် မကြာခဏ လျှော်လဲတာတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာတွေ…
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုရှောင် ရိုဟင်ဂျာမွတ်စလင် နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ၂၀၁၉ခုနှစ် သြဂုတ်လ ၄ရက်နေ့က ဒုက္ခသည်စခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း VORအဖွဲ့ဝင်တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ကူတူးပါလောင်ဒုက္ခသည်စခန်းနံပါတ် ၄မှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်နှစ်ဦးကို တနင်္ဂနွေနေ့ နေ့လည်၂နာရီခွဲ အချိန်ခန့်မှာ…
ကော့ဇ်ဘဇား။ ။၂၀၁၉ခုနှစ် ဇူလိုင်လ ၃၀ရက် အင်္ဂါနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် ဒုက္ခသည်စခန်းမှာ မြေပြိုကျမှု ထပ်မံဖြစ်ပွားခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ထိုသူ ခိုလှုံနေထိုင်ရာ တဲအိမ်ပျက်စီးသွားခဲ့ကြောင်း VORအဖွဲ့ဝင် တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ဘာလူခါးလီဒုက္ခသည်စခန်းနံပါတ် ၁၁၊ အခန်းနံပါတ် ဘီ-၂မှာ မနက်…
ကော့ဇ်ဘဇား။ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် Ukhiaမှာရှိတဲ့ ကူတုပါလောင်ဒုက္ခသည်စခန်းနံပါတ် ဒီ-၄ မှာ မြန်မာနိုင်ငံခြားရေးရာ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဟိန္ဒူရိုဟင်ဂျာတွေနဲ့တွေ့ဆုံပြီးနောက် မြန်မာအစိုးရက ရိုဟင်ဂျာတွေကို နိုင်ငံခြားသားတွေအဖြစ်သာ သတ်မှတ်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားပေးရေးကိစ္စတွေပေါ်မှာ ဦးမြင့်သူက သူ့အစိုးရဲ့အနေအထားကို အသေးစိတ်တင်ပြရင်း…
ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တောင်ပိုင်း စံကိုးထောင်ကျေးရွာအုပ်စုမှာ ဇူလိုင်လ ၂၈ရက်နေ့က မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာလူငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက် ၁၀နာရီအချိန်ခန့်မှာ ဆင်သေပြင်ကျေးရွာတွင်းနေထိုင်သူ အနူဝါရ်ဆာဒဲခ် (ဘ) နူရူဇာမာလ် အသက်…
ကော့ဇ်ဘဇား။ ။၂၀၁၉ခုနှစ် ဇူလိုင်လ ၂၈ရက်နေ့မှာ လူဦးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာ ကလေးငယ်တစ်ဦး မိလ္လာတွင်းထဲကို မတော်တဆပြုတ်ကျ သေဆုံးသွားခဲ့ကြောင်း VOR အဖွဲ့ဝင်တစ်ဦးမှ ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက် ၁၀နာရီအချိန်ခန့်မှာ ဟာကင်းဖါရာဒုက္ခသည်စခန်းနံပါတ် ၁၄ အဆောင်နံပါတ်…
ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်း ညောင်ချောင်းနယ်မြေရဲစခန်းကို AAက ဝင်တိုက်ခဲ့ပြီး မြန်မာစစ်တပ်နဲ့ နှစ်ဦးနှစ်ဘက် အပြန်လှန်ပစ်ခတ်မှုတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ရိုဟင်ဂျာ မွတ်စလင် တစ်ချို့နှင့် ရခိုင်တစ်ချို့လည်း ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ဒီကနေ့မနက် ၄နာရီအချိန်ခန့်မှာ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ညောင်ချောင်းနယ်မြေ…