ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ဘင်္ဂလားဒေ့ရှ်အစိုးရအား ကမ်းတင်လျက်ရှိတဲ့ ဒုက္ခသည်ရိုဟင်ဂျာများအား ခွင့်ပြုပေးရန်နဲ့ ၎င်းတို့ရဲ့လူကုန်ကူးသူတွေကို အရေးယူရန် တိုက်တွန်းခဲ့ပါတယ်။မကြာသေးမီက ပင်လယ်ထဲမျောနေတဲ့သင်္ဘောတစ်စီးပေါ်မှ ကယ်တင်ခံခဲ့ရသော အသက်ရှင်ကျန်ရစ်သူအချို့ကို သင်္ဘောသားများက သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်းနဲ့ အစာရေဆာငတ်မွတ်အောင်ထားရှိခြင်းများဟာ သေဆုံးမှုနှုန်းကို မြင့်တက်လာစေတယ်လို့ သိရပါတယ်။ “ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းဖြန့်ကျက် လုပ်ဆောင်သင့်ပါတယ်။ ဒီသင်္ဘောများရဲ့ လူသတ်သမားများဟာ…
Posts published in “ရိုဟင္ဂ်ာ သတင္း”
ရိုဟင်ဂျာဒုက္ခသည်များအတွက် ဓာတ်ပုံပြိုင်ပွဲတစ်ခုကို ပြုလုပ်ပေးမှာဖြစ်ပြီး ပြိုင်ပွဲကို ၂၀၂၀ခုနစ် ဧပြီလ၂၃ရက်မှ ၂၀၂၀ခုနစ် သြဂုတ်လ၂၃ရက်အတွင်း ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုပြိုင်ပွဲတွင် “ရိုဟင်ဂျာဘဝ”နဲ့ “ကိုရိုနာဗိုင်းရပ်စ်တုန့်ပြန်မှု” ဆိုတဲ့ အမျိုးအစားနှစ်မျိုး ပါဝင်မှာဖြစ်ပြီး မည်သည့်နေရာတိုင်းမှာမဆို နေထိုင်တဲ့ရိုဟင်ဂျာများ ပါဝင်နိုင်ပါတယ်။ အနိုင်ရရှိသူကတော့ ငွေသားဆုကို ရရှိမှာ ဖြစ်ပါတယ်။ ဓာတ်ပုံရွေးချယ်ခြင်းကိုတော့…
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပင်လယ်ထဲတွင်၂လနီးပါး မျောပါလျက်ရှိသော လှေစီးပြေးဒုက္ခသည်ရိုဟင်ဂျာ၄၀၀ကို ကယ်ဆယ်ခဲ့ပြီးနောက် ၂၀၂၀ခုနစ်၊ ဧပြီလ၁၇ရက်နေ့တွင် လူအခွင့်ရေးအဖွဲ့စည်းအချို့ဟာ မလေးရှားနိုင်ငံအစိုးရအား လှေစီးဒုက္ခသည်ရိုဟင်ဂျာများအပေါ် ဖိအားပေးနေမှုများကိုရပ်တန့်ရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်ရန်နဲ့ လှေများဘေးကင်းလုံခြံမှုသေချာစေရန် တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ မလေးရှားရေကြောင်းအာဏာပိုင်များသည် လှေဖြင့်ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များအား ပြန်ပို့လိုက်ပြီဆိုတဲ့ သတင်းများအပေါ် ပြင်းထန်စွာစိုးရိမ်မကင်းဖြစ်လျက်ရှိတဲ့ အာရှပစိဖိတ်ဒုက္ခသည်အခွင့်ရေးကွန်ယက်(APRRN)ဟာ မလေးရှားနဲ့ထိုင်းအစိုးရတို့အား နယ်မြေများဝင်ရောက်ပိတ်ဆို့ရေးဒီဇိုင်းရေးဆွဲခြင်းများ၊…
