အောင်ဆန်းစုကြည်သည်သူမဟာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူမဟုတ်ဘဲနိုင်ငံရေးသမားတစ် ဦး ဖြစ်တယ်လို့ နိုင်ငံတကာဝေဖန်သူများအားငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့်စိတ်မကောင်းစရာကတော့ သူမမှာလည်းအခြေနေသိပ်မကောင်းလှပါဘူး” ဟုလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှအာရှဒါရိုက်တာ Phil Robertson ကပြောကြားသည်။ “သူမဟာ Rohingya ဆန့်ကျင်စစ်တပ်ရဲ့ ရက်စက်ယုတ်မာဖုံးကွယ်ခြင်းဖြင့် ကြီးစွာသောကိုယ်ကျင့်တရားစမ်းသပ်မှုပျက်ကွက်ခဲ့ပါတယ်။ဒါပေမယ့်သူမရဲ့အပြတ်အသတ်အနိုင်ရတဲ့ ရွေးကောက်ပွဲက အခုတော့အာဏာသိမ်းမှုကဖျက်သိမ်းလိုက်ပြီ”
Posts published in “ရိုဟင္ဂ်ာ သတင္း”
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊မြို့မတောင်ရပ်ကွက်၊ မြို့မရဲစခန်းရဲ့အရှေ့ဘက်၊ မင်းဘာကြီးလမ်းရဲ့ အနောက်ဘက်၊ ဒေါက်တာထွန်းရဲ့မြောက်ဘက်တွင်တည်ရှိသော ကြားလမ်း၌ ဇန်နဝါရီလ-၂၀ရက်၊ ညတွင် ဆိုက်ကယ်တစ်စီးဖြင့် အမည်မသိ(ရခိုင်စကားပြော) လူနှစ်ဦးရောက်ရှိလာပြီး ဗြောက်အိုးများကိုပစ်ချ၍ ထွက်ပြေးခဲ့ကြရာ၊ အဆိုပါဗြောက်အိုးများ ပေါက်၍အသံကျယ်ကျယ်လောင်လောင်မြည်ခဲ့တဲ့အတွက်ကြောင့် မြိုမရဲစခန်းမှခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး အောင်မြင့်ဌေး၊ မြို့နယ်မှူး-ရဲမှူးတင်ကိုကိုနှင့် စခန်းမှုး-ရဲနိုင်ထွန်းတို့ ရောက်ရှိလာကာ အနီးအနားရှိ ရိုဟင်ဂျာများအား ဘာလို့…
ရခိုင်ပြည်နယ်၊မောင်တောမြို့၊အမှတ်(၅)ရပ်ကွက် ဦးကာဆိမ်း(NGO ဝန်းထမ်းဟောင်း)၏ နေအိမ်များကို ၂၀၁၇-ခုနစ်၊ မြန်မာစစ်တပ်မှမီးရှို့ခဲ့တဲ့အတွက် ၎င်း၏မိသားစုဟာ မြို့မကညင်တန်းကျေးရွာ BAJရုံးရဲ့ မြောက်ဘက်ရှိ ရွာရဲ့အိမ်တစ်အိမ်တွင်ယာယီခိုလှုံနေထိုင်လျက်ရှိတယ်လို့ သိရှိရပါတယ်။ ၎င်းတို့ကိုအစိုးရက သတ်မှတ်ထားသော မြေကွက် ပေ၃၀×၄၀တွင် ပြောင်းရွေ့နေထိုင်ရန်စီစဉ်နေပေမဲ့ ၎င်းတို့ကလက်မခံကြောင်း သက်ဆိုင်ရာအစိုးရဌာနများသို့ စာတင်ခဲ့ရာ ၎င်းကိုဒေသခံအာဏာပိုင်များက မကျေနပ်၍ ဇန်နဝါရီလ-၁၉ရက်၊ ည-၂နာရီအချိန်တွင ်မြို့မရဲစခန်းမှ…
