Press "Enter" to skip to content

မင်းပြားတွင် နေထိုင်သော တိုင်းရင်းသားရိုဟင်ဂျာသုံးဦး မိုင်းထိသေဆုံး၊ တစ်ဦး ထိခိုက်ဒဏ်ရာရ။

၂၀၂၀ခုနစ် မတ်လ(၁၀)ရက်နေ့ ညနေ၃:၀၀နာရီခန့်တွင်၊ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ၊ဒေးဖာရာကျေးရွာမှ တိုင်းရင်းသားရိုဟင်ဂျာ၃ဦးဟာ မြေမြှုပ်မိုင်းများကို နင်းမိပေါက်ကွဲကာ သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာအပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူများမှာ မူဟာမဒ်ကာစင်-၂၄နှစ်(ဘ-နူရ်ဟက်)၊မူဟာမက်ရဖစ်က်-၁၄နှစ်(အဘ-အက်ဘရ်အလီ)နဲ့ ဒူလိုင်ယား-၁၂နှစ်(အဘ-နူရ်ဟာဆန်)တို့ ဖြစ်ကြပြီး အခြားအသက်၅၀ကျော်အရွယ်ရှိ ကဘန်အလီ(အဘ-ဆူရ်တနိ)လို့ခေါ်တဲ့  တိုင်းရင်းသားရိုဟင်ဂျာတစ်ဦးကတော့ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်များကြား တိုက်ပွဲများ ပြင်းထန်လာတာနဲ့အမျှ ထိုဒေသတွင် ၎င်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့မှ မြေမြှုပ်မိုင်းများ မြှုပ်နှံလာခဲ့ရာ မတ်လ၆ရက်နေ့ မနက်၈နာရီခန့်အချိန်တွင် မြောက်ဦးမြို့နယ်၊ပေါက်တောမြို့ကျေးရွာအုပ်စု၊ ပလောင်တောင်ကျေးရွာတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ ဆယ်ကျော်သက်တစ်ဦး သေဆုံးကာ၎ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်များကြား ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ချိန်မှစပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် မကြာခဏ မြေမြှုပ်မိုင်းများပေါက်ကွဲလျက်ရှိရာ အခုပေါက်ကွဲမှုများမှာလည်း ပထမအကြိမ်မဟုတ်တော့ပါ။ အများပြည်သူပိုင်နေရာများတွင် မြေမြှုပ်မိုင်းများ တပ်ဆင်ပေါက်ကွဲခြင်းများသည် ထိုတိုက်ပွဲဝင်အုပ်စုများကို အကျိုးသက်ရောက်မှုမရှိဘဲ အပြစ်မဲ့ရိုဟင်ဂျာများ၏ ဘဝများကိုသာ သတ်ဖြတ်လျက်ရှိပြီး အဆိုပါ အဖွဲ့နှစ်ဖွဲ့စလုံးမှ ထိုလုပ်ရက်အပေါ် တာဝန်ယူမှုကင်းမဲ့ကာ တစ်ဖွဲ့ကိုတစ်ဖွဲ့စွတ်စွဲမှုများသာ ပြုလုပ်လျက်ရှိနေတယ်လို့ သတင်းရရှိပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.