COVID-19ကို ကြောက်ရွံ့မှုများတိုးပွားလာတာကြောင့် အိမ်များနဲ့ဈေးဆိုင်များတွင် သိုလှောင်ထားသောစားနပ်ရိက္ခာများ ပြတ်လတ်ပြီး ကုန်ဈေးနှုန်းများ မြှင့်တက်လျက်ရှိကာ ရိုဟင်ဂျာပေါင်းများစွာဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ Rohingya Eyeမှ တင်ပြခဲ့ပါတယ်။ ယခင်တားမြစ်ချက်များအပြင် အစိုးရဟာ သွားလာလှုပ်ရှားမှုများကိုပါ ထိန်းချုပ်ထားတဲ့အတွက် ဆင်ခြေဖုံးကျေးရွာများမှ လူများသည် မောင်တောဗဟိုဈေးကွက်သို့ မလာနိုင်ကြပါ။ ဒါ့အပြင် လက်လီရောင်းချသူများ(သို့မဟုတ်) လက်ကားဝယ်သူများထံမှလဲ အဝယ်အမှာစာများလည်းမရှိသလို…
ရခိုင်ပြည်နယ် မောင်တောမြို့တွင်၂၀၁၇ခုနစ် စစ်တပ်ရဲ့ဖြိုခွင်းမှုစစ်ဆင်ရေးအတွင်း အိုးအိမ်များမီးရှို့ခံခဲ့ရသော တိုင်းရင်းသားရိုဟင်ဂျာများအား ယာယီတဲများတည်ဆောက်ခြင်းကို နယ်ခြားစောင့်ရဲတပ်ဖွဲ့(BGP)မှ ရပ်တန့်ရန် အမိန့်ထုတ်ခဲ့တယ်လို့ Rohingya Eyeမှ တင်ပြခဲ့ပါတယ်။ သတင်းများအရ, လွန်ခဲ့တဲ့လအစောပိုင်းတွင် ၂၀၁၇ခုနစ်စစ်ဆငိရေးအတွင်း ထိခိုက်နစ်နာပြီး ပြည်တွင်းမှအိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသော မောင်တောမြောက်ပိုင်းရှိ တိုင်းရင်းသားရိုဟင်ဂျာမိသားစု၁၅၀၀ခန့်ကို ၎င်းတို့မူလနေရာမှာ အိမ်များပြန်လည်တည်ဆောက်နိုင်ရေးအတွက် လျော်ကြေးများပေးသွားမယ်လို့ မ.ရ.ကမှ အစည်းဝေးပွဲတွင်ကြေငြာခဲ့ပြီး…
COVID-19ဖြစ်ပွားမှုကို ကြောက်ရွံ့ခြင်းကြောင့် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်တရားရုံးက ဖမ်းဆီးထားသော လူကုန်ကူးခံရသူ ရိုဟင်ဂျာအမြောက်အများကို အမှုမှရုတ်သိမ်းပေးလိုက်တယ်လို့ သိရပါတယ်။ လူကုန်ကူးခံရသူအုပ်စုနှစ်စုတွင် ရိုဟင်ဂျာအမျိုးသားများ၊အမျိုးသမီးများနဲ့ကလေးများပါဝင်ကာ အရွယ်ရောက်ပြီးသူ(၉၇)ယောက်ရှိပြီး အများစုမှာအမျိုးသမီးများနဲ့ ကလေး(၃၁)ယောက် စုစုပေါင်း(၁၂၈)ယောက် ဖြစ်ပါတယ်။ ထိုသူများဟာ တရားမဝင် ဝင်ရောက်စီးနင်းသော ရခိုင်များထံမှ လွတ်မြောက်ရန်ကြိုးပမ်းစဉ် ဖမ်းဆီးထိန်းသိမ်းခံရတာပဲ ဖြစ်ပါတယ်။အာဏာပိုင်များက ထိုသူများကို ရခိုင်ပြည်နယ်ရဲ့…
မကြာသေးမီက ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းနဲ့ ဘူးသီးတောင်နေရာများစွာတို့မှာ လူမနေဘဲအလွတ်ရှိနေသော အိမ်များနဲ့ဈေးဆိုင်များကို မီးရှို့ဖျတ်ဆီးခဲ့တယ်လို့ Rohingya Eyeမှ တင်ပြခဲ့ပါတယ်။ ထိုနေအိမ်နဲ့ဈေးဆိုင်များဟာ မြန်မာအစိုးရရဲ့ ရိုဟင်ဂျာမွတ်စလင်များအား သုတ်သင်ရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရတဲ့ တိုင်းရင်းသားရိုဟင်ဂျာများပိုင် နေအိမ်များနဲ့ဈေးဆိုင်များဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့များရဲ့ မသင်္ကာဖွယ်ရာလှုပ်ရှားမှုများကြောင့် အနီးနားရှိဒေသခံများက ထိုကျေးရွာများနဲ့ဈေးများကို လုံခြုံးရေးတပ်ဖွဲ့များက မီးရှို့ဖျတ်ဆီးပါတယ်လို့ စွပ်စွဲခဲ့ကြတယ်လို့…
