၂၀၂၁ခုနစ် ဇန်နဝါရီလ-၈ရက် နေလည့် ၂နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း သပြေတောကျေးရွာအုပ်စု၊ စိမ်းဒီပြင်ရွာတွင် စစ်တပ်နှင့်နယ့်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ရွာ၏ဈေးထဲရှိ ဆိုင်များကိုရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ထိုဈေးရှိ ဂဟေစော်ဆိုင်တစ်ဆိုင်မှာ ကျောက်စက်တစ်လုံးတွေ့ခဲ့ရာ၊ ၎င်းဆိုင်၌အဌားလုပ်ကိုင်သူ ဆင်းရဲသား မူဟာမတ်ရီယာဇူ(ဘ)နော်ဘီဟူးဆောင်(၂၀နှစ်)အား လက်ထိပ်ခတ်၍ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ဖန်(န်)ဒါအူလ္လာ၏ သမီးပျို(၁၆နှစ်)နှင့်(၁၈နှစ်)တို့နှစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး…
ရိုဟင်ဂျာ ဗီးရှင်း
၂၀၂၁ခုနစ်၊ ဇန်နဝါရီလ (၆)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကနေလာတဲ့ တိုင်းရင်းသားရိုဟင်ဂျာ (၉၉)ဦးတို့ကို ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ထိုဖမ်းဆီးရမိခဲ့တဲ့သူများဟာ ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်မဲ့သူများလို့ သိရှိရပြီး ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက် ဘုရင့်နောင်လမ်းမှ မသင်္ကာစရာလူတစ်ဦးကို ရွှေပြည်သာမြို့နယ်စခန်းမှူးက ခေါ်ယူစစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဖမ်းခံရသူများတွင်…
ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း ပေါင်းဇားကျေးရွာအုပ်စု၊ ဘော်လ္လာဖာရာတွင် ကျောက်လှေကားအခြေစိုက် နယ်မြေ(၆)မှနယ့်ခြားစောင့်ရဲများနှင့်မ.က.ဖ(လ.ဝ က)များ ပူပေါင်း၍ ဇန်နဝါရီလ-၆ရက်မှစတင်ကာ ၎င်းရွာနေဦးမူစ်တာခ်အာမတ်၏ခြံဝင်းအတွင်း`ဆွဲ၊တင်၊စစ်’ စစ်ဆေးလျက်ရှိနေပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်သုံးထောင်ကျပ်စီကောက်ခံလျက်ရှိနေတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ကလေးမွေးတိုးတစ်ခုလျင် ငွေကျပ်နှစ်သောင်းကျပ်စီ ကောက်ခံလျက်ရှိနေပါသည်။ နိုင်ငံတော် covidကာကွယ်ရေးဗဟိုကော်မတီ၏ အမိန့်ထုတ်ပြန်ချက်တွင်`လူ၃၀ဦးအထက်အစုအဝေးမလုပ်ရန်’ ပါရှိပေမဲ့ အဆိုပါအမိန့်ကို လိုက်နာခြင်းမရှိပဲ ထိုစစ်ဆေးသည့်နေရာတွင်…
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ၂၀၁၇ခုနစ် ဩဂုတ်လ(၂၅)ရက်နောက်ပိုင်းတွင် မြန်မာစစ်တပ်က တိုင်းရင်းသားရိုဟင်ဂျာများအား သုတ်သင်ရှင်းလင်းရေး စစ်ဆေးရေးလုပ်ခဲ့ပြီး နေအိမ်များမီးရှို့ဖျတ်ဆီးခဲ့ပါတယ်။ ထိုမီးလောင်ဖျက်ဆီးဆုံးရှုံးခံခဲ့ရတဲ့ နေအိမ်များကို အစိုးရက ပြန်လည်ဆောက်လုပ်ပေးရန် စီစဉ်လျက်ရှိပြီး မောင်တောမြို့နယ်အမှတ်(၅)ရပ်ကွက်တွင် အိမ်ခြေ(၃၀၀) နီးပါးခန့် ဆောက်လုပ်နေတယ်လို့ ကနဦး သိရပါတယ်။ ထိုရပ်ကွက်တွင် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ မြို့မကညင်တန်းကျေးရွာအုပ်စု၊ အမှတ်(၃)ရပ်ကွက်တို့မှ…
၂၀၂၀ခုနစ် ၊ ဒီဇင်ဘာ(၂၄)ရက်နေ့ နေ့လည်(၁)နာရီခွဲခန့်တွင် ပဲခူးတိုင်း၊ပြည်မြို့ ၊ ကျောင်းကြီးအိုးတန်းရပ်ကွက် ၊ ရွှေဘုန်းပွင့်ဘုရားအနီးတွင် ရခိုင်ပြည်နယ်မောင်တောမှ တိုင်းရင်းသားရိုဟင်ဂျာအမျိုးသမီး(၁၂)ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါရိုဟင်ဂျာအမျိုးသမီးများမှာ အသက်(၂၀)ဝန်းကျင်များဖြစ်ကြပြီး သာသနဓမ္မဂုဏ်ရည်ကျောင်းတိုက်ဟု ရေးသားထားတဲ့ ကားနံပတ် YNG RLG-7015 အဖြူရောင်မှန်လုံကားပေါ်၌ ဖမ်းဆီးမိခဲ့ပေမဲ့ ယာဉ်မောင်းနဲ့သံဃာတစ်ဦးမှာတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့…
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရာပေါင်းများစွာသော ရိုဟင်ဂျာဒုက္ခသည်များအား ဘင်္ဂလားဒေ့ရှ် ပင်လယ်အော်ရှိ ဝေးလံခေါင်သီတဲ့ ကျွန်းဖြစ်သော Bhashan Charသို့ ပြောင်းရွှေ့ခဲ့ခြင်းကို လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့များမှ စိုးရိမ်ပူပန်လျက်ရှိတယ်လို့ သိရှိရပါတယ်။ အဆိုပါ ဝေးလံခေါင်သီတဲ့ Bhashan Charကျွန်းကို ဘင်္ဂလားဒေ့ရှ်ရေတပ်မှ တည်ဆောက်ခဲ့တာဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည်တစ်သိန်းခန့်ကို ထိုကျွန်းပေါ်သို့ ပြောင်းရွှေ့နေရာချထားရန် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက စီစဉ်ထားခဲ့တာဖြစ်ပြီး ယခုအခါမှာတော့…
နိုဝင်ဘာလ(၅)ရက်၊ နံနက်၁၀နာရီအချိန်တွင် ရခိုင်ပြည်နယ် မောင်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး အောင်ရဲက ရပ်ကွက်နဲ့ကျေးရွာအုပ်စု(၉၀)စု၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု(၁၃၈၆၀)စုအတွက် တစ်အိမ်ထောင်စုလျှင် စားသုံးဆီ(၂လီတာ) နှုန်းဖြင့် နိုင်ငံတော်မှထောက်ပံ့ခြင်းကို အခမ်းအနားဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး ဦးဘကျော်ကစားသုံးဆီနှစ်လီတာကို ငွေကျပ်နှစ်ရာစီ ကောက်ခံလျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။ ဒါ့အပြင် (၂)ရပ်ကွက်…
ရခိုင်ပြည်နယ် ၊ မောင်တောမြို့တွင် Covidရောဂါလူနာများ တွေ့ရှိလာရ၍ ဆေးဆိုင်၊ စားကုန်ဆိုင်၊ မုန့်ဆိုင်၊ ဆေးပေးခန်းနဲ့ သားငါးဆိုင်များကို ယခင်က(၁)နာရီထိဖွင့်ခွင့်ပေးခဲ့ရာမှ အောက်တိုဘာလ(၇)ရက်နေ့မှာ လုံးဝပိတ်ပင်စေခဲ့တဲ့အတွက် ထိုဆိုင်များကိုအမှီသဟဲပြု စားသောက်လုပ်ကိုင်သူများအားလုံး အလုပ်လက်မဲ့ဖြစ်သွားကြရပါတယ်။ ဒါ့အပြင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ပိတ်ပင်မှုဟာ သုံးလကျော်သွားတဲ့အတွက် ထိုစခန်းကို အမှီသဟဲပြုလျှက်ရှိတဲ့ စက်လှေပိုင်ရှင်များ၊ စက်လှေသမားများ၊ကုန်တင်ကုန်ချ အလုပ်သမားများမှာ…
ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ် မင်းခမောင်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတစ်ဦးဟာ ဩဂုတ်လ ၁၁ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မြင့်တက်နေတဲ့ စစ်တွေမှ ပြန်လာခဲ့ပြီး ၂၀ရက်နေ့တွင် ဖျားနာမှုစတင်ဖြစ်ပွားတဲ့အတွက် တမနိးသားဆေးခန်းတွင် လာရောက်ပြခဲ့တယ်လို့ သတင်းရရှိပါတယ်။ ထိုလူနာသည် (၂၂)ရက်နေ့ နံနက်ပိုင်းတွင် မင်းခမောင်းမှမောင်တောဆေးရုံသို့ လာရောက်ပြသတာဖြစ်ပြီး မောင်တောခရိုင်ပြည်သူ့ဆေးရုံတွင် သံသယလူနာအဖြစ် ထားရှိလျက်ရှိကာ…
ဒီမီုကရေစီနဲ့ လူ့အခွင့်ရေးပါတီမှ ရခိုင်ပြည်နယ်စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်လွှာတင်ထားတဲ့ ဦးဒူရာရှစ်ကို စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ နိုင်ငံသားမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချလိုက်တာပဲ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဦးဒူရာရှစ်ရဲ့မိဘများဟာ သူ့ကိုမမွေးခင်တည်းက နိုင်ငံသားခံယူခဲ့ကြတာဖြစ်ပြီး သူရဲ့ဖခင်ကတော့ အစိုးရရေယာဉ်ဦးစီးဌာနမှာ ရေယာဉ်အုပ်အနေနဲ့ ၃၈နှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီးမှ ပင်စင်ရထားသူဖြစ်တယ်လို့ သိရပါတယ်။…