Press "Enter" to skip to content

Posts published in “ဘင်္ဂလားဒေရှ့်”

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းက ရိုဟင်ဂျာတို့ရဲ့ နေ့စဉ်ရှင်သန်မှု အခက်ခဲတွေကြား အနာဂတ်ပျောက်ဆုံးနေ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက မလေးရှားနိုင်ငံကို ပို့ဆောင်ပေးမယ်လို့ လူကုန်ကူးသူတွေရဲ့ သွေးဆောင်ဖြားယောင်းမှုကို ခံခဲ့ကြရပြီး တစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး Takaငွေ ၄၅၀၀၀နှုန်း ပေးဆောင်ခဲ့ကြရတဲ့ လူကုန်ကူးခံရသူ စုစုပေါင်း (၅၄)ယောက်ထဲမှာ အသက် ၁၉နှစ်အရွယ်ရှိတဲ့ မိုဟမ္မဒ်အာမင်းလည်း ပါဝင်ခဲ့ပါတယ်။ လူကုန်ကူးသူတွေရဲ့ လိမ်ညာပြောဆိုမှုကြောင့် စက်လှေပေါ်မှာ…

ဘင်္ဂလားဒေ့ရှ်အစိုးရက လူကုန်ကူးခံနေရသူ ရိုဟင်ဂျာအမျိုးသမီး ၂၃ဦးကို အချိန်မှီ ကယ်တင်နိုင်ခဲ့

၂၀၁၉ခုနှစ် မေလ ၁၂ရက် တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ မလေးရှားနိုင်ငံကို လေကြောင်းလိုင်းမှတစ်ဆင့် လူကုန်ကူးခံနေရတဲ့ ရိုဟင်ဂျာအမျိုးသမီး ၂၃ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဒါကာမြို့မှာ အချိန်မှီ ကယ်တင်နိုင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲကပြောဆိုလိုက်ပါတယ်။ ဒါကာမြို့က ရဲတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ စနေနေ့က လူကုန်ကူးသူတွေကို ဖမ်းဆီးခဲ့ရာမှာ ၄င်းတို့နှင့်အတူ…

ဒုက္ခသည်စခန်းမှာ ပြန်လည်အသက်ဝင်လာတဲ့ ကြည်နူးဖွယ်ရာ ရိုဟင်ဂျာ ကျေးလက်ရိုးရာ အနုပညာ

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ အသက် (၈၀) အရွယ်ခန့်ရောက်ရှိနေပြီဖြစ်တဲ့ ဆေးလိပ်ဖွာရင်း တေးသီချင်းတွေကို သီဆိုနေသူတစ်ဦးဖြစ်တဲ့ ရိုဟင်ဂျာအဖိုးအို ဦးဂူတာမျှာက သူ့မျက်လုံးတွေကို မှိတ်ပြီး ဆေးလိပ်တစ်လိပ်ကို ထပ်မံမီးညှိလိုက်ပြီး ရိုဟင်ဂျာ ကျေးလက်ရိုးရာ တေးသီချင်းတစ်ပုဒ်ရဲ့ စာသားတွေကို စတင်ညည်းတွားလိုက်ပါတယ်။ အသက်အရွယ် အိုမင်းပြီဖြစ်တဲ့ အဖိုးအိုက ကျွန်တော့်ရဲ့ လည်ချောင်းက သိပ်အဆင်မပြေ ဖြစ်နေတာကြောင့်…

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတွေ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးပြသနာများနှင့် ရင်ဆိုင်နေရ

ကမ္ဘာ့အကြီးဆုံးသော ဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းမှာခိုလှုံနေကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ကျန်းမာရေးကို လေထုညစ်ညမ်းမှုတွေကြောင့် ထိခိုက်နိုင်ကြောင်း လေ့လာတွေ့ရှိရတယ်လို့ Anadolu Agencyက ရေးသားဖော်ပြထားပါတယ်။ ထင်းမီးကထွက်ရှိလာတဲ့ မီးခိုးငွေ့တွေ စက်သုံးယာဉ်တွေက ထုတ်လွှတ်တဲ့ အခိုးငွေ့တွေကြောင့် အသက်ရှူမဝဖြစ်စေပြီး သေချာသန့်စင်မထားတဲ့ ရေကို သောက်သုံးနေကြခြင်းနဲ့  မိလ္လာရေစီးပိုက်တွေကို နည်းစနစ်ကျကျ မပြုလုပ်ထားခြင်းကြောင့် ဝမ်းလျှောဝမ်းပျက်ဖြစ်ခြင်း၊…

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာအမျိုးသားတစ်ဦး ပစ်သတ်ခံရ

ကော့ဇ်ဘဇား။ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးကို ဘင်္ဂလားဒေ့ရှ်ဒေသခံ ဓားပြအုပ်စု တစ်စုက ၂၀၁၉ခုနှစ် ဧပြီလ ၂၆ ရက်နေ့က ပစ်သတ်လိုက်ကြောင်း မျက်မြင်သက်သေတစ်ဦးက သတင်းပေးပို့ထားပါတယ်။ အာလီခါးလီဧရိယာက ဒုက္ခသည်စခန်းနံပါတ် ၂၅ရဲ့ ဒီ-၁၁မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးက ပြန်ပေးဆွဲခံနေရတဲ့ သူ့ရဲ့ညီကို…

