ဇွန်လ(၂)ရက်နေ့ နံနက်၉နာရီအချိန်တွင် (၃)မိုင်အခြေစိုက် UNHCRအဖွဲ့မှ ရခိုင်ပြည်နယ်မောင်တောမြို့မြောက်ပိုင်း ကျောက်လှေကားကျေးရွာသို့ သွားရောက်ကာ ရွာရှိ မိသားစုတစ်စုချင်းစီအလိုက် ဖျာ(၃)ချပ်၊အမိုးအကာ၂ခု၊ခြင်ထောင်(၃)လုံး ၊ရေးခရာ၂ခု၊ အထည်(၅)ထည်၊ ကြိုးတစ်ချပ်တို့ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ထိုသို့ပေးအပ်ရာတွင် ၎င်းကျေးရွာနေ ဦးတူဖိုင်လ်အာမက်(၇၈နှစ်)နဲ့ ၎င်းရဲ့သားအေနာယာသ်အူလ္လာ(၃၅နှစ်)တို့နှစ်ဦးဟာ ပစ္စည်းများကို သီးခြားစီပေးအပ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ထိုနေ့ညနေ၅ခွဲအချိန်မှာတော့ ၎င်းကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဆိုသူ တော်စ်မိန့်ဂျူဟာရ်မှ…
ရိုဟင်ဂျာ ဗီးရှင်း
၂၀၂၀ခုနစ် မေလ၂၈ရက်နေ့တွင် ဗမာစစ်တပ်မှ ထွက်ပြေးလာတဲ့ စစ်သား၄ဦးကို တွေ့ဆုံမေးမြန်းခဲ့ရာ အဆိုပါစစ်သား၄ဦးအနက် တစ်ဦးမှာ၂၀၁၇ခုနစ်တွင် ဗမာစစ်တပ်မှ မွတ်စလင်မ်ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် လူမျိုးတုန်းသတ်ဖြတ်မှုမှာ ပါဝင်ခဲ့ကြောင်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ ၎င်းစစ်သားများမှာ ဘူးသီးတောင်မြို့နယ် ခြေမြန်တပ်ရင်းများတွင် တာဝန်ထမိးဆောင်ခဲ့တာဖြစ်ပြီး ဗမာစစ်တပ်မှ ခွဲခြားဆက်ဆံ နိုင်ထက်စီးနင်းလုပ်တာကိုမခံနိုင်လို့ ထွက်ပြေးလာခဲ့ကြတာပဲဖြစ်ပါတယ်။ တစ်ဦးချင်းရဲ့အတွေ့ကြုံများနဲ့ သဘောထားများကိုမေးမြန်းခဲ့ရာမှာတော့…
ဒုက္ခသည်ရိုဟင်ဂျာတစ်သန်းကျော် နေထိုင်လျှက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားတွင် COVID-19 ရောဂါပိုးကူးစက်သူ ၂ဦးမှ ၂၉ဦးထိ တွေ့ရှိခဲ့ပြီးနောက် ထိုစခန်းများတွင် ရောဂါပိုး အလွယ်တကူ ပြန့်ပွားကူးစက်နိုင်ဖွယ်ရှိတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းများမှ စိုးရိမ်နေကြောင်း RFAမှ သတင်းရရှိပါတယ်။ ထိုရောဂါကူးစက်သူများကို သီးသန့်ထားကုသပေးနေပြီး ၎င်းတို့မိသားစုအပါအဝင် သံသယရှိဒုက္ခသည်၁၅၀၀၀ခန့်ကိုလည်း သီးခြားစောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးအရာရှိများက…