၂၀၂၀ခုနစ် ဧပြီ၁ရက်နေ့ နေ့လည်၂နာရီတွင် ဘင်္ဂလားဒေ့ရှ် အူခိယာ၊ အုန်စိပြင်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခနိး၂၂တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆောက်အဦး၂၅ခုထဲတွင် စာသင်ဆောင်တစ်ဆောင်၊ ရုံးခန်းတစ်ခု၊ ဒေသခံချခ်မာအိမ်၄လုံးနဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းများအပါအဝင် မီးလောင်ကျွမ်းသွားခဲ့ပြီး ထိုစခန်းများကို မီးအလွယ်တကူလောင်ကျွမ်းစေနိုင်တဲ့ ပလတ်စတစ်၊သစ်သားနဲ့ မြက်များဖြင့် ပြုလုပ်တည်ဆောက်ထားတဲ့အတွက် ဒုက္ခသည်များနဲ့ ဒေသခံပြည်သူများရဲ့ ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့တယ်လို့…
တိုင်းရင်းသားရိုဟင်ဂျာရွာများအား အနှောင့်အယှက်ပေးရန် အစီအစဉ်အဖြစ် မြန်မာအာဏာပိုင်များက ထိုင်းနိုင်ငံမှပြန်လာသော ဗုဒ္ဓဘာသာဝင် မြန်မာအလုပ်သမားများကို ကျန်းမာရေးဆိုင်ရာစောင့်ကြည့်ခြင်းများ ပြုလုပ်ဖို့အတွက် ရိုဟင်ဂျာရွာအနီးရှိကျောင်းကို စောင့်ကြည့်စင်တာအဖြစ် ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။ မတ်လ၃၀ရက်နေ့ မွန်းလွဲ၂နာရီခန့်တွင် မောင်တောတောင်ပိုင်းရပ်ကွက်ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ပြည်ပမှပြန်လာတဲ့ အလုပ်သမားများကို ကျန်းမာရေးဆိုင်ရာစောင့်ကြည့်ရန် မောင်တောမြို့တောင်ဖက်ရှိ တိုင်းရင်းသားရိုဟင်ဂျာများစွာနေထိုင်လျက်ရှိသော ဟရီဖာရာ(ခေါ်)အလီဖာရာရွာငယ်လေးရှိ အခြေခံပညာအထက်တန်းကျောင်း(၂)ရဲ့ အဆောက်အအုံနှစ်ခုအား…
ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် အင်တာနက်လိုင်းများ သုံးစွဲမှုပိတ်ပင်ခံထားရပြီး မှန်ကန်သောသတင်းအချက်အလက်များ မရရှိတဲ့အတွက် လူထောင်သောင်းများစွာကို သေစေနိုင်တဲ့ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခြင်းနဲ့ပက်သက်ပြီး ကောလဟလအမျိုးမျိုး ထွက်ပေါ်လျက်ရှိနေတယ်လို့ သိရပါတယ်။ ကျန်းမာရေးကျွမ်းကျင်သူများ ညွှန်ကြားထားတဲ့ ကြိုတင်ကာကွယ်ရေးအစီအစဉ်များကို လိုက်နာဆောင်ရွက်ရမဲ့အစား ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များက ကောလဟလသတင်းများကို ယုံကြည်ကာ ထိတ်လန့်တုန်လှုပ်လျက်ရှိပြီး အယူသီးမှုများ ကျင့်သုံးနေကြပါတယ်။ မတ်လ၂၆ရက်နေ့ ညသန်းခေါင်အချိန်မှာ ဒုက္ခသည်စခန်းအားလုံးတွင်…