သဘာဝဘေးအန္တရာယ် အကြောင်းပြကာ ရိုဟင်ဂျာများကို Bhasan Charကျွန်းသို့ ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရှ်စီစဉ်

မကြာခင်ရောက်ရှိလာတော့မယ့် မုတ်သုန်ရာသီမှာ မြေပြိုကျမှုတွေ ဖြစ်နိုင်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဝေးလံတဲ့ကျွန်းတစ်ခုမှာ နေရာချထားဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ကြာသပတေးနေ့မှာ ပြောဆိုလိုက်ကြောင်း သိရပါတယ်။ထိုသို့ ရွှေ့ပြောင်းမည့်အစီစဉ်ကို ဒုက္ခသည် အများစုက ငြင်းဆန်ခဲ့ကြပါတယ်။ ကော့ဇ်ဘဇားခရိုင်က လူဦးရေထူထပ်သည့် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ…

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည်လေးဦးကို မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ပြန်ပေးဆွဲခဲ့ကြောင်း စွပ်စွဲပြောဆို

ကော့ဇ်ဘာဇား။ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇားရဲ့ Teknaf upazilaရှိ နတ်မြစ်မှာ ငါးဖမ်းစက်လှေနဲ့အတူ ငါးဖမ်းရှာထွက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည်လေးဦးကို မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ပြန်ပေးဆွဲခဲ့တယ်လို့ စွပ်စွဲထားကြောင်းThe Daily Starသတင်းဌာနက ဖော်ပြထားပါတယ်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား တံငါသည်များ ဖြစ်ကြတဲ့ အာဇင်းမ်အူလ္လာ(စက်လှေမောင်းသူ)၊ မူဟမ္မဒ် အဗ်ဒူလ္လာ၊ အဗ်ဒူလ်ကလာမ်နှင့် မူဟမ္မဒ် ဟစန်းတို့ဟာ…

ရိုဟင်ဂျာကျောင်းသားတွေကို ဘာသားရေးစာသင်ဆုချီးမြှင့်ပွဲ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင်ကျင်းပ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်တွင်းရှိ ရိုဟင်ဂျာ မွတ်စလင်တွေ အများစုခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းမှာ ၂၀၁၉ခုနှစ် မတ်လ (၂၂)ရက်နေ့မှာ မဒရာဆာ(ဘာသာရေးစာသင်ကျောင်း) ကျောင်းသားတွေကို ဆုချီးမြှင့်တဲ့ အခမ်းနားတစ်ရပ် ကျင်းပခဲ့ပါတယ်။ အနာဂတ် ရိုဟင်ဂျာလူငယ် ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုအတွက် ဒုက္ခသည် စခန်းမှာရှိတဲ့ မဒရာဆာ (ဘာသာရေးစာသင်ကျောင်း)မှာ ဆုချီးမြင့်ပွဲ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။…

ကလေးခိုးသူများဟု အထင်မှားခံရကာ ဂျာနယ်လစ်များ ရိုက်နှက်ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းများမှ ရိုဟင်ဂျာကလေးငယ်များ လူကုန်ကူးခံရခြင်းတွေ ဆက်တိုက်ဖြစ်ပေါ်နေချိန်တွင် ကလေးခိုးရန် လာသည်ဟု အထင်မှားကာ ဖေဖေါ်ဝါရီလ ၂၁ရက်နေ့က ကူတူးပါလောင် ဒုက္ခသည် စခန်း၌ ဂျာနယ်လစ် လေးဦးကို ရိုက်နှက်မှု ဖြစ်ပွားခဲ့ပါတယ်။ ရိုက်နှက်ခံရသူ ဂျာနယ်လစ် လေးဦးအနက် သုံးဦးမှာ ဂျာမန်လူမျိုးများ ဖြစ်ကြပြီး တစ်ဦးမှာ…

ရိုဟင်ဂျာဒုက္ခသည်တွေအား အကူအညီထောက်ပံ့တွေပေးတာရပ်တန့်ဖို့ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို ပြော

မြန်မာစစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးရင်း နှစ်နိုင်ငံနယ်စပ် Zero line မှာသောင်တင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆၀၀၀ ကျော်အား ဘင်္ဂလားဒေ့ရှ်ဘက်မှ အကူအညီပေးတာတွေရပ်ဖို့ မြန်မာဘက်ကတောင်းဆိုလာကြောင်း ဒါကာမြို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှ စေလွှတ်လိုက်တဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေအပေါ်မှီခိုရပ်တည်နေရတဲ့ ရိုဟင်ဂျာ ၆၀၀၀ ကျော်မှာလည်း မိမိဒေသသို့လည်းမပြန်နိုင်၊ ဘင်္ဂလားဒေ့ရှ်ဘက်သို့လည်းမ၀င်ပဲငြင်းဆန်နေကာ နှစ်နိုင်ငံနယ်စပ်ကြားခံနယ်ကျဉ်းကျဉ်းလေးမှာ…

Mission News Theme by Compete Themes.