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကျားခေါင်တောင်(ရာဘီးလ္လာဖာရာ)ကျေးရွာတွင ်အိမ်ထောင်စု-၂၄စုရှိပြီး၊ ရေတွင်းကျွန်ကျေးရွာ(ရားမ်ဗျုးဘီးလ်ဖာရာ)တွင်အိမ်ထောင်စု-၁၇စုရှိတယ်လို့ သိရှိရပြီး အဆိုပါရေတွင်းကျွန်းကျေးရွာသားများဟာ နီးစပ်ရာကျေးရွာများတွင် နေထိုင်လျက်ရှိပါတယ်။ ၎င်းရွာရှိ အိမ်ခြေများကို၂၀၁၇-ခုနစ်၊ မြန်မာစစ်တပ်က မီးရှို့ခဲ့တာကြောင့် အခြားသောရွာများတွင်နေထိုင်လျက်ရှိနေတာပဲ ဖြစ်တယ်လို့ သိရှိရပါတယ်။ ဇန်နဝါရီလ-၁၃ရက်၊နံနက်-၉နာရီမှ စတင်ကာ (ကိုဗစ်)စည်းကမ်းများ ချိုးဖောက်ကာ ကျားခေါင်တောင်ကျေးရွာရှိ နေရာတစ်နေရာတွင ်စုဝေး၍ ဆွဲ၊တင်၊စစ်ကို ငါးခူရကျေးရွာအခြေစိုက်နယ်မြေ-၅မှ…
ပဲခူးတိုင်းနှင့်အခြားမြို့များတွင် အထောက်အထားမဲ့အကြောင်းပြကာ ဖမ်းဆီးခဲ့သော တိုင်းရင်းသားရိုဟင်ဂျာများကို ၂၀၂၁ခုနစ် ၊ ဇန်နဝါရီလ-၁၂ရက်၊ နေ့လည်၂နာရီအချိန်တွင ်မောင်တောမြို့၊ မြို့မကညင်တန်ကျေးရွာသို့ ပြန်ရောက်ရှိခဲ့ကြောင်း သိရှိရပါတယ်။ စုစုပေါင်း၄၉ဦးဖြစ်ပြီး၊ ဘူးသီးတောင်မြို့က၁၇ဦးကိုတော့ ရပ်မိရပ်ဖဦးရော်ဖိခ်ထံအပ်နှံခဲ့ကြောင်း၊ ကျန်၃၂ဦးတွင် ကျား၈ဦး၊ မ၂၄ဦးဖြစ်ပြီး၊ ၎င်းတို့ကိုတော့ မြို့မကညင်တန်းရှိ ကြယ်လတည်ခိုးရိပ်သာနှင့် စိန်ကမ္ဘာတည်ခိုးရိပ်သာများတွင် ထားရှိပြီး၊ ၎င်းကျေးရွာအုပ်ချုပ်ရေးမှူး အဘ်ဒူရော်မန်ထံ…
၂၀၂၁ခုနစ် ဇန်နဝါရီလ-၈ရက် နေလည့် ၂နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း သပြေတောကျေးရွာအုပ်စု၊ စိမ်းဒီပြင်ရွာတွင် စစ်တပ်နှင့်နယ့်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ရွာ၏ဈေးထဲရှိ ဆိုင်များကိုရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ထိုဈေးရှိ ဂဟေစော်ဆိုင်တစ်ဆိုင်မှာ ကျောက်စက်တစ်လုံးတွေ့ခဲ့ရာ၊ ၎င်းဆိုင်၌အဌားလုပ်ကိုင်သူ ဆင်းရဲသား မူဟာမတ်ရီယာဇူ(ဘ)နော်ဘီဟူးဆောင်(၂၀နှစ်)အား လက်ထိပ်ခတ်၍ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ဖန်(န်)ဒါအူလ္လာ၏ သမီးပျို(၁၆နှစ်)နှင့်(၁၈နှစ်)တို့နှစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး…
၂၀၂၁ခုနစ်၊ ဇန်နဝါရီလ (၆)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကနေလာတဲ့ တိုင်းရင်းသားရိုဟင်ဂျာ (၉၉)ဦးတို့ကို ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ထိုဖမ်းဆီးရမိခဲ့တဲ့သူများဟာ ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်မဲ့သူများလို့ သိရှိရပြီး ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက် ဘုရင့်နောင်လမ်းမှ မသင်္ကာစရာလူတစ်ဦးကို ရွှေပြည်သာမြို့နယ်စခန်းမှူးက ခေါ်ယူစစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဖမ်းခံရသူများတွင်…
ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း ပေါင်းဇားကျေးရွာအုပ်စု၊ ဘော်လ္လာဖာရာတွင် ကျောက်လှေကားအခြေစိုက် နယ်မြေ(၆)မှနယ့်ခြားစောင့်ရဲများနှင့်မ.က.ဖ(လ.ဝ က)များ ပူပေါင်း၍ ဇန်နဝါရီလ-၆ရက်မှစတင်ကာ ၎င်းရွာနေဦးမူစ်တာခ်အာမတ်၏ခြံဝင်းအတွင်း`ဆွဲ၊တင်၊စစ်’ စစ်ဆေးလျက်ရှိနေပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်သုံးထောင်ကျပ်စီကောက်ခံလျက်ရှိနေတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ကလေးမွေးတိုးတစ်ခုလျင် ငွေကျပ်နှစ်သောင်းကျပ်စီ ကောက်ခံလျက်ရှိနေပါသည်။ နိုင်ငံတော် covidကာကွယ်ရေးဗဟိုကော်မတီ၏ အမိန့်ထုတ်ပြန်ချက်တွင်`လူ၃၀ဦးအထက်အစုအဝေးမလုပ်ရန်’ ပါရှိပေမဲ့ အဆိုပါအမိန့်ကို လိုက်နာခြင်းမရှိပဲ ထိုစစ်ဆေးသည့်နေရာတွင်…
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ၂၀၁၇ခုနစ် ဩဂုတ်လ(၂၅)ရက်နောက်ပိုင်းတွင် မြန်မာစစ်တပ်က တိုင်းရင်းသားရိုဟင်ဂျာများအား သုတ်သင်ရှင်းလင်းရေး စစ်ဆေးရေးလုပ်ခဲ့ပြီး နေအိမ်များမီးရှို့ဖျတ်ဆီးခဲ့ပါတယ်။ ထိုမီးလောင်ဖျက်ဆီးဆုံးရှုံးခံခဲ့ရတဲ့ နေအိမ်များကို အစိုးရက ပြန်လည်ဆောက်လုပ်ပေးရန် စီစဉ်လျက်ရှိပြီး မောင်တောမြို့နယ်အမှတ်(၅)ရပ်ကွက်တွင် အိမ်ခြေ(၃၀၀) နီးပါးခန့် ဆောက်လုပ်နေတယ်လို့ ကနဦး သိရပါတယ်။ ထိုရပ်ကွက်တွင် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ မြို့မကညင်တန်းကျေးရွာအုပ်စု၊ အမှတ်(၃)ရပ်ကွက်တို့မှ…
၂၀၂၀ခုနစ် ၊ ဒီဇင်ဘာ(၂၄)ရက်နေ့ နေ့လည်(၁)နာရီခွဲခန့်တွင် ပဲခူးတိုင်း၊ပြည်မြို့ ၊ ကျောင်းကြီးအိုးတန်းရပ်ကွက် ၊ ရွှေဘုန်းပွင့်ဘုရားအနီးတွင် ရခိုင်ပြည်နယ်မောင်တောမှ တိုင်းရင်းသားရိုဟင်ဂျာအမျိုးသမီး(၁၂)ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါရိုဟင်ဂျာအမျိုးသမီးများမှာ အသက်(၂၀)ဝန်းကျင်များဖြစ်ကြပြီး သာသနဓမ္မဂုဏ်ရည်ကျောင်းတိုက်ဟု ရေးသားထားတဲ့ ကားနံပတ် YNG RLG-7015 အဖြူရောင်မှန်လုံကားပေါ်၌ ဖမ်းဆီးမိခဲ့ပေမဲ့ ယာဉ်မောင်းနဲ့သံဃာတစ်ဦးမှာတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့…