Press "Enter" to skip to content

COVID 19 ပျံ့နှံ့နေသဖြင့် အင်တာနက်လိုင်းများပိတ်ပင်မှုကို ရုတ်သိမ်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရတိုက်တွန်း

COVID-19 ဟာ ကမ္ဘာအနှံ့ရှိ လူထောင်ပေါင်းများစွာကို သေစေပြီး သိန်းပေါင်းများစွာကို ကူးစက်လျက်ရှိတဲ့အတွက် ရိုဟင်ဂျာတက်ကြွသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်များ၊ မြန်မာဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များနဲ့ ရခိုင်ပြည်နယ်၌နေထိုင်လျက်ရှိသောတိုင်းရင်းသား ရိုဟင်ဂျာများအား စိုးရိမ်ပူပန်လျက်ရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရအား အင်တာနက်ပိတ်ဆို့မှု ပယ်ဖျတ်ပေးရန် တိုက်တွန်းခဲ့သည်။

၂၀၂၀ခုနစ် မတ်လ(၁၂)ရက်နေ့တွင် ဥရောပနိုင်ငံရိုဟင်ဂျာကောင်စီ(ERC) ထုတ်ပြန်ချက်တွင်”မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာများနဲ့ ဘင်္ဂလားဒေ့ရှိနိုင်ငံဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာများဟာ အင်တာနက်လိုင်းများသုံးစွဲမှုကို လပေါင်းများစွာ ပိတ်ပင်ခံနေရပြီး coronavirusရောဂါကူးစက်မှုနဲ့ ၎င်းရဲ့ကြိုတင်ကာကွယ်မှုနဲ့ ပတ်သက်တဲ့ နောက်ဆုံးပေါ်သတင်းအချက်အလက်များကို မရရှိနိုင်ကြပါ။ အင်တာနက်3G ,4G လိုင်းများ သာမက တိုက်ရိုက်ဖုန်းခေါ်ဆိုမှုများနဲ့ မိုဘိုင်းအသုံးပြုမှုများကိုပါ ပိတ်ပင်ခံနေရပါတယ်။ဒုက္ခသည်များအနေဖြင့် နောက်ဆုံးပေါ်သတင်းအချက်အလက်များ၊ကြိုတင်ကာကွယ်ရေးစီမံချက်များ၊ကျန်းမာတဲ့လူမှုဘဝနဲ့ပတ်သက်သော လမ်းညွှန်ချက်များ၊အရေးပေါ်အခြေနေများတွင် ဆက်သွယ်ရမဲ့အဆက်သွယ်များကိုပါ ရရှိနိုင်ရန် မလွယ်ကူပါ။

တိုင်းရင်းသားရိုဟင်ဂျာများကြား coronavirus မဖြစ်စေရန် ၎င်းနဲ့ပတ်သက်တဲ့ နောက်ဆုံးပေါ်သတင်းအချက်လက်များနဲ့ ကာကွယ်ရေးနည်းလမ်းများရရှိနိုင်ရန် ဥရောပရိုဟင်ဂျာကောင်စီ(ERC)မှ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရတို့အား အင်တာနက်သုံးစွဲမှုပိတ်ပင်ခြင်းကို ပယ်ဖျတ်ပေးရန် တိုက်တွန်းခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။

သြစတေးလျနိုင်ငံမှ တက်ကြွလှုပ်ရှားသူ မိုဂျစ်ဘ်အွလ်လာဟ်က”WHOက coronavirusကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေငြာခဲ့တဲ့အတွက် ကျွန်တော်တို့က ဒုက္ခသည်စခန်းများမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်သန်းကျော်ကို ကျန်းမာရေးဆိုင်ရာ အသိပညာနဲ့သတင်းအချက်အလက် ရရှိနိုင်ရန် အင်တာနက်သုံးစွဲခွင့်ပိတ်ပင်မှုကို ပယ်ဖျတ်ပေးဖို့    ဘင်္ဂလားဒေ့ရှိအစိုးရကို အသနားခံခဲ့တယ်လို့”ရေးသားခဲ့ပါတယ်။

ဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝှမ်းလုံးသို့ လျှင်မြန်စွာပျံ့နှံနေပြီး သေဆုံးမှုနဲ့ရောဂါကူးစက်မှု သိသိသာသာတိုးလာတဲ့အတွက် WHOက ထိုဗိုင်းရပ်စ်အား ကူးစက်နိုင်သောကပ်ရောဂါအဖြစ် ကြေငြာခဲ့သည်။ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်မှုများလည်း တိုးပွားလာပြီး ဒုက္ခသည်များဟာလည်း အခြားသူများထက် ကူးစက်နိုင်ခြေများနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားမှုအချို့တွေ့ရှိကြောင်း မကြာသေးမီက အတည်ပြုပြောကြားထားပြီးဖြစ်ရာ အခုကဲ့သို့သော အရေးပေါ်အခြေနေတွင် အထူးသဖြင့် ဒုက္ခသည်စခန်းများနဲ့ကျေးလက်ဒေသရှိ ရိုဟင်ဂျာများသည် နောက်ဆုံးပေါ်သတင်းများရရှိရန် အင်တာနက်၊ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ အခြားမီဒီယာများပေါ်တွင် မှီခိုအားထားနေရပြီး မိမိကိုယ်ကိုနဲ့ သူတို့ချစ်ရသူများဘေးကင်းစေရန် လိုအပ်သောကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် လိုအပ်လျက်ရှိနေတယ်လို့လဲ သိရပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.