မေလ၂၀ရက်နေ့ညတွင် အားကောင်းတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်ဟာ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခနိးများ ပျတ်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာပြည်ဘက်ရှိ ဒုက္ခသည်စခန်းများဟာ ပြန်လည်တည်ဆောက်ရမဲ့ အနေထားထိရှိနေပြီး ကော့စ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းများရှိ တဲများပြိုကျခြင်း၊ အမိုးလန်ခြင်းနဲ့ ရေကြီးခြင်းများ ဖြစ်ခဲ့တယ်လို့ RFAမှ ပြောကြားခဲ့ပါတယ်။ ကုတုပါလောင်စခန်းအမှတ် (၄)ရှိ…
ပြီးခဲ့တဲ့ကြာသပတေးနေ့တွင် ရိုဟင်ဂျာတစ်သန်းကျော် နေထိုင်လျက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းစခန်းတစ်ခုတွင် COVID-19ကူးစက်လူနာတစ်ဦး တွေ့ရှိခဲ့ပြီး လူသားချင်းစာနာမှုအဖွဲ့များက ထိုကူးစက်ရောဂါဟာ လူဦးရေထူထပ်သောနေရာကို ပျတ်စီးစေနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးနဲ့ အခြားလူတစ်ဦးအား COVID-19ပိုးရှိမရှိ စမ်းသပ်ခဲ့တာပဲဖြစ်ပြီး ၎င်းဟာကမ္ဘာ့လူဦးရေထူထပ်သောစခန်းများတွင် ပထမဆုံးအတည်ပြုခြင်းဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အဆင့်မြင့်အရာရှိတစ်ဦးနဲ့ UNမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးမှပြောကြားခဲ့ပါတယ်။ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးကော်မရှင်နာ Mahbub…
စစ်တပ်မှလက်နကိကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကော့ကရိတ်မြို့နယ် ပိုက်သည့်ကျေးရွာမှ အမျိုးသား(၃)ဦးနဲ့ အမျိုးသမီး(၂)ဦးအပါအဝင် ရိုဟင်ဂျာ(၅)ဦးတို့ဟာ ကျန်းမာရေးစောင့်ရှောက်မှုကို မရရှိခဲ့ဘူးလို့ RTမှ ပြောကြားခဲ့ပါတယ်။ ၂၀၂၀ခုနစ် မေလ(၁၁)ရက်နေ့ ညနေ၆နာရီခန့်တွင် ကစ္စပနဒီတံတားရှိ စစ်ဘက်မှ ပစ်ခတိလာတဲ့ လက်နက်ကြီးကြောင့် ဦးလှမောင်သ(၅၅နှစ်)၊ ဂျမာလ်အူဒင်(၃၅နှစ်)၊ မိုဟာမက်အရက်စ်(၁၇နှစ်)နဲ့ အမျိုးသမီး နှစ်ဦးတို့ ထိခိုက်ဒဏ်ရာ…
ဧပြီလ(၁၆)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သို့ ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာပေါင်း၄၀၀ကို သယ်ဆောင်လာတဲ့လှေဟာ လူကုန်ကူးသူတွေကို တော်လှန်အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထိုတော်လှန်မှုအတွင်း လူကုန်ကူးခံရသူရိုဟင်ဂျာအမျိုးသား၁၇ဦးအဖွဲ့ကဦးဆောင်ပြီး ရခိုင်လူကုန်ကူးသူ(၁၁)ဦးထဲမှ(၄)ဦးကို သတ်နိုင်ခဲ့ကြောင်း၊ ကပ္ပတိနိအပါအဝင်(၂)ဦးကိုတော့ ဘင်္ဂလားဒေ့ရှ်သို့ ဓားစာခံအနေနဲ့ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်းနဲ့ နောက်ထပ်(၅)ဦးကိုတော့ အခြားလှေတစ်စီးမှ လာရောက်ကယ်တင်သွားတယ်လို့ ၎င်းတို့ရဲ့ လူကုန်ကူးခံရမှုအား ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပုံကို ပြန်လည်ပြောပြခဲ့ပါတယ်။ တော်လှန်ရေးမတိုင်မီ လူကုန်ကူးသူများက ထိုအမျိုးသား၁၇ဦးမှ…
ပင်လယ်ပြင်တွင် ရိုဟင်ဂျာပေါင်းများစွာ သောင်တင်လျက်ရှိရာ ရိုဟင်ဂျာအမျိုးသမီးများစွာကို သင်္ဘောသားများက အဓမ္မပြုကျင့်ကာ ကိုယ်ဝန်ရစေခဲ့ပြီး အခြးတစ်ဖက်မှာလည်း လူကုန်ကူးသူများက Pushbackကိုအကြောင်းပြကာ ငွေများထပ်မံတောင်းဆိုနေတယ်လို့ မိသားစုဝင်အချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။ မကြာသေးမီက အသက်ရှင်ကျန်ရစ်ခဲ့သော နူရ်အစ်လာမ်က”လူကုန်ကူးသူများဟာ အမျိုးသမီးများအား အဓမ္မပြုကျင့်ခံခဲ့ကြရပြီး အချို့မှာလှေပေါ်တွင် ကိုယ်ဝန်ဆောင်ခဲ့ကြရပါတယ်။ လူပေါင်းများစွာဟာ စိတ်ဒဏ်ရာရခြင်း၊ အစာရေဆာငတ်မွတ်ခြင်း၊ ရေဓာတ်ကုန်ခမိးခြင်းနဲ့ အာဟာရချို့တဲ့ခြင်းများကြောင့်…
ဧပြီလ၂၀ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဖရုံချောင်းကျေးရွာအုပ်စု၊ဒိုးတန်းရွာမှ မေယုတောင်ထဲသို့ သစ်ခွဲရန်သွားရောက်ခဲ့သော တိုင်းရင်းသားရိုဟင်ဂျာအမျိုးသား(၄)ဦးဟာ ဧပြီလ(၂၆)ရက်နေ့မှ စတင်ပျောက်ဆုံးလျက်ရှိနေပြီး ဧပြီလ(၂၈)ရက်နေ့မှာတော့ နောက်ထပ်ရိုဟင်ဂျာအမျိုးသားတစ်ဦး ပျောက်ဆုံးခဲ့တယ်လို့ ရိုဟင်ဂျာတူဒေးသို့ ဒေသခံများက ပြောပြခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပျောက်ဆုံးသူ သစ်ခွဲသမားတိုင်းရင်းသားရိုဟင်ဂျာ(၄)ဦးဟာ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ဖရုံချောင်းကျေးရွာအုပ်စုနေ ဒိုးတန်းကျေးရွာမှ ဦးလာလူး(၃၀နှစ်)၊အဘူလ်ဟာရှီမ်း(၂၄နှစ်)၊ ဦးဂျမီးလ်(၃၂နှစ်)နဲ့ ဦးဆော်လိမ်(၃၆နှစ်)တို့ဖြစ်ကြပြီး မေယုတောင်သို့…
ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ဘင်္ဂလားဒေ့ရှ်အစိုးရအား ကမ်းတင်လျက်ရှိတဲ့ ဒုက္ခသည်ရိုဟင်ဂျာများအား ခွင့်ပြုပေးရန်နဲ့ ၎င်းတို့ရဲ့လူကုန်ကူးသူတွေကို အရေးယူရန် တိုက်တွန်းခဲ့ပါတယ်။မကြာသေးမီက ပင်လယ်ထဲမျောနေတဲ့သင်္ဘောတစ်စီးပေါ်မှ ကယ်တင်ခံခဲ့ရသော အသက်ရှင်ကျန်ရစ်သူအချို့ကို သင်္ဘောသားများက သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်းနဲ့ အစာရေဆာငတ်မွတ်အောင်ထားရှိခြင်းများဟာ သေဆုံးမှုနှုန်းကို မြင့်တက်လာစေတယ်လို့ သိရပါတယ်။ “ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းဖြန့်ကျက် လုပ်ဆောင်သင့်ပါတယ်။ ဒီသင်္ဘောများရဲ့ လူသတ်သမားများဟာ…