Press "Enter" to skip to content

Posts published in “ဘင်္ဂလားဒေရှ့်”

ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှ ရိုဟင်ဂျာနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုရှောင် ရိုဟင်ဂျာမွတ်စလင် နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ၂၀၁၉ခုနှစ် သြဂုတ်လ ၄ရက်နေ့က ဒုက္ခသည်စခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း VORအဖွဲ့ဝင်တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ကူတူးပါလောင်ဒုက္ခသည်စခန်းနံပါတ် ၄မှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်နှစ်ဦးကို တနင်္ဂနွေနေ့ နေ့လည်၂နာရီခွဲ အချိန်ခန့်မှာ…

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ မြေပြိုကျမှုကြောင့် ရိုဟင်ဂျာအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ကော့ဇ်ဘဇား။ ။၂၀၁၉ခုနှစ် ဇူလိုင်လ ၃၀ရက် အင်္ဂါနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် ဒုက္ခသည်စခန်းမှာ မြေပြိုကျမှု ထပ်မံဖြစ်ပွားခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ထိုသူ ခိုလှုံနေထိုင်ရာ တဲအိမ်ပျက်စီးသွားခဲ့ကြောင်း VORအဖွဲ့ဝင် တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ဘာလူခါးလီဒုက္ခသည်စခန်းနံပါတ် ၁၁၊ အခန်းနံပါတ် ဘီ-၂မှာ မနက်…

ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့် ရရှိရေးအတွက် မြန်မာအစိုးရက ညှိနှိုင်း ဆောင်ရွက်ခြင်းမရှိ

ကော့ဇ်ဘဇား။ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် Ukhiaမှာရှိတဲ့ ကူတုပါလောင်ဒုက္ခသည်စခန်းနံပါတ် ဒီ-၄ မှာ မြန်မာနိုင်ငံခြားရေးရာ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဟိန္ဒူရိုဟင်ဂျာတွေနဲ့တွေ့ဆုံပြီးနောက် မြန်မာအစိုးရက ရိုဟင်ဂျာတွေကို နိုင်ငံခြားသားတွေအဖြစ်သာ သတ်မှတ်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားပေးရေးကိစ္စတွေပေါ်မှာ ဦးမြင့်သူက သူ့အစိုးရဲ့အနေအထားကို အသေးစိတ်တင်ပြရင်း…

ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာကလေးငယ်တစ်ဦး မိလ္လာတွင်းထဲသို့ မတော်တဆ ပြုတ်ကျသေဆုံး

ကော့ဇ်ဘဇား။ ။၂၀၁၉ခုနှစ် ဇူလိုင်လ ၂၈ရက်နေ့မှာ လူဦးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာ ကလေးငယ်တစ်ဦး မိလ္လာတွင်းထဲကို မတော်တဆပြုတ်ကျ သေဆုံးသွားခဲ့ကြောင်း VOR အဖွဲ့ဝင်တစ်ဦးမှ ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက် ၁၀နာရီအချိန်ခန့်မှာ ဟာကင်းဖါရာဒုက္ခသည်စခန်းနံပါတ် ၁၄ အဆောင်နံပါတ်…

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ယာယီတဲကို ယာဉ်ဝင်တိုက်မှုကြောင့် ရိုဟင်ဂျာမိသားစုဝင်နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာမိသားစုခိုလှုံနေထိုင်ရာ ယာယီတဲအိမ်တစ်လုံးကို အုတ်သယ်ဆောင်လာတဲ့ ကားတစ်စီးက မတော်တဆ ဝင်တိုက်မိခဲ့ရာ ရိုဟင်ဂျာဒုက္ခသည် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာမှ  မျက်မြင်သက်သေတစ်ဦးက သတင်းပေးပို့ထားပါတယ်။ သောကြာနေ့မနက် ၈နာရီ ၄၅မိနစ်ခန့်မှာ ဒုက္ခသည်စခန်းနံပါတ် ၂ ၊ဘလော့ခ်-ဒီ-၅က ယာယီတဲတစ်ခုကို အုတ်သယ်ဆောင်လာတဲ့ကားမှ တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။…

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင် မြေပြိုကျမှုကြောင့် ကိုယ်ဝန်ဆောင် ရိုဟင်ဂျာအမျိုးသမီးတစ်ဦး သေဆုံး

၂၀၁၉ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး မြေပြိုကျမှုကြောင့် သေဆုံးသွားခဲ့ကြောင်း ရိုဟင်ဂျာ ဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ Nayafaraမှာရှိတဲ့ ဒုက္ခသည်စခန်းနံပါတ် ၂၆မှာ မုတ်သုံမိုးကြောင့် မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့ရာမှာ တောင်ကုန်းတွေရဲ့ အောက်ဘက်နားမှာရှိတဲ့ နေအိမ်တွေပျက်စီးခဲ့ရပြီး ကိုယ်ဝန်ဆောင် ရိုဟင်ဂျာအမျိုးသမီး…

မုတ်သုံရာသီဥတုကြောင့် ရိုဟင်ဂျာမြောက်များစွာ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး တစ်ဦးသေဆုံး၊၁၁ဦးဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် မြေပြိုကြပြီး လူတစ်ဦးသေဆုံး၊ လူပေါင်း ၄၅၀၀ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကောဇ့်ဘဇားက ရိုဟင်ဂျာ စခန်းတွေမှာ မိုးရေချိန် ၁၄ လက်မထိ ရောက်ခဲ့တဲ့ ၇၂ နာရီကြာ…

မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာအများပြား မြေပြိုကျမှု၊ ရေလွှမ်းမိုးမှုတွေ ရင်ဆိုင်နေရ

၂၀၁၉ခုနှစ် ဇူလိုင်လ ၄ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ် မြန်မာကြားမှာရှိတဲ့ လူမဲ့ဇုန် နဲ့ တခြားသော နေရာက ဒုက္ခသည်စခန်းတွေမှာ မိုးပြင်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေဖြစ်ပွားခဲ့ပါတယ်။ ရေကြီးမှုတွေကြောင့် နှစ်နိုင်ငံကြား လူမဲ့ဇုန်မှာ ပိတ်မိနေကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ ခက်ခဲဒုက္ခတွေကို ရင်ဆိုင်နေကြရပါတယ်။…

မြန်မာအစိုးရရဲ့ ဝါဒဖြန့်မှုတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောဆို

မြန်မာအစိုးရက ရိုဟင်ဂျာဒုက္ခသည်အရေးကို အချိန်ဆွဲဖန်တီးနေပြီး အခြေအနေမှန်ကို ဖုံးကွယ်နေတဲ့ နေပြည်တော် အခန်းကဏ္ဍနဲ့ ရိုဟင်ဂျာအရေးကိစ္စကို ဘေးချိတ်ဖို့ကြိုးပမ်းနေတဲ့ မြန်မာရဲ့ ၀ါဒဖြန့်မှုတွေကို ဆန့်ကျင်သွားဖို့ အရေးပါတဲ့အချက်အလက်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြင်ဆင်နေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူလ်မိုမန်က ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ရှုပ်ထွေးမှုမရှိအောင် စာရွက်စာတမ်းတွေ ပြင်ဆင်သွားဖို့ သူ့ရဲ့ဝန်ကြီးဌာနကို…

ပညာသင်ကြားခွင့်မရရှိတဲ့ ရိုဟင်ဂျာကလေးငယ်တွေရဲ့ အနာဂတ်အတွက် မိဘများက စိုးရိမ်ပူပန်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက သူတို့ရဲ့ကလေးငယ်တွေ ပညာသင်ကြားခွင့် မရရှိခြင်းကြောင့် အနာဂတ်ပျောက်ဆုံးမှာကို စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြပါတယ်။ ကူတုပါလောင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ သားသမီးခြောက်ဦး၏ ဖခင်ဖြစ်သူ ဦးအဘူဆော်ယဒ်က သူ့ဘဝကတော့ ပြီးဆုံးခါနီးပြီဖြစ်ပေမယ့် တကယ်လို့ သူ့သားမီးတွေလည်း ပညာသင်ကြားခွင့်မရရင် သူတို့ဘဝတွေလည်း အဓိပ္ပာယ်မဲ့လာတော့မှာဖြစ်ကြောင်းနဲ့ လုံလောက်တဲ့ပညာရေး မရရှိခြင်းက သူတို့အတွက်…

Mission News Theme by Compete Themes.