Press "Enter" to skip to content

မကွေးတိုင်း မင်းဘူးမြို့ ဧရာဝတီတံတားပေါ်၌ ခိုးထွက်ရိုဟင်ဂျာ(၇)ဦး ဖမ်းဆီးခံ

၂၀၂၀ခုနစ် မတ်လ၁ရက်နေ့ နံနက်(၇)နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့ ၊ဧရာဝတီတံတားပေါ်၌ ခိုးထွက်ဖို့ ကြိုးစားတဲ့ တိုင်းရင်းသားရိုဟင်ဂျာ(၇)ဦးကို စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ယာဉ်မောင်း(၂)ဦး၊ တိုင်းရင်းသားရိုဟင်ဂျာအမျိုးသား(၁)ဦး အမျိုးသမီး(၆)ဦး စုစုပေါင်း(၉)ဦးတို့ဟာ တိုယိုတာဝှစ်ယာဉ်နဲ့ ပဒါန်းဘက်မှ မောင်းနှင်လိုက်ပါလာတာဖြစ်ပြီး ဧရာဝတီတံတားပေါ်ရှိ တိုးဂိတ်မှာ စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားရိုဟင်ဂျာများဟာ အလွန်ဆိုးရွားတဲ့ အခြေနေများမှာ နေထိုင်ခဲ့ရတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ဘဝကို ရရှိရန် ကုန်းလမ်းဖြင့် ရခိုင်မှမကွေးတိုင်းသို့ နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ရောက်ရန် ကြိုးစားနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ထို့အတူ ရေလမ်းဖြင့်လည်း ဧရာဝတီတိုင်းမှတစ်ဆင့် ရန်ကုန်သို့ ဝင်ရောက်လျှက်ရှိကြောင်းလည်း သိရပါတယ်။

အခုလို ဖမ်းဆီးခံခဲ့ရတာဟာ ၂၀၂၀ခုနစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ဖေဖော်ဝါရီလတွင်လည်း တိုင်းရင်းသားရိုဟင်ဂျာ(၇၀)ဦး ဖမိးဆီးခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

၂၀၂၀ခုနစ်မှစပြီး တိုင်းရင်းသားရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည်၁၂၀၀၀၀ကျော်ရှိပြီး ၂၀၁၅ခုနစ်မှစ၍ မြန်မာစစ်အာဏာပိုင်များက တိုင်းရင်းသားရိုဟင်ဂျာ မွတ်စလင် ၂၂၀၀ကျော်အား ပင်လယ်ပြင်မှတဆင့်တရားမဝင် ထွက်ခွာရန်ကြိုးပမ်းနေစဉ် ဖမ်းဆီးခဲ့